ကော့ဒိုင်းရွာ၊ ဘားအံမြို့နယ်
ကော့ဒိုင်းရွာ(အင်္ဂလိပ်: Kawtdaing)သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ကော့သင်းရှူး(ထမ္မတိုင်)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၈၉၅၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကော့သင်းရှူး(ထမ္မတိုင်)ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၂၄၈ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၁၀၀၄ ဦး နေထိုင်သည်။ [1] ကော့ဒိုင်းရွာ၏လမ်မကြီးအ ရှေ့ဘက်ခြမ်းသည် နောင်လုံအနောက်ကျေးရွာအုပ်တွင်ပါဝင်ပြီး လမ်းအနောက်ခြမ်းသည် ကော့သင်းရှူးကျေးရွာအုပ်စုတွင်ပါဝင်သည်။အ ရှေ့ဘက်တွင်လှိုင်နားရွာ၊အရှေ့တောင်ဘက်တွင်ကော့မကယ်ရွာ၊အနောက်တောင်ဘက်တွင်ရပ်ဖိသောက်ရွာ၊မြောက်ဘက်တွင်ကော့သင်းရှူးရွာများနှင့်ရွာနီးချင်းထိစပ်နေသည်။ကော့ဒိုင်းရွာကိုသုံးပိုင်းပိုင်းထားသည်။တောင်ဘက်စွန်းကို ကော့ဒိုင်းရွာစွယ်၊အလယ်ပိုင်းကို ကုန်းကလေး၊မြောက်ဘက်ကို မြောက်ပိုင်းဟူ၍ပိုင်းထားသည်။ ရွာ၏အကျယ်အဝန်းသည် 1.62 km²(စတုရန်းကီလိုမီတာ)ခန့် ကျယ်ဝန်းသည်။
[[]]
ကော့ဒိုင်း | |
---|---|
ရွာ | |
ကော့ဒိုင်းရွာ | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကရင်ပြည်နယ် |
ခရိုင် | ဘားအံခရိုင် |
မြို့နယ် | ဘားအံမြို့နယ် |
ကျေးရွာအုပ်စု | ကော့သင်းရှူး(ထမ္မတိုင်) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မြေမျက်နှာသွင်ပြင် တောင်ကုန်းတောင်တန်းနှင့်မြေနိမ့် လွင်ပြင်များရှိသည်။ ကော့ဒိုင်းတောင်သည် ရွာ၏အနောက်ဘက်တွင်တည်ရှိပြီး မြောက်မှတောင်သို့သွယ်တန်းနေသည်။ အခြားသောတောင်များလည်း ကော့ဒိုင်းတောင်နှင့်ဆက်စပ်၍ သွယ်တန်းနေသည်။ကော့ဒိုင်းတောင်သည် ပင်လယ်ရေမျက်နှာပြင်ထက် ၅၂၈ပေခန့်မြင့်သည်။အမြင့်ဆုံးတောင်မှာလည်းကော့ဒိုင်းတောင်ပင်ဖြစ်သည်။တောင်တန်းသည် မြောက်ဘက်တွင်မတ်စောက်ပြီး တောင်ဘက်တွင် ဆင်ခြေလျှောပြေပြစ်သည်။ မြေနိမ့်လွင်ပြင်ကိုရွာ၏အရှေ့ဘက်တွင်တွေ့ရသည်။ရွာ၏လေးပုံသုံးပုံသည် မြေနိမ့်လွင်ပြင်များဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၂ပေခန့် အထက်တွင်ရှိသည်။(google map). ရွာ၏မြောက်ဘက်ပိုင်းသည် တောင်ပိုင်းထက် ပိုမြင့်သည်။
ရေဆင်း မြစ်ချောင်းနည်းပါးသည်။မူကိုချောင်းသည် ရွာ၏တောင်ဘက်တွင် ဆည်ရေအဖြစ်စီးဆင်းသည်။မြစ်ချောင်းများသည်လည်း မြောက်မှတောင်သို့စီးဆင်းသည်။ရွာ၏အနောက်ဘက်တွင်လည်း ရေသွင်းမြောင်းတစ်ခု ရှိသည်။ နွေရာသီတွင်ခန််းခြောက်သည်။သို့သော်ရွာ၏အနောက်မြောက်ဘက်တွင် အင်းအိုင်တစ်ခုရှိ၍ တစ်နှစ်ပတ်လုံးရေရရှိမှုမှာ လုံလောက်ရုံရှိသည်။ထုံးကျောက်တောင်များရှိ၍ ချောင်းပျောက်များ ပြတ်တောင်းချောင်းများရှိသည်။ မိုးရာသီ၌ လယ်ကွင်းပြင်များတွင် ရေများဖုံးလွှမ်းသည်။
ဒေသရှိကျောက်များသည် ထုံးကျောက်များဖြစ်သည်။တွင်းထွက်ပစ္စည်းမထွက်ရှိပေ။
ရာသီဉတု ဉတုသုံးပါးစလုံး ရရှိသည်။၂၀၁၉ ခုနှစ်တွင် စံချိန်တင်အပူချိန်ဖြစ်ပေါ်ခဲ့သည်။ ရေတွင်းများခန်းခြောက်၍ စက်ရေတွင်းများ တူးဖော်ရသည်။ အပူပိုင်းဇုမ်အတွင်းကျရောက်သောဒေသဖြစ်ပြီး မုတ်သုံရပ်ဝန်းတွင်ပါဝင်သည်။နွေဉတုတွင် အရှေ့တောင်မုတ်သုံလေတိုက်၍ ပူနွေးစိုစွတ်သည်။