ကြယ်လိပ်

ကြယ်လိပ်သည် ရှားပါးမျိုးစိတ်များတွင် ပါဝင်ပြီး မြန်မာ့ကြယ်လိပ် (Myanmar star tortoise) သိပ္ပံအမည် (Geochelone Platynota) သည် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ် (Ende mic Species) ပင် ဖြစ်သည်။ ကြယ်လိပ်များကို မန္တလေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့၏ အပူပိုင်း ခြောက်သွေ့သော ဒေသများတွင် နေထိုင်ကျက်စားလေ့ရှိသည်။ ဒေသအလိုက် ကြယ်လိပ်၊ ဆီချိုလိပ်၊ ပင့်ကူလိပ်၊ ပန်းလိပ်၊ ရွှေလိပ်၊ နတ်လိပ်ဟု ခေါ်ဆိုကြသည်။

ကြယ်လိပ်၊ မြန်မာ့ကြယ်လိပ်
At Toronto Zoo, Ontario, Canada
သဘာဝထိန်းသိမ်းခြင်း အခြေအနေ

Critically Endangered  (IUCN 2.3)
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Sauropsida
မျိုးစဉ်:
Testudines
မျိုးစဉ်သေး:
Cryptodira
မျိုးရင်း:
Testudinidae
မျိုးစု:
Geochelone
မျိုးစိတ်:
G. platynota
ဒွိနာမ
Geochelone platynota
(Blyth, 1863)

ကြယ်လိပ်တို့သည် မှို၊ အသီးအရွက်၊ အပွင့်တို့ကိုသာမက တီကောင်၊ ခရုတို့ကိုပါ စားသောက်လေ့ ရှိသည်။ အစုံစား သတ္တဝါမျိုးပင် ဖြစ်သည်။ ကြယ်လိပ်၏ သဘာဝတွင် တစ်နှစ်အတွင်း တစ်ကြိမ်မှ လေးကြိမ်အထိ ဥ ဥလေ့ရှိသည်။


ကြယ်လိပ်များမှာ တောမီးလောင်ခြင်း၊ နေထိုင်ရာတောများ ဆုံးရှုံးခြင်း၊ နိုင်ငံတကာ ရောင်းဝယ်ဖောက်ကားခြင်းများကြောင့် အရေအတွက် နည်းလာခဲ့သည်။ သို့အတွက် ကြယ်လိပ်များကို စနစ်တကျ ကာကွယ်ထိန်းသိမ်း ထားခြင်းဖြစ်သည်။ ကြယ်လိပ်များကို ထိန်းသိမ်းသည့် နေရာ သုံးခု ရှိသည်။

  1. လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ပုဂံ
  2. ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမင်းဘူးမြို့နယ်
  3. နွားထိုးကြီးမြို့နယ်မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် ထိန်းသိမ်းထားလျက် ရှိသည်။


မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ထိန်းသိမ်းစောင့်ရှောက်ထားရာ အကောင်ရေ ၃၀၀၀-ကျော် ရှိလာပြီ ဖြစ်သည်။ ကြယ်လိပ်များကို စနစ်တကျ မွေးမြူစောင့်ရှောက်ထားပြီး ဥချိန်မှအစ စာရင်းကောက်ယူကာ ပေါက်ဖွားသည့် ခုနှစ်အလိုက် မှတ်တမ်းများ ပြုစုထားသည်။ [1]

ကိုးကား

  1. မန္တလေးနေ့စဉ်၊ ၁.၁.၂၀၁၉၊ စာ-၁၀
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.