ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ပွင့်ဖြူမြို့နယ်ငဖဲမြို့နယ်စေတုတ္တရာမြို့နယ်များအတွင်းတွင် တည်ရှိပြီး ၂၁၃.၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ အပူပိုင်းခြောက်သွေ့တော အထူးသဖြင့် သန်းဒဟတ်တောများကိုလည်းကောင်း၊ အရေးကြီးသော မုန်းချောင်းနှင့် မန်းချောင်းရေဝေကုန်းတန်းများကိုလည်းကောင်း ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန်ရည်ရွယ်၍ ၁၉၈၅ ခုနှစ်(မူကွဲ - ၁၉၄၀ ခုနှစ်) တွင် တည်ထောင်ခဲ့သည်။ အဓိကအားဖြင့် ရွှေသမင်(Cervus eldi) များ၏ စားကျတ်နေရာများကို ထိန်းသိမ်းရန် ရည်ရွယ်သည်။ ရွှေစက်တော် ဘေးမဲ့တော၏ မြေမျက်နှာပြင်မှာ မနိမ်မမြင့် တောင်ကုန်းတောင်တန်း ဆင်ခြေလျှောများနှင့် တတိယကပ် သဲကျောက်များ ဖုန်းလွှမ်းလျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀ မှ ပေ ၆၀၀ အထိ မြင့်သည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တေ
IUCN category IV (habitat/species management area)
မြန်မာနိုင်ငံတွင်း တည်နေရာ
တည်နေရာမကွေးတိုင်းဒေသကြီး မြန်မာ
ကိုဩဒိနိတ်20°12′N 94°35′E
ဧရိယာ၅၅၃ စတုရန်း ကီလိုမီတာ (၂၁၃.၄ စတုရန်းမိုင်)
ဖွဲ့စည်း၁၉၈၅

တည်နေရာ

မြောက်လတ္တီတွဒ်၂၀°၁၂'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၃၃'၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြိုနယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ် များအတွင်း မကွေးတိုင်းဒေသကြီးတွင် တည်ရှိသည်။

သဘာဝအရင်းအမြစ်များ

ရွက်ကြွေတော(အပေါ်ပိုင်းစိုစွတ်)၊ရွက်ကြွေတော(အပေါ်ပိုင်းခြောက်သွေ့) ရောနှောသစ်တောများ ၈၀%နှင့် ၂၀% အသီးသီးဖုံးလွှမ်းထားသည်။ ရွှေစက်တော် ဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်များကို အဓိကထိန်းသိမ်းထားပြီး ဝက်ဝံကျားသစ်ချေတောဝက်ဒေါင်းမျောက်တောကြောင်နှင့် ငှက်မျိုးစုံ ၁⁠၁၃မျိုး ကျတ်စားနေထိုင်ကြပြီး စွေ့ငှက်နဖားကြူးငှက်နှင့် ရှားပါးကြယ်လိပ်(ခ) ဆီးချိုလိပ်(Geochelone platynota)တို့ကို တွေ့ရှိနိုင်သည်။ တစ်ကမ္ဘာလုံး မျိုးသုဉ်းမည့် အန္တရာယ်တွေ့ကြုံနေရသည့် တောခွေး(Cuon alpinus) နှင့် သင်းခွေချပ်(Sunda Pangolin (Manis javanica))ရှိသည်။ ထိုပြင် ရွှေစက်တော်ဘေးမဲ့တော၌ လိပ်ပြာဇုန်များရှိပြီး လိပ်ပြာမျိုးစိတ် ၃၉ မျိုးရှိနေသည်ဟု သိရသည်။[1] တောရိုင်းတိရစ္ဆာန်များ၏ သဘာဝအတိုင်းနေထိုင်ကျတ်စားမှုကို မြင်တွေ့နိုင်သည်။ ရွှေစက်တော်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ(၁၄)မျိုး၊ ကုန်းနေရေနေသတ္တဝါ(၃၄)မျိုး နေထိုင်ကျတ်စားလျက်ရှိသည်။

ခြိမ်းခြောက်နေသာအန္တရာယ်များ

အများဆုံး ခြိမ်းခြောက်နေသောအန္တရာမှာ ဆည်များတည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းကြိုးများသွယ်တန်း တည်ဆောက်ခြင်းဖြစ်သည်။ ထိန်းသိမ်းရေးဧရိယာအတွင်း တောင်ယာများကို ကျူးကျော်လုပ်ကိုင် ကြခြင်းနှင့် ရှားပါး ကြယ်လိပ်များနှင့် မြန်မာနိုင်ငံမှာသာ တွေ့ရသော ရွှေသမင်များကို ရောင်းချခြင်းများဖြစ်သည်။ သစ်ခိုးထုတ်မှုများလည်းရှိနေသေးသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ရှားပါးတိရစ္ဆာန်များ နှင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားခြင်းတို့ကို လေ့လာခဲ့သည်။

ခရီးသွားလုပ်ငန်းများ

ထိန်းသိမ်းထားသော မြေနေရာအတွင်း၌ စက်တော်ရာဘုရားတည်ရှိကာ နိုင်ငံသားနှင့် နိုင်ငံခြားသားစုစုပေါင်း ၂၀၀,၀⁠၀၀ ခန့်နှစ်စဉ်လည်ပါတ်လေ့ရှိသည်။

လမ်းပန်းဆက်သွယ်ရေး

  • ရန်ကုန်-ပြည်-ရွှေစက်တော် ကားဖြင့်(၃၁၇)မိုင်
  • ရန်ကုန်-မကွေး-ရွှေစက်တော် ကားဖြင့်(၃၆၄)မိုင်

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

  • မြန်မာ့ရွှေသမင်များ၏ သဘာဝနေထိုင်ကျက်စားမှု အခြေအနေများ လေ့လာ နိုင်ခြင်း၊
  • အင်တိုင်းတောနှင့် သန်းဒဟတ်တောများကို လေ့လာနိုင်ခြင်း၊
  • သားငှက် တိရစ္ဆာန်မျိုးစုံကို လေ့လာနိုင်ခြင်း၊
  • ဗုဒ္ဓမြတ်စွာဘုရား၏ ခြေတော်ရာကို ဖူးမျှော် နိုင်ခြင်း၊
  • မြန်မာ့ မျိုးရင်းဖြစ်သော ကြယ်လိပ်၏ သဘာဝနေထိုင်ကျက်စားမှု အခြေအနေများလေ့လာနိုင်ခြင်း၊
  • တိုင်းရင်းသားချင်းလူမျိုးများ၏ ဓလေ့ထုံးစံ များကို လေ့လာ နိုင်ခြင်း။

ကိုးကား

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. လောကနန္ဒာတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
  3. /ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန Archived 8 August 2014 at the Wayback Machine.
  4. Report: Myanmar Protected Area (2011)
  1. မြဝတီနေ့စဉ်သတင်းစာ(၁၊မတ်။၂၀၁၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.