Messier 87

Messier 87 (Virgo A သို့မဟုတ် NGC 4486 ဟုလည်းသိထားကာ M87 ဟုအများစုသုံး) သည် ဧရာမ ကြီးမားသော ဘဲဥပုံစံ ဂလက်ဆီတစ်ခုဖြစ်သည်။ ယင်းသည် ဗာဂိုး ကြယ်စုတန်းတွင် တည်ရှိပြီး မိမိတို့၏ အနီးအနား စကြာဝဠာရှိ အကြီးမားဆုံး ဂလက်ဆီများထဲမှ တစ်ခုအပါဝင်ဖြစ်လေသည်။ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် နှိုင်းယှဉ်ကာ M87 တွင် globular cluster ပေါင်း ၁၂၀၀၀ ပါဝင်ပြီး ပင်မအူတိုင်မှ အပြင်ဘက်သို့ အနည်းဆုံး ၁၅၀၀ parsec (အလင်းနှစ် ၄၉၀၀) ဖြန့်ကျက်ထားသည်။ M87 သည် အတောက်ပဆုံး ရေဒီယိုပင်ရင်းများထဲမှတစ်ခုဖြစ်ပေရာ အပျော်တမ်း နက္ခတ္တပညာရှင်များနှင့် အသက်မွေးဝမ်းကျောင်းလေ့လာမှုအတွက်ပါ ပစ်မှတ်ဖြစ်လေသည်။ ပြင်သစ် နက္ခတ္တပညာရှင် Charles Messier သည် M87 အား ၁၇၈၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ M87 သည် ကမ္ဘာမြေမှ အလင်းနှစ် ၅၃.၅ မီလီယံ (၁၆.၄ parsec) အကွာတွင် တည်ရှိသည်။ အလယ်ဗဟိုတွင် အင်မတန်ကြီးမားသော တွင်းနက်တစ်ခု ရှိသည်။



Messier 87
ဟာဘယ် အာကာသမှန်ပြောင်း၏ Messier 87
လေ့လာရေးဒေတာ
Epoch J2000
ကြယ်စုတန်း ဗာဂိုး
ညာဘက်တိမ်းစောင်းမှု 12° 30 49.42338[1]
နိမ့်ဆင်းမှု +12° 23 28.0439[1]
ထောင့်ဖြတ် အချင်း(V) ၇.၂ × ၆.၈ moa[2]
ပကတိအရွယ်အစား (V)၉.၅၉[3]
ဝိသေသ လက္ခဏာများ
ဂလက်ဆီ အမျိုးအစားE+0-1 pec, NLRG Sy[3]
နက္ခတ္တဗေဒ
ရေဒီယယ် အလျင် ၁၃၀၇ ± ၇[3]km/s
အနီရောင်အရွေ့ ၀.၀၀၄၃၆၀ ± ၀.၀၀၀၀၂၂[3]
ဂလက်ဆီဗဟိုပြုအလျင် ၁၂၅၄ ± ၇[3] km/s
ကော့စမစ်လှေကားအကွာအဝေး ၅၃.၅ ± ၁.၆၃ Mly (၁၆.၄၀ ± ၀.၅၀ Mpc)
အခြား နာမည်များ
Virgo A, Virgo X-1, NGC 4486, UGC 7654, PGC 41361, VCC 1316, Arp 152, 3C 274,[3] 3U 1228+12.[4]
ရည်ညွန်းဒေတာ
SIMBAD data
    အခြားကြည့်ရန်: ဂယ်လက်ဆီဂယ်လက်ဆီစာရင်း


    ကိုးကား

    1. Lambert, S. B. (January 2009). "On radio source selection to define a stable celestial frame". Astronomy and Astrophysics 493 (1): 317–23. doi:10.1051/0004-6361:200810582. Bibcode: 2009A&A...493..317L.
    2. Luginbuhl, Christian B.; Skiff, Brian A. (1998)။ Observing Handbook and Catalogue of Deep-Sky Objects (2nd ed.)။ Cambridge, United Kingdom: Cambridge University Press။ p. 266။ ISBN 0-521-62556-4
    3. Results for NGC 4486 NASA/IPAC Extragalactic Database California Institute of Technology။ 22 October 2006 တွင် ပြန်စစ်ပြီး။ Select the "By Name" cell, then enter "NGC 4486" in the "Object Name:" field of the query form.
    4. Turland, B. D. (February 1975). "Observations of M87 at 5 GHz with the 5-km telescope". Monthly Notices of the Royal Astronomical Society 170: 281–94. doi:10.1093/mnras/170.2.281. Bibcode: 1975MNRAS.170..281T.

    ပြင်ပလင့်

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.