ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှု ညီလာခံအဖွဲ့

၁၉၆၄ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက် နေ့တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံကြီသည် အမြဲတမ်းလုပ်ငန်းအဖွဲ့ တစ်ရပ်အဖြစ် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှုညီလာခံ (အန့်တက်) အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံဂျီနီဗာ မြို့တွင် အခြေစိုက်သည့် အန့်တက် အဖွဲ့သည်အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၉ နိုင်ငံပါဝင်သည်။ အန့်တက်အဖွဲ့၏ နှစ်၂ဝ သမိုင်းတစ်လျှောက်တွင် အောင်မြင်သော လုပ်ငန်းများကိုတွေ့ရလေရာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ တင်ပို့သော စက်မှု ကုန်ချောများကို ဖွံ့ဖြိုးပြီးနိုင်ငံများက အကောက်ခွန်ဆိုင်ရာ ယေဘုယျ အခွင့် အရေးပေးမှုစနစ် (ဂျီအက်စ်ပီ) ထားရှိမှုလည်း အပါအဝင် ဖြစ်သည်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများဆိုင်ရာ ညီလာခံကို ၁၉၈၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပ နိုင်ရန် အန့်တက်က ကမကထ ပြုလုပ်ခဲ့သည်။ ထိုစဉ်က ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံပေါင်း ၃၁နိုင်ငံ ၏ စုစုပေါင်းလူဦးရေ ၂၈၂ ဒသမ ၆ သန်းကို ကူညီပံ့ပိုးရန် သဘောတူညီချက်များ ချမှတ်ခဲ့သည်။

ယခုအခါတွင် ဂျီဗူတီ၊ အီကွေတိုရီယယ် ဂင်းနီ၊ စောတိုမီနှင့် ပရင်စီပီ၊ ဆီယာရာလီအွန်းနှင့် တိုဂိုနိုင်ငံတို့ တိုးလာသဖြင့် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၃၆ နိုင်ငံ ရှိနေပြီဖြစ်သည်။

သတ္တမအကြိမ်မြောက် အန့်တက်ညီလာခံကို ၁၉၈၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှ ဩဂုတ်လ ၃ရက်နေ့ ထိ ဂျီနီဗာမြို့၌ ကျင်းပခဲ့ပြန်သည်။

ညီလာခံတွင် အန့်တက်အဖွဲ့၏ အတွင်းရေးမှူးချုပ် မစ္စတာ ကဲနက်ဒက်ဇီက အောက်ပါအချက်များကို တိုက်တွန်းခဲ့သည်။ ပိုမိုကောင်းမွန်သော ကြွေးမြီဆိုင်ရာ နည်းဗျူဟာများ ချမှတ်ခြင်းဖြင့် တောင်ကမ္ဘာနှင့် မြောက်ကမ္ဘာ နိုင်ငံများအကြား စီးပွားရေးပြဿနာများ ဖြေရှင်းရန်။

ကမ္ဘာ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကုန်စည်များ ပိုမိုဝယ်ယူရန်နှင့် သင့်လျော်သော အတိုးနှုန်းဖြင့် ချေးငွေများ ကူညီကြရန်။

ကမ္ဘာ့ဆင်းရဲသော နိုင်ငံများပေါ်တွင် တင်ရှိသော ကြွေး မြီကို အထောက်အပံ့ပေးငွေ (Grant) အဖြစ် ပြောင်းလဲပေးသည့် လုပ်ဆောင်ချက်ကို တိုးချဲ့ဆောင်ရွက်ရန်။

ကုန်စည်ဆိုင်ရာ စုပေါင်းရန်ပုံငွေ (Common Fund for Commodities) ကို အဖွဲ့ဝင်နိုင်ငံများက ဆောလျင်စွာ အတည်ပြုကြရန်။

လက်ရှိအခြေအနေ

သတ္တမအကြိမ်မြောက် အန့်တက်ညီလာခံ ကျင်းပနေချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီသည်ဒေါ်လာ တစ်ထရီလီယံကျော် နေပြီ ဖြစ်သည်။ ၁၉၈၅ ခုနှစ်က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီ သည် ဒေါ်လာသန်းပေါင်း ၉ယ၉၂ယဝဝဝ တင်ရှိခဲ့ရာမှ ၁၉၈၆ ခုနှစ် တွင် ဒေါ်လာသန်းပေါင်း ၁ဝယ၃၅ယဝဝဝ သို့ ရောက်ရှိခဲ့ခြင်းဖြစ် သည်။

ကုန်စည်ဆိုင်ရာ စုပေါင်းရန်ပုံငွေအစီအစဉ်ကို ၁၉၇ဝ ပြည့် လွန်နှစ်များအတွင်း အန့်တက်ကကမကထပြုလျက် စေ့စပ်ညှိနှိုင်း ရေးဆွဲပြီး ၁၉၈ဝ ပြည့်နှစ်က တီထွင်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ကုန်စည်ရောင်းဝယ်မှုနှင့် စပ်လျဉ်း၍ ကြားခံကုန်များ (Buffer Stocks) ထားရှိရေးအတွက် လိုအပ်သော ငွေကြေးကို ကုန်စည် ဆိုင်ရာ စုပေါင်းရန်ပုံငွေမှ ထုတ်ချေးရန် အစီအစဉ်ဖြစ်သည်။

ယင်းအစီအစဉ်အရ ဆောင်ရွက်လျှင် ကုန်စည်ဈေးကွက်များ တည်ငြိမ်လာနိုင်သောကြောင့် တင်ပို့ရောင်းချသော နိုင်ငံရော တင်သွင်းသည့် နိုင်ငံများပါ အကျိုးရှိစေ မည်ဟုဆိုသည်။

သို့သော် အမေရိကန်ပြည်ထောင်စု အပါအဝင် အဖွဲ့ဝင်နိုင်ငံ အချို့က ထိုရန်ပုံငွေကိုအတည် မပြုသေးသဖြင့် ဆိုင်းငံ့ထားရ သည်။ ဆိုဗီယက်က ယင်းရန်ပုံ ငွေသို့ထည့်ဝင်မည်ဟု ကြေညာ ထားပြီး ဖြစ် သော်လည်း ဆိုဗီယက်ကထည့်ဝင်သည့်တိုင် သတ် မှတ်ထားသည့် ဒေါ်လာသန်း ၄၇ဝ မပြည့်သေးဘဲကတိပြုထား သည့် မတည်ငွေ၏ ၆၅ ဒသမ ၂၆ ရာခိုင်နှုန်းသာ ရှိမည်ဖြစ်၍ ယင်းအစီအစဉ်ကို အကောင်အထည် မဖော်နိုင်သေးချေ။

အန့်တက်အစီရင်ခံစာ

စက်မှုနိုင်ငံများရော၊ ဖွံ့ဖြိုးဆဲနိုင်ငံများပါ ၁၉၈၇ ခုနှစ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေမည် ဟု သတ္တမအကြိမ် မြောက် အန့်တက်ညီလာခံ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖော်ပြထားပေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ကုန်ထွက်မှာ ၁၉၈၆ ခုနှစ်က ၃ ဒသမ ၂ ရာခိုင်နှုန်းဖြင့် အနည်းငယ်သာ တိုးတက်ခဲ့ ကြောင်း ဖော်ပြထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ၁၉၈၇ ခုနှစ် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၁၉၈၆ ခုနှစ်ထက်လျော့နည်းကာ ၂ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိမည်ဟု ခန့်မှန်းထားသည်။ စက်မှု နိုင်ငံများ၏ စီးပွားရေးတိုးတက် မှုနှုန်းမှာ ၁၉၈၅ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၁၉၈၆ ခုနှစ်တွင် ၂ ဒသမ ၄ ရာခိုင် နှုန်းအသီးသီး ရှိခဲ့သည်ဟု ဖော်ပြထားသည်။ ၁၉၈၇ ခုနှစ်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းထားသည်။

သဘောတူညီချက်များ

ကမ္ဘာ့ချမ်းသာသော နိုင်ငံများနှင့်ဆင်းရဲသော နိုင်ငံများမှ ကိုယ်စားလှယ်များသည် အန့်တက်ညီလာခံတွင် ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြရာ သတ်မှတ် ထားသော ရက်ထက်သုံးရက် ပိုမိုကြာမြင့်ခဲ့သည်။ ကြွေးမြီ ပြဿနာနှင့် စပ်လျဉ်း၍ အငြင်းပွားမှုကြောင့် ညီလာခံကြန့်ကြာ ခဲ့ရသည်ဟု ဆို သည်။ အာဂျင်တီးနားနိုင်ငံ စီမံကိန်းဝန်ကြီး ဂရင်းစ်ပန်သည် အတိုးနှုန်းများကို အထူးလျှော့ချပြီး ဘဏ်များ က ကြွေးမြီအများအပြား လျှော်ပစ်မည့် နည်းလမ်းဖော်ထုတ်ရန် တင်ပြခဲ့သည်။ ယင်းတင်ပြချက်ကို လက်တင်အမေရိက နိုင်ငံ များက ထောက်ခံခဲ့ကြသည်။ ကုန်စည်ဆိုင်ရာ စုပေါင်းရန်ပုံငွေ ထားရှိပြီးယင်းရန်ပုံငွေကို ကုန်စည်ဈေးနှုန်း တည်ငြိမ်ရေးအတွက် သုတေသနလုပ်ငန်းများ ပြုလုပ်ရေးတွင် အသုံးချရန် ယင်းအန့် တက် ညီလာခံတွင် အတည်ပြုခဲ့ကြသည်။ ကုန်စည် သဘော တူညီချက်သစ်များ ပြုလုပ်နိုင်မည့် အလားအလာကို စိစစ်ရန် လည်း ညီလာခံသဘောတူညီချက်တွင် ဖော်ပြခဲ့သည်။ သတ္တမ အကြိမ်မြောက် အန့်တက်ညီလာခံတွင် မဖြေရှင်းနိုင်သော ပြဿနာများ ရှိခဲ့သော်လည်း တတိယကမ္ဘာနိုင်ငံများ၏ ကြွေး မြီပြဿနာ တစ်စိတ်တစ်ဒေသ ဖြေရှင်းရေးတွင် လည်းကောင်း၊ စုပေါင်းရန်ပုံငွေ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင်လည်း ကောင်း သဘောတူညီချက်များ အထိုက်အလျောက် ရရှိခဲ့သည် ဟု ဆိုနိုင်ပေသည်။[1]

ကုလသမဂ္ဂအထွေထွေညီလာခံမှ ၁၉၄၆ ခုနှစ် ၊ ဒီဇင်ဘာလတွင် ၎င်း၏ အမြဲတမ်းအဖွဲ့အစည်း တစ်ရပ်အဖြစ် အန်းတက်အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည် ။ အန်းတက်အဖွဲ့ကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဖွံ့ဖြိုးရန် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်သွယ်မှုဖွံ့ဖြိုး ရေးလုပ်ငန်းကို ကမ္ဘာ့အတိုင်း အတာဖြင့် စီမံဆောင်ရွက်ပေးရန်နှင့် အပြညြ်ုပည်ဆိုင်ရာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတို့ကို ညှိနှိုင်း ဆောင်ရွက်ပေးရန် ဖွဲ့စည်းခြင်းဖြစ် ပါသည် ။ မြန်မာနိုင်ငံသည် အန်းတက် အဖွဲ့ကို စတင်တည်ထောင်သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည့်နိုင်ငံဖြစ်ပါသည်။ အန်းတက် အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ပါသည် ။

အန်းတက်ဝန်ကြီးများအဆင့် ညီလာခံ

အန်းတက်ဝန်ကြီးများ အဆင့်ညီလာခံကို လေးနှစ်လျှင်တစ်ကြိမ် အန်းတက်အဖွဲ့ဝင်နိုင်ငံ များ၏မြို့တော်များတွင် ကျင်းပပါသည်။ အန်းတက် စတင်တည်ထောင်သည့် ၁၉၆၄ ခုနှစ်မှ ၂၀ဝ၈ ခုနှစ် အထိ ၁၂ ကြိမ် ကျင်းပ ခဲ့ပြီး ဖြစ်ပါသည် ။ ၂၀၁၂ ခုနှစ်တွင် ကျင်းပမည့် အစည်းအဝေးကို ကာတာနိုင်ငံ ဒိုဟာ တွင် ကျင်းပရန် စီစဉ်ထားသည်။

အန်းတက်အဖွဲ့ ခေါင်းဆောင်များ

အမည် ကာလ နိုင်ငံ
Dr. Raúl Prebisch ၁၉၆၃ - ၁၉၈၉  အာဂျင်တီးနား
Mr. Manuel Pérez-Guerrero ၁၉၆၉ - ၁၉၇၄  ဗင်နီဇွဲလား
Dr. Gamani Corea ၁၉၇၄ - ၁၉၈၄  သီရိလင်္ကာ
Mr. Alister McIntyre ၁၉၈၅  ဂရီနေဒါ
Mr. Kenneth K.S. Dadzie ၁၉၈၆ - ၁၉၉၄  ဂါနာ
Mr. Carlos Fortin ၁၉၉၄ - ၁၉၉၅  ချီလီ
Mr. Rubens Ricupero ၁၉၉၅ - ၂၀ဝ၄  ဘရာဇီး
Mr. Carlos Fortin ၂၀ဝ၄ - ၂၀ဝ၅  ချီလီ
Dr. Supachai Panitchpakdi ၂၀ဝ၅ - ယနေ့ထိ  ထိုင်း


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.