အိန္ဒုရွာ၊ ဘားအံမြို့နယ်
အိန္ဒုစံပြကျေးရွာသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ပါဝင်သော ရွာတစ်ရွာ ဖြစ်သည်။[1] ဘားအံ-ကော့ကရိတ်-မြဝတီလမ်းနှင့် ဘားအံ-ဇာသပြင်-မော်လမြိုင်လမ်းပေါ်တွင် တည်ရှိသည်။
အိန္ဒုရွာ | |
---|---|
ဘားအံ၊ မော်လမြိုင်နှင့် ကော့ကရိတ်သို့ လမ်းဆုံ | |
အိန္ဒုရွာ | |
ကိုဩဒိနိတ်: 16°45′53″N 97°45′25″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကရင် |
ခရိုင် | ဘားအံ |
မြို့နယ် | ဘားအံမြို့နယ် |
ကျေးရွာအုပ်စု | အိန္ဒု |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
အိန္ဒုရွာ(အင်္ဂလိပ်: Eindu)သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၃၄၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိန္ဒုကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၇၆၁ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၇၇၆၁ ဦး နေထိုင်သည်။ ဘားအံ-မြဝတီ လမ်းဘေးတွင် အိန္ဒုဈေး ရှိသည်။ နောင်လုံကျေးရွာ ဘားအံ-အိန္ဒုလမ်းတွင် မြပုဝါဈေး ရှိသည်။ အစိုးရပိုင် အိန္ဒုတိုက်နယ်ဆေးရုံသည် ကုတင် ၁၆ လုံး ဆန့်သည်။ အိန္ဒုတိုက်နယ်ကျန်းမာရေးဌာန ရှိသည်။ [2]
ကိုးကား
- "ဘားအံမြို့နယ် ကျေးရွာများပြမြေပုံ" (PDF)၊ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့၊ 3 May 2016၊ 17 July 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ 30 August 2019 တွင် ပြန်စစ်ပြီး
- Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.