ကော့စတာရီကာနိုင်ငံ

ကော့စတာရီကာ (Costa Rica) နိုင်ငံ၏ တရားဝင်အမည်မှာ ကော့စတာရီကာသမ္မတနိုင်ငံ ဖြစ်သည်။ ဗဟိုအမေရိကတွင် တည်ရှိသည်။ မြောက်ဘက်တွင် နီကာရာဂွါနိုင်ငံ၊ တောင်ဘက်နှင့်အရှေ့ဘက်တွင် ပနားမားနိုင်ငံ၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့ဘက်တွင် ကာရစ်ဘီယံ ပင်လယ် တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။

ကော့စတာရီကာ သမ္မတနိုင်ငံ
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "Long live work and peace"
နိုင်ငံတော် သီချင်း: Noble homeland, your beautiful flag
မြို့တော်
နှင့် အကြီးဆုံးမြို့
ဆန်ဂျို့စ်မြို့
ရုံးသုံး ဘာသာစကားများစပိန်ဘာသာLimonese CreoleBribriJamaican Patois
အမျိုးအစားစည်းမျဉ်းခံ ဒီမိုကရေစီ အစိုးရ
အစိုးရ
 သမ္မတ
လော်ရာ ချင်ချေလာ
တည်ထောင်
 လွတ်လပ်ရေး
မေ ၁၀၊ ၁၈၅၀
ဧရိယာ
 စုစုပေါင်း
၁၉,၆၅၃ စတုရန်းမိုင် (၅၁, ၁၀၀km²) (အဆင့်: ၁၂၈)
 ရေထု (%)
၀.၇
လူဦးရေ
 ခန့်မှန်း
၄,၆၀၈,၄၂၆[1] (အဆင့် - ၁၂၃)
 သိပ်သည်းမှု
၂၂၀/sq mi (၈၉/ km2 (အဆင့် - ၁၀၇)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
US $၅၁.၁၆၆ ဘီလီယံ
 Per capita
US $ ၁၁,၂၁၅
HDI ၀.၇၂၅
မြင့် · ၆၂
ငွေကြေးကိုလန်
အချိန်ဇုန်-၆
တယ်လီဖုန်းကုဒ်+၅၀၆
Internet TLD.cr

ချမ်းသာသောကမ်းရိုးတန်း ဟုအမည်ရသော ကောစတာရီကာသည် ၎င်း၏ စစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၄၉ မှစ၍ တရားဝင် ဖျက်သိမ်းခဲ့သည်။ [2][3][4] ရှေးဦးဒီမိုကရေစီနိုင်ငံ(၂၂)နိုင်ငံစာရင်း တွင်ပါဝင်သော တစ်ခုတည်းသော လက်တင်အမေရိက နိုင်ငံတစ်ခုဖြစ်သည်။ [5] လက်တင်အမေရိကနိုင်ငံများထဲတွင် လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ပုံမှန်မြင့်မားသောတိုင်းပြည်ဖြစ်သည်။ ယူအင်န်ဒီပီ ၏ ၂၀၁၀ခုနှစ် စစ်တမ်းအရ ကမ္ဘာ့အဆင့် (၆၂)ဖြစ်သည်။ [6] ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုညွှန်းကိန်းအဆင့် အနေဖြင့် ၂၀၁၀ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အဆင့်(၃)၊ အမေရိကနိုင်ငံများထဲတွင် အဆင့်(၁) ဖြစ်သည်။ [7]

၂၀၀၇ခုနှစ်တွင် ကော့စတာရီကာအစိုးရက ၂၀၂၁ခုနှစ်အရောက်တွင် ကမ္ဘာ့ပထမဆုံး ကာဗွန်မဲ့တိုင်းပြည် အဖြစ် ဖြစ်လာရန် အစီအစဉ်ချမှတ် ဆောင်ရွက်လျှက် ရှိသည်။ [8][9][10] နယူးအီကော်နောမစ် ဖောင်ဒေးရှင်း ၏ အဆိုအရ ကော့စတာရီကာသည် ပျော်ရွင်မှုညွှန်းကိန်း အရ အဆင့်(၁) ဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အကောင်းဆုံး တိုင်းပြည် ဖြစ်သည်။ [11]

ကိုးကား

  1. Estimación para el día de hoy 21 de Junio de 2011 Centro Centroamericano de Población, Universidad de Costa Rica. 2011-06-21.
  2. El Espíritu del 48။ Abolición del Ejército (in Spanish)။ 2008-03-09 တွင် ပြန်စစ်ပြီး။
  3. Costa Rica World Desk Reference။ 2009-06-09 တွင် ပြန်စစ်ပြီး။
  4. Costa Rica Uppsala University။ 2009-06-09 တွင် ပြန်စစ်ပြီး။
  5. "Costa Rica's new president: Thriller for Chinchilla"၊ The Economist၊ 2010-02-11 2010-02-16 တွင် ပြန်စစ်ပြီး
  6. UNDP Human Development Report 2010။ Table 1: Human development index 2010 and its components (PDF)။ UNDP 2010-11-06 တွင် ပြန်စစ်ပြီး။ pp. 5, 49 and 144
  7. Yale Center for Environmental Law & Policy / Center for International Earth Science Information Network at Columbia University။ 2010 Environmental Performance Index 4 February 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-01-27 တွင် ပြန်စစ်ပြီး။
  8. John Burnett။ "Costa Rica Aims to Be a Carbon-Neutral Nation"၊ National Public Radio (NPR.org)၊ 2008-02-18 2009-04-27 တွင် ပြန်စစ်ပြီး
  9. Alana Herro။ "Costa Rica Aims to Become First "Carbon Neutral" Country"၊ Worldwatch Institute၊ 2007-03-12 2009-04-27 တွင် ပြန်စစ်ပြီး Archived from the original on 26 March 2009။
  10. Alejandro Vargas။ "País quiere ser primera nación con balance neutro de carbono" (in Spanish)၊ La Nación၊ 2007-02-21 2009-04-27 တွင် ပြန်စစ်ပြီး
  11. Ashley Seager။ "Costa Rica is the world's happiest and greenest country in the world."၊ London: Guardian.co.uk၊ 2008-07-04 2009-07-04 တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.