သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် တည်ရှိသည်။
တည်နေရာ
မြောက်လတ္တီတွဒ်၁၅°၅၁'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၁၆'၊ငပုတောမြို့နယ်၊ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိပြီး ၀.၈၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ၁၉၇၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
သဘာဝအရင်းအမြစ်များ
ရွက်ကြွေတောနှင့် အမြဲစိမ်းတော သစ်တောအမျိုးအစားဖြစ်သည်။ လိပ်လောင်း(Olive ridley sea turtle)၊ ပြင်သာလိပ်(Green sea turtle)၊ လိပ်ခွေး(Loggerhead sea turtle)၊ လိပ်စောင်းလျား(Leatherback sea turtle)၊ လိပ်စွန်(Hawksbill sea turtle) များ ကျတ်စားနေထိုင်ကြသည်။
ခရီးသွားလာရေးလုပ်ငန်းများ
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်-ပုသိမ် ကားဖြင် (၁၂၀)မိုင်
- ပုသိမ်-ငပုတော ကားဖြင် (၂၁)မိုင်
- ငပုတော-ဟိုင်းကြီးကျွန်း ရေလမ်း(၄၀)မိုင်
- ဟိုင်းကြီး-သမီးလှကျွန်း ရေလမ်း(၇)မိုင်
ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ
- ဒီရေတောများ၏ ဂေဟစနစ်ကို လေ့လာနိုင်ခြင်း
- ရေပျော်ငှက်များ၊ ကုန်းတွင်းပိုင်းဌာနေငှက်များ၊ ရာသီအလိုက် ရွေ့ပြောင်းလှုပ်ရှားသော ဆောင်းခိုငှက်များကို လေ့လာကြည့်ရှုနိုင်ခြင်း
- ပင်လယ်လိပ်ကြီးများ ဥ ဥချခြင်းကို လေ့လာနိုင်ခြင်း
ကိုးကား
- မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
- သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
- Report: Myanmar Protected Area (2011)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.