၂၀၁၈ ပြည်နယ်နှင့်တိုင်း အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ

2018 States and Divisions U-19 (Women's) Football Championship

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ဒုတိယဝန်ကြီးတက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ အောက်တိုဘာလ(၃ဝ)ရက်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပသော၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားအား ယနေ့ညနေ (၃)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသား အမျိုးသမီးငယ်လေးများ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားလာစေရေး၊ အရည်အချင်းပြည့်ဝသော ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ မြန်မာ့အမျိုးသမီး ဘောလုံးလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် သွေးသစ်လောင်းနိုင်မည့် မျိုးဆက်သစ် အမျိုးသမီးဘောလုံးအားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေး အတွက်ရည်ရွယ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပ စီမံအုပ်ချုပ်သူများမှလည်း ဘက်လိုက်မှု ကင်းရှင်းပြီး တရားမျှတ မှန်ကန်စွာဆုံးဖြတ် ဆောင်ရွက်ကြစေလိုကြောင်း ၊ ပြိုင်ပွဲဝင်အားကစားသမားများသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲ့ ဂုဏ်ကိုမြှင့်တင်ပြီး အားကစားသမား စိတ်ဓာတ်အပြည့်အဝဖြင့် အားသွန်ခွန်စိုက် ယှဉ်ပြိုင်သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားသမားများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (၁) နှင့် ကွင်း(၃) တို့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း(၁၄)သင်း ၊ အားကစားသမား (၂၇၃) ဦးတို့သည် (၃ဝ.၁ဝ.၂ဝ၁၈) ရက်နေ့ မှ(၁၁.၁၁.၂ဝ၁၈)ရက်နေ့အထိ အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါ သဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။

အသက် ၁၉ နှစ်အောက်ပြည်နယ်နှင့်တိုင်း

အုပ်စု (က)

အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ဂိုးကွာ ရမှတ်

မွန်
၁၅+၁၅

ရခိုင်
-၇

ချင်း
-၈
၃၁ အောက်တိုဘာ ၂၀၁၈ (၂၀၁၈-၁၀-၃၁)
၇:၃၀

မွန်
၇-၀
ချင်း
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၂)
၇:၃၀

ရခိုင်
၁-၀
ချင်း
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၁
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၂)
၇:၃၀

ရခိုင်
၀-၈
မွန်
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃

အုပ်စု (ခ)

အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ဂိုးကွာ ရမှတ်

ဧရာဝတီ
၁၀+၇

မန္တလေး
၁၀+၈

မကွေး
-၃

နေပြည်တော်
၁၆-၁၂
၃၁ အောက်တိုဘာ ၂၀၁၈ (၂၀၁၈-၁၀-၃၁)
၃:၀၀

ဧရာဝတီ
၂-၀
မန္တလေး
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၁
၃၁ အောက်တိုဘာ ၂၀၁၈ (၂၀၁၈-၁၀-၃၁)
၃:၀၀

မကွေး
၃-၁
နေပြည်တော်
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၂)
၃:၀၀

မန္တလေး
၂-၀
မကွေး
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၁
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၂)
၃:၀၀

ဧရာဝတီ
၅-၃
နေပြည်တော်
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၄)
၃:၀၀

မန္တလေး
၈-၀
နေပြည်တော်
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၁
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၄)
၃:၀၀

ဧရာဝတီ
၃-၀
မကွေး
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃

အုပ်စု (ဂ)

အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ဂိုးကွာ ရမှတ်

ရန်ကုန်
+၇

ရှမ်း
+၁

ကယား
-၃

ပဲခူး
-၅
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၁)
၇:၃၀

ရန်ကုန်
၃-၀
ရှမ်း
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၁)
၃:၀၀

ပဲခူး
၂-၂
ကယား
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၁
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၃)
၇:၃၀

ရှမ်း
၁-၀
ပဲခူး
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၃)
၃:၀၀

ရန်ကုန်
၁-၁
ကယား
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၁
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၅)
၇:၃၀

ရှမ်း
၃-၀
ကယား
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၅)
၃:၀၀

ရန်ကုန်
၄-၀
ပဲခူး
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃

အုပ်စု (ဃ)

အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ဂိုးကွာ ရမှတ်

တနင်္သာရီ
+၆

ကချင်
-၁

စစ်ကိုင်း
-၅
၃၀ အောက်တိုဘာ ၂၀၁၈ (၂၀၁၈-၁၀-၃၀)
၃:၀၀

စစ်ကိုင်း
၀-၅
တနင်္သာရီ
ဝဏ္ဏသိဒ္ဓိကွင်း
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၁)
၃:၀၀

စစ်ကိုင်း
၂-၂
ကချင်
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၃)
၃:၀၀

ကချင်
၀-၁
တနင်္သာရီ
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း ၃

ရှုံးထွက်အဆင့်

 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၇)
၇:၃၀

တနင်္သာရီ
၁-၃
မန္တလေး
ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (၁)
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၇)
၇:၃၀

ရှမ်း
၂-၁
မွန်
ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (၃)
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၇)
၃:၀၀

ဧရာဝတီ
၅-၀
ကချင်
ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (၁)
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၇)
၃:၀၀

ရန်ကုန်
၄-၀
ရခိုင်
ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (၃)

အကြိုဗိုလ်လုပွဲ

 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၉)
၇:၃၀

ရှမ်း
၅-၀
မန္တလေး
ဝဏ္ဏသိဒ္ဓိကွင်း
 နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၀၉)
၃:၀၀

ရန်ကုန်
၄-၃
ဧရာဝတီ
ဝဏ္ဏသိဒ္ဓိကွင်း

တတိယလုပွဲ

၁၁ နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၁၁)
၇:၃၀

မန္တလေး
၇-၂
ဧရာဝတီ
ဝဏ္ဏသိဒ္ဓိကွင်း

ဗိုလ်လုပွဲ

၁၁ နိုဝင်ဘာ ၂၀၁၈ (၂၀၁၈-၁၁-၁၁)
၃:၀၀

ရန်ကုန်
၁-၂
ရှမ်း
ဝဏ္ဏသိဒ္ဓိကွင်း

အကောင်းဆုံးကစားသမားဆုများ

ဂိုးသမား
(၁)ထွေးထွေးချို(ရှမ်း)
နောက်တန်း
ဇင်ပွင့်ဖြူငြိမ်း(ရန်ကုန်)
အလယ်တန်း
နှင်းပွင်အေး(မန္တလေး)
ရှေ့တန်း
(၁ဝ)နှင်းသက်ဝေ(ဧရာဝတီ)
အကောင်းဆုံးဆု
(၁၆)နန်းဝှမ်လွိုင်(ရှမ်း)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.