ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့
ကုလသမဂ္ဂ လူဦးရေဆိုင်ရာ လုပ်ငန်းရန်ပုံငွေအဖွဲ့ (အင်္ဂလိပ်: United Nations Population Fund) သည် မိသားစု စီမံကိန်း အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သည် သာမက ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုအဖွဲ့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မိသားစု စီမံကိန်းနှင့် ပတ်သက်သော လူဦးရေဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် ပံ့ပိုးကူညီသည်။ ယင်းသို့ ကူညီရာတွင် မိခင်ဘဝ အန္တရာယ် ကင်းရှင်းရေး နှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ဦးစားပေး ဆောင်ရွက်သည်။ ထို့ပြင် လူဦးရေဆိုင်ရာ မူဝါဒများ ဖော်ထုတ်ရေးတွင်လည်း ကူညီပြီး သတင်းဖြန့်ဖြူးရေးနှင့် ပညာပေးရေး လုပ်ငန်းများကိုလည်း တာဝန်ယူ ဆောင်ရွက်သည်။[1]
United Nations Population Fund | |
အတိုကောက် | UNFPA |
---|---|
ဖွဲ့စည်းခြင်း | ၁၉၆၉ |
တရားဝင်အနေအထား | သက်ဝင်ဆဲ |
ဌာနချုပ် | နယူးယောက်မြို့၊ အမေရိကန်။ |
အကြီးအကဲ | Dr. Babatunde Osotimehin |
ဝက်ဘ်ဆိုဒ် | unfpa.org |
ကိုးကား
- ကမ္ဘာ့ကုလသမဂ္ဂ-နိုင်ငံတကာသတင်းဂျာနယ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.