ဩဂုတ် ၁၉၈၄

(၁) ရက်

  • အိန္ဒိယ၌ အသည်းရောင်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၁,၁၆၀ ဦး သေဆုံး။

    (၂) ရက်


    (၃) ရက်

    • အနောက်အာဖရိကနိုင်ငံတနိုင်ငံဖြစ်သည့် အထက်ဗော်လ်တာနိုင်ငံ၏အမည်ကို ဘာကီနာဖတ်ဆိုဟု ပြောင်းလဲလိုက်ကြောင်း ကြေငြာ။

    (၄) ရက်


    (၅) ရက်

    • ဘင်္ဂလားဒေ့ရှ်၏ ဘီမန်အမျိုးသားလေကြောင်းကုမ္ပဏီပိုင် ဖော်ကာ အက်ဖ် ၂၇ ခရီးသည်တင်လေယာဉ်တစီးသည် ဒါကာလေဆိပ်အနီး၌ ပျက်ကျရာ ခရီးသည် ၄၅ ဦးနှင့် လေယာဉ်အမှုထမ်း လေးဦး စုစုပေါင်း ၄၉ ဦး သေဆုံးသွားကြောင်း မြို့ပြလေကြောင်းအရာရှိများက ပြောကြား။
    • ဆိုဗီယက်ပြည်ထောင်စုအာကွတ်ရှ်ပြည်နယ်ရှိ ဇီမာနှင့် တူလွန်ဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာများမှာ ရွာလုံးကျွတ် ရေထဲမျောပါ၊ ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းမှာ နှစ်ပေါင်း ၁၀၀၀ အတွင်း တကြိမ်သာ ရှိခဲ့ကြောင်း ဆိုဗီယက်ဇလဗေဒပညာရှင်းများ ပြော။

    (၆) ရက်


    (၇) ရက်


    (၈) ရက်

    • ပါကစ္စတန်တောင်ပိုင်း၌ မုတ်သုံမိုးသည်းထန်စွာ ရွာခြင်းကြောင့် အနည်းဆုံးလူ ၃၅ ဦးသေဆုံး၊ ထောင်ပေါင်းများစွာသောလူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ဟု တာဝန်ရှိသူများက ပြော။

    (၉) ရက်


    (၁၀) ရက်


    (၁၁) ရက်


    (၁၂) ရက်


    (၁၃) ရက်

    • ဘင်္ဂလားဒေ့ရှ်၌ လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက ရေကြီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၇၁ ဦး သေဆုံး၊ မေလမှစ၍ ရေကြီးခြင်းကြောင့် သေဆုံးသူဦးရေ ၄၇၀ ဦး ရှိပြီ ဖြစ်ကြောင်း၊ သီးနှံစိုက်ခင်း ဧက ၅.၆ သန်း ပျက်စီးသွားကြောင်း ဘီအက်စ်အက်စ် သတင်းဌာနက ကြေငြာ။
    • ဂျပန်၌ မီးဘေးကြောင့် သေဆုံးသူဦးရေမှာ ယခုနှစ်ပထမနှစ်ဝက်အတွင်း ၁၃၃၆ ဦး ရှိ၊ လွန်ခဲ့သော ၁၀ နှစ်အတွင်း အဆိုးရွားဆုံးစံချိန်ဖြစ်ဟု မီးလောင်မှု ကာကွယ်ရေး အေဂျင်စီက ဖော်ပြ။

    (၁၄) ရက်

    (၁၅) ရက်

    • မလေးရှား၊ အရှေ့ဘက်ဆားဘားပြည်နယ်မှ မိုင် ၅၀ ခန့်အကွာ အင်ဒိုနီးရှားရေပြင်ပိုင်နက်တွင် ကူးတို့သင်္ဘောတစီး တိမ်းမှောက်သွားရာ အင်ဒိုနီးရှား သစ်လုပ်သား ၁၉၄ ဦးခန့် ပျောက်ဆုံးနေဟု မလေးရဲတပ်ဖွဲ့က ပြော။

    (၁၆) ရက်


    (၁၇) ရက်

    • အင်ဒိုနီးရှားလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သမ္မတဆူဟာတိုကထုတ်ပြန်လိုက်သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ အကျဉ်းသား ၃၀၀၀ နီးပါး လွှတ်ပေး၊ ၁၄,၀၀၀ ကို ပြစ်ဒဏ်ကာလလျှော့ချသတ်မှတ်ပေး။

    (၁၈) ရက်

    • ဘင်္ဂလားဒေ့ရှ်၊ ကူတပ်ဒီလာကျွန်းမှ စစ်တကောင်းမြို့သို့ ခရီးသည် ၂၅၀ ခန့်တင်ဆောင်ခုတ်မောင်းသွားသော ကူးတို့သင်္ဘောတစီးသည် နာပူလီမြစ်ဝတွင် မုန်တိုင်းမိပြီး ရေနံတင်သင်္ဘောတစီးနှင့် တိုက်မိကာ နစ်မြုပ်သွား၍ လူပေါင်း ၁၂၅ ဦးကျော် သေဆုံး။

    (၁၉) ရက်


    (၂၀) ရက်


    (၂၁) ရက်


    (၂၂) ရက်

    • လွန်ခဲ့သည့် လေးလခွဲအတွင်း အိန္ဒိယ၌ မိုးသည်းမှုကြောင့် ရေလွှမ်းကာ မြေပြိုကျမှုများဖြစ်ပွားပြီး ပြည်နယ် ၁၃ ခုတွင် ၄၂၄ ဦးသေဆုံး၊ ကျွဲနွားကောင်ရေ ၁၉,၀၃၃ ကောင် ဆုံးရှုံးကြောင်း ကြေငြာ၊ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၂၃.၇ သန်း ရေဘေးကြုံတွေ့နေရပြီး လယ်မြေဧက ၁၅.၈၆ သန်းရေမြုပ်ကာ အိုးအိမ်ပေါင်း ၄,၆၆,၀၀၀ ပျက်စီးဟု ဆို။

    (၂၃) ရက်

    • လက်ဘနွန်မြောက်ဘက်၌ ရဟတ်ယာဉ်တစင်း ပျက်ကျရာ လက်ဘနွန်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာဒင်ဟာကင်၊ တပ်မဟာတပ်မှူး ဗိုလ်မှူးချုပ် နာဟရာအယ်ရှာလိုအီနှင့် အခြား အရာရှိများလည်း သေဆုံးသွားဟု ဘေရွတ်ရေဒီယိုက ကြေငြာ။

    (၂၄) ရက်


    (၂၅) ရက်


    (၂၆) ရက်

    • ပါကစ္စတန်၊ ပန်ဂျပ်ပြည်နယ်တွင် အမျိုးအမည်မသိသော ရောဂါဆန်းတမျိုး ဖြစ်ပွား၍ တလအတွင်း ၁၈ ဦးသေဆုံး၊ အစ္စလမ္မာဘတ်မြို့ အနောက်ပိုင်း အက်တွခ်ခရိုင်တွင် ၅၇ ဦးမှာ ရောဂါဖြစ်ပွားနေ၊ သက်ဆိုင်ရာအာဏာပိုင်များက ထိုရောဂါကို စူးစမ်းရှာဖွေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ချ်အို)၏ အကူအညီတောင်းခံထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြ။

    (၂၇) ရက်


    (၂၈) ရက်


    (၂၉) ရက်

    • ဖိလစ်ပိုင်၌ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ခတ်သည့် မုန်တိုင်းသည် တနာရီလျှင် ၅၉ မိုင်နှုန်းဖြင့် ဖိလစ်ပိုင်မြောက်ပိုင်း၌ တိုက်ခတ်သွားရာ ၁၁ ဦးသေဆုံး၊ ၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်။
    • အမေရိကန်မှ ဒေါ်လာသန်း ၂၀၀ တန်သည့် ဘီ ၁ အေ အမျိုးအစား ဗုံးကြဲလေယာဉ်သစ်တစင်းသည် မိုဂျာဗီသဲကန္တာရဒေသ၌ စမ်းသပ်ပျံသန်းစဉ် ပျက်ကျ၊ လေယာဉ်အမှုထမ်းတဦး သေဆုံး။

    (၃၀) ရက်


    (၃၁) ရက်


    ကိုးကား

      This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.