အပြည်ပြည်ဆိုင်ရာ တရားရုံး
အပြည်ပြည်ဆိုင်ရာတရားရုံး (lang-en | International Court of Justice (ICJ)) (ကမ္ဘာ့တရားရုံး (World Court) ဟုလည်းခေါ်) သည် ကုလသမဂ္ဂ၏ ပင်မတရားစီရင်ရေးအဖွဲ့အစည်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး | |
---|---|
Cour internationale de justice | |
အပြည်ပြည်ဆိုင်ရာတရားရုံး စည်းတံဆိပ် | |
စတင် | ၁၉၄၅ (PCIJ ကို ၁၉၄၆ တွင် ဖျက်) |
နိုင်ငံ | Worldwide, ၁၉၃ state parties |
တည်နေရာ | ဟိတ်, နယ်သာလန် |
ကိုဩဒိနိတ် | 52°05′11.8″N 4°17′43.8″E |
လုပ်ပိုင်ခွင့်ပြုခြင်း |
|
သက်တမ်း | ၉ နှစ် |
ရာထူးနေရာ | ၁၅ |
ဝက်ဘ်ဆိုဒ် | www.icj-cij.org |
ဥက္ကဋ္ဌ | |
လက်ရှိ | အဘဒူကာဝီ ယူစွတ် |
စတင်တာဝန်ထမ်းဆောင် | ၂၀၁၈ ဖေဖော်ဝါရီ ၆ |
Lead position ends | ၂၀၂၁ ဖေဖော်ဝါရီ ၅ |
ဒုတိယ ဥက္ကဋ္ဌ | |
လက်ရှိ | ချင်း ဟန့်ကျီ |
စတင်တာဝန်ထမ်းဆောင် | ၂၀၁၈ ဖေဖော်ဝါရီ ၆ |
Lead position ends | ၂၀၂၁ ဖေဖော်ဝါရီ ၅ |
နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် တွင် တည်ရှိသည်။ နယူးယောက်၌ မရှိသော တခုတည်းသော ကုလသမဂ္ဂ အဆောက်အဦဖြစ်သည်။ [1] အဓိကသုံးသော ဘာသာစကားမှာ အင်္ဂလိပ်နှင့် ပြင်သစ်စကားတို့ ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံးကို ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့မှ ရွေးချယ်ပေးသော နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တရားသူကြီး ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ တရားသူကြီးများ၏ သက်တမ်းမှာ ၉ နှစ်ဖြစ်သည်။ ထပ်မံ ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ သုံးနှစ်လျင်တကြီမ် ၅ ဦးစီ ရွေးချယ်သည်။
တရား အမှုအခင်းတစ်ခု၌ ပါဝင်လိုခြင်း မရှိသော နိုင်ငံတစ်နိုင်ငံသည် အထူးချုပ်ဆိုထားသော စာချုပ်တစ်ရပ်ပါ ပြဋ္ဌာန်းချက်များ အရ ပါဝင်ရန်လိုအပ်မှုမရှိပါက မပါဝင်ဘဲ နေနိုင်သည်။
တရားရုံး၏ စီရင်ရင်မှုကို လက်ခံလျှင်မူ တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။ [2]
တာဝန်
- အပြည်ပြည်ဆိုင်ရာ တရားဥပဒေနှင့်အညီ နိုင်ငံများကတင်သွင်းလာသော ဥပဒေရေးရာ အငြင်းပွားမှုများကို ဖြေရှင်းရန်
- ဥပဒေရေးရာ မေးခွန်းများနှင့် စပ်လျဉ်း၍ အကြံပြုသော ထင်မြင်ယူဆချက်များကို ပေးရန်
- တင်ပြလာသော တရားအမှုအခင်းများ၌ နိုင်ငံများက အမှုသည်များအဖြစ် ဆုံးဖြတ်ပေးခြင်း
နောက်ခံသမိုင်း
နိုင်ငံပေါင်းစုံအသင်း (League of Nations) က အပြည်ပြည်ဆိုင်ရာ အမြဲခန့် တရားရုံး (Permanent Court of International Justice) ဟူ၍ ၁၉၂၀ တွင် စပြီး ၁၉၂၂ တွင် ပထမဆုံးအမှု စကိုင်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံပေါင်းစုံအသင်းကို ကုလသမဂ္ဂနှင့် အစားထိုးသည့်အခါ အပြည်ပြည်ဆိုင်ရာ အမြဲခန့်တရားရုံးသည်လည်း အပြည်ပြည်ဆိုင်ရာတရားရုံးဟူ၍ ဖြစ်လာသည်။ တရားရုံး၏ အမိန့်အာဏာမှာ ယခင်အတိုင်း အဖွဲ့ဝင်နိုင်ငံများအပေါ် ဆက်တည်သည်။
ကိုးကား
- https://en.wikipedia.org/wiki/International_Court_of_Justice#cite_note-2
- ကမ္ဘာ့ကုလသမ္မဂ္ဂ-နိုင်ငံတကာသတင်းဂျာနယ်