ကန့်

ကန့်ကို လူတို့သည် အလွန်ရှေးကျသောခေတ်ကပင် သိရှိခဲ့ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ဆာလဖာ (Sulfur) ဟုခေါ်ပြီး ဓာတုဗေဒ သင်္ကေတမှာ S ဖြစ်သည်။ အာရပ်လူမျိုး အဂ္ဂိရိတ်ဆရာတို့သည် ကန့်၏ မီးလောင်လွယ်သော ဂုဏ်အင်္ဂါကို အစွဲပြု၍ မီးလောင်ရာ၌ လိုအပ်သော အခြေခံပစ္စည်းဟု သတ်မှတ်ခဲ့သည်။ ကန့်ကို သဘာဝတွင် အနှံ့အပြား တွေ့ရသည်။ အချို့ကို သန့်သန့်တွေ့ရ၍ အချို့ကိုမူ ပြဒါးနှင့် ပေါင်းစပ်ကာ ဟင်္သာပြဒါးရိုင်းအဖြစ်လည်းကောင်း၊ သံနှင့်ပေါင်းစပ်ကာ ဗဟန်းကျောက်အဖြစ်လည်းကောင်း၊ ခဲနှင့်ပေါင်းစပ်ကာ ဂလီးနားအဖြစ်လည်းကောင်း တွေ့ကြရသည်။ ဗဟန်းကျောက်တွင် ကန့်ကြွယ်ဝသဖြင့် တခါတရံ ကန့် သို့မဟုတ် ဆာလဖာဒိုင်အောက်ဆိုဒ် ထုတ်ယူရန် အသုံးပြုသည်။ မီးတောင်ရှိသော အရပ်ဒေသများတွင် ကန့်သန့်သန့်ကို အများအားဖြင့် တွေ့ရှိရလေရာ ထိုသို့တွေ့ရခြင်းမျာ ဟိုက်ဒရိုဂျင် ဆာလဖိုက်နှင့် ဆာလဖာဒိုင်အောက်ဆိုက် တစ်ခုနှင့်တစ်ခု တွေ့ဆုံကြပြီး ဓာတ်ပြောင်းလဲမှု ဖြစ်ပွားခြင်းကြောင့်ဖြစ်သည်ဟု ထင်မှတ်ရသည်။ ရှေးအခါက ကမ္ဘာပေါ်တွင် ရောင်းဝယ်ဖောက်ကားရာ၌ အသုံးပြုခဲ့သည့် ကန့်အားလုံးကို စစ္စလီကျွန်းမှ ရရှိသည်။ သို့သော် ယခုအခါ အီတလီ၊ အမေရိကန်၊ ဂျပန်၊ ချီလီနှင့် ပီရူးနိုင်ငံတို့မှလည်း တူးဖော်ရရှိသည်။

ဆာလဖာ,  16S
ဆာလဖာ၏ ရောင်စဉ်လိုင်း
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတဆာလဖာ, S
အသံထွက်/ˈsʌlfər/
SUL-fər
အခြားအမည်sulphur (not formal)
အဆင်းlemon yellow sintered microcrystals
ဒြပ်စင်အလှည့်ကျဇယားရှိ ဆာလဖာ
O

S

Se
ဖောဆဖောရပ်ဆာလဖာကလိုရင်း
အက်တမ် အမှတ်စဉ် (Z)16
အုပ်စုဘလော့group 16 (chalcogens), p-block
ဒြပ်စင်အလှည့်ကျဇယားperiod 3
ဒြပ်စင် ကဏ္ဍ  polyatomic nonmetal
စံ အက်တောမစ် အလေးချိန် (Ar)32.06[1] (32.059–32.076)[2]
အီလက်ထရွန် ပြုပြင်မှု[Ne] 3s2 3p4
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 6
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်388.36 K (115.21 °C, 239.38 °F)
အရည်ဆူမှတ်717.8 K (444.6 °C, 832.3 °F)
သိပ်သည်းမှု (အခန်းအပူချိန်)alpha: 2.07 g/cm3
beta: 1.96 g/cm3
gamma: 1.92 g/cm3
1.819 g/cm3
Critical point1314 K, 20.7 MPa
ဖျူးရှင်းအပူmono: 1.727 kJ/mol
အငွေ့ပျံခြင်း အပူmono: 45 kJ/mol
မိုလာ အပူအင်အား22.75 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 375 408 449 508 591 717
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ6, 5, 4, 3, 2, 1, −1, −2 (a strongly acidic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.58
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 999.6 kJ/mol
2nd: 2252 kJ/mol
3rd: 3357 kJ/mol
(more)
ကိုဗေးလန့်အချင်းဝက်105±3 pm
ဗန်ဒါဝေါ့စ် အချင်းဝက်180 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ orthorhombic
အပူစီးကူးမှု0.205 W/(m·K) (amorphous)
လျှပ်စစ် ခုခံမှု2×1015  Ω·m (at 20 °C) (amorphous)
သံလိုက်ဓာတ်diamagnetic[3]
သံလိုက် ထိတွေ့နိုင်မှု (χmol)(α) 15.5·10−6 cm3/mol (298 K)[4]
Bulk modulus7.7 GPa
Mohs hardness2.0
CAS Number7704-34-9
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုတရုတ်လူမျိုး[5] (before 2000 BCE)
Recognized as an chemical element byAntoine Lavoisier (၁၇၇၇)
Most stable isotopes of ဆာလဖာ
iso NA သက်တမ်းဝက် DM DE (MeV) DP
32S 94.99% is stable with 16 neutrons
33S 0.75% is stable with 17 neutrons
34S 4.25% is stable with 18 neutrons
35S trace 87.32 d β 0.167 35Cl
36S 0.01% is stable with 20 neutrons

ကန့်တွင် မြေစေး၊ ထုံးကျောက်နှင့် ဂျစ်ပဆမ်ကဲ့သို့ အညစ်အကြေးများ ပါရှိတတ်သဖြင့် အခြားနိုင်ငံများသို့ တင်ပို့ မရောင်းချမီ ဤအညစ်အကြေးများကို ဖယ်ရှားပစ်ရသည်။ ရှေးအခါက အသုံးပြုသည့်နည်းတွင် ကန့်ကို စုပုံ၍ အရည်ပျော်သွားစေရန် မီးဖြင့် တိုက်ရိုက်ရှို့ပေးသည်။ ဤသို့ တိုက်ရိုက်မီးရှို့ယူနည်းမှာ ကန့်ကို အလဟဿ ဖြုန်းတီးရာရောက်သဖြင့် ယခုအခါ မီးဖြင့်အပူတိုက်ပေးရုံသာ တိုက်ပေးပြီးလျှင် ကန့်အရည်ကို စိုနေသော သစ်သားသွန်းပုံများတွင် အတုံးပြုလုပ်ယူသည်။ သို့သော် ဤကန့်တွင် အညစ်အကြေးများ မစင်သေးသဖြင့် သံအိုးများတွင် ထည့်၍ ထပ်မံပေါင်းတင်ပေးသည်။ သံအိုးမှ ထွက်လာသော ကန့်အငွေ့ကို ကျောက်ဖြင့်ပြုလုပ်ထားသည့် အခန်းများတွင် အအေးခံယူသောအခါ ပုံဆောင်ခဲဖြစ်သော ကန့်အမှုန့်များကို ရရှိသည်။ တခါတရံ ကန့်ကို တိုက်ရိုက် အခဲမပြုလုပ်ပဲ အရည်အဖြစ် ထုတ်ယူ၍ အရည်မှတဖန် အတောင့်သို့ ပြောင်းလဲယူသည်။ အမေရိကန် ပြည်ထောင်စု လူဝီးဇီယန္နနှင့် တက္ကဆက်ပြည်နယ်များ၌ တွေ့ရှိရသော ကန့်များမှာ သဲရှင်များနှင့် ရောနေသည့်အတွက် ရိုးရိုးနည်းဖြင့် တူးဖော်၍ မရချေ။ ထိုအရပ်ဒေသများ၌ ယခုအခါ အသုံးပြုလျက်ရှိသော နည်းတစ်နည်းမှာ ပြွန်တစ်လုံးတွင် တစ်လုံးသွင်းထားသော ပြွန် ၄ ခုကို မြေထဲကန့်ရှိရာ နေရာသို့ ရောက်အောင် ချပေးသည်။ ပြွန်တို့၏ အချင်းမှာ ၁၀ လက်မ၊ ၆ လက်မ၊ ၃ လက်မနှင့် ၁ လက်မ အသီးသီး ရှိကြ၏။ ၃ လက်မရှိသောပြွန်မှ အပူကဲရေနွေးငွေ့ကို သွင်း၍ အလယ်ပြွန်မှ ဖိသိပ်လေ မှုတ်သွင်းပေးသောအခါ အခြားပြွန်များမှ အရည်ပျော်နေသော ကန့်ထွက်လာသည်။

ကန့်အရည်ပျော်ရာတွင် အနီရင့်ရောင်ရှိပြီး မီးလောင်ကျွမ်းရာတွင် အပြာရောင် မီးလျှံအဖြစ် တွေ့ရှိရသည်။

ဈေးမှဝယ်ယူရရှိသော ကန့်ကို လျင်မြန်စွာ မီးတိုက်ပေးသောအခါ စင်တီဂရိတ် ၁၁၃ ဒီဂရီ တွင် အရည်ပျော်၍ ၄၄၄.၅၃ ဒီဂရီ တွင် ဆူပြီးလျှင် လိမ္မော်ဝါရောင် အငွေ့သို့ ကူးပြောင်းသွားသည်။ ဤအငွေ့သည် အပူချိန်တက်လာလေလေ ရင့်လာလေလေဖြစ်၍ ၅၀၀ ဒီဂရီ သို့ ရောက်ရှိသောအခါ၌ အနီရင့်ရောင် ဖြစ်လာသည်။ တစ်ဖန် အပူချိန် ၅၀၀ ဒီဂရီ ထက်ကျော်လွန်သောအခါ အရောင်မှာ တဖြည်းဖြည်း ဖျော့သွား၍ ၆၅၀ ဒီဂရီ တွင် ကောက်ရိုးအရောင်သို့ ကူးပြောင်းသွားသည်။ ကန့်ကို မီးရှို့သောအခါ အလွန်စူးရှပြင်းထန်သော ဆာလဖာဒိုင်အောက်ဆိုက်ခေါ် ဓာတ်ငွေ့တမျိုးရသည်။ ဆာလဖာဒိုင်အောက်ဆိုက်ကို အောက်စီဂျင် ကဲပေးလျှင် ဆာလဖာထရိုင်အောက်ဆိုက်ကို ရ၍ ဆာလဖာထရိုင်အောက်ဆိုက်ကို ရေတွင်ပျော်စေသောအခါ စက်မှုလက်မှုလုပ်ငန်းတွင် အလွန်အသုံးဝင်သည့် ဆာလဖျူရစ်အက်ဆစ်ကို ရသည်။

သတ္တဝါများနှင့် အပင်များ၏ ခန္ဓာကိုယ်တွင် ပါရှိသော ပရိုတိန်းများမှာ အများအားဖြင့် အလွန်ရှုပ်ထွေးသော ကန့်ဒြပ်ပေါင်းများ ဖြစ်ကြသည်။ ဆံပင်တွင် ကန့် ၅ % အထိပါဝင်သည်။ လူတို့တွင် ကန့်၏ အသုံးဝင်ပုံမှာ အလွန် များမြောင်ပေသည်။ အသီးခြောက်များ တာရှည်ခံအောင် ပြုလုပ်ရာ၌ ကန့်ကို အသုံးပြုလေ့ရှိသည်။ ဆာလဖာနီလာမိုက်၊ ဆာလဖာဂွာနဒင်း၊ ဆာလဖာသိုင်ယာဇိုးစသော ဆာလဖာဆေးများမှာ ကန့်ဝင်ဆေးများဖြစ်၍ ရောဂါအမျိုးမျိုးအတွက် အလွန်အသုံးဝင်သည်။ ဝဲခြောက်နာနှင့် ပွေးကဲ့သို့ အရေပြားတွင် ဖြစ်တတ်သော အနာများကို အကြောတွင် ကန့်ကော်လွိုက် ထိုးပေး၍ ကုသကြသည်။ ဆာလဖာဒိုင်အောက်ဆိုက်ကို တံမြက်စည်း၊ ကောက်ရိုးဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များကို အရောင်ချွတ်ရာ၌ သုံးသည်။ ကန့်ဒြပ်ပေါင်းဖြစ်သော ကျောက်ချဉ်ကို သားရေနယ်ရာ၌ဖြစ်စေ၊ ဆေးဆိုးရာ၌ဖြစ်စေ၊ စက္ကူပြုလုပ်ရာ၌ဖြစ်စေ အသုံးပြုသည်။ ဓာတ်ပုံရိုက်ရာ၌ အသုံးပြုသော ဟိုက်ပိုမှာ ဆိုဒီယမ် သိုင်အို ဆာလဖိတ်ဖြစ်သည်။ ကော့ပါးဆာလဖိတ်နှင့် ကာဗွန်ဒိုင်ဆာလဖိုက်မှာ ပိုးနှိမ်ဆေးအဖြစ်လည်းကောင်း၊ ဖဲရပ်ဆာလဖိတ်မှာ မင်ပြုလုပ်ရာ၌လည်းကောင်း အသီးသီး အသုံးဝင်သည်။

ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ ကန့်ကို အသွင်အမျိုးမျိုး တွေ့ရသည်။ ကန့်ဟူ၍ ရိုးရိုးခေါ်သော အမျိုးအစားမှာ အနံ့နှင့် အရသာကင်းသော အဝါရောင် အမှုန့်ဖြစ်သည်။ မစ်-အော့-ဆာလဖာသည် ဖြူရော်ရော် အရောင်ရှိသော အမှုန့်ဖြစ်သည်။ ကန့်ရိုးရိုး ထုံးရည်ဖြင့်ကျိုချက်၍ ဟိုက်ဒရိုကလိုရစ်အက်ဆစ် အပျော့ရည် ထည့်ပေးသောအခါ ကန့်မှုန့်များ အနည်ထိုင်လာသည်။ အနည်ကိုစစ်၍ ဆေးကြောပြီး အခြောက်ခံယူလျှင် မစ်-အော့-ဆာလဖာကို ရသည်။ ကူးသန်းရောင်းဝယ်ရာ၌ အသုံးပြုရသော အခြားကန့် ၂ မျိုးမှာ ကန့်အတောင့်နှင့် ဖလားဝါး အော့-ဆာလဖာ ကန့်အမှုန့်များ ဖြစ်ကြသည်။

ကိုးကား

  1. Conventional Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  3. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  4. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  5. Sulfur History Georgiagulfsulfur.com။ 2008-09-12 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.