ကေလာသ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ကေလာသ တောရိုင်းတိစ္ဆာန်ဘေးမဲ့တောသည်မွန်ပြည်နယ်ဘီးလင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာသည် ၂၄ စတုရန်းကီလိုမီတာသာ ရှိပြီး လမ်းမြေများဖြင့် ဝန်းရံထားသည်။ ဒေသခံများကို လယ်ယာလုပ်ငန်းများလုပ်ကိုင်ခွင့်နှင့် ကျွန်းသစ်နှင့် သစ်ထုတ်ကုန်မှတပါး အခြားသစ်များကို သုံးစွဲခွင့်ပြုထားသည်။

တည်နေရာ

မြောက်လတ္တီတွဒ်၁၇°၁၃'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၀၇'၊ ဘီလင်းမြို့၊ မွန်ပြည်နယ်တွင်ရှိသည်။ ၂၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး စတင်တည်ထောင်သည့် ခုနှစ်မှာ ၁၉၄၂ ခုနှစ် ဖြစ်သည်။

သဘာဝအရင်းအမြစ်များ

ရွက်ကြွေတော နှင့် အမြဲစိမ်းတော အမျိုးအစားများဟာ ကေလာသဘေးမဲ့တော၏ သစ်တောအမျိုးအစားများဖြစ်ကြသည်။၁၉၉၆ခုနှစ်တွင် လေ့လာခဲ့သော စာရင်းဇယားများအရ ကျားသစ်ဆီးရိုးတောဆိတ်(serow)၊ ချေ၊ (ဂျီ)ဆတ်တောဝက်မျောက်မျိုးကွဲများ၊ တောကြက်ရစ်ငှက်အောက်ချင်းငှက် နှင့် ဒေါင်းများရှိသည်ဟု သိရသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ကြခြင်းများဟာ ဘေးမဲ့တော၏ နယ်နမိတ်ကို တဖြည်းဖြည်းထိစပ်လာနေကြသည်။ သစ်ခိုးထုတ်ခြင်းများနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်း အသင့်အတင့်ရှိနေပြီး လတ်တလော ခြိမ်းခြောက်နေသာ အန္တရာယ်ဖြစ်ပါသည်။

ခရီးသွားလာရေးလုပ်ငန်းများ

ဘုန်းတော်ကြီးကျောင်းများ ဘုရား၊စေတီ၊ပုထိုးများရှိနေခြင်းကြောင့် ဒေသတွင်းဘုရားဖူးခရီးသွားဧည့်သည်များ များစွာလည်ပတ်လေ့ရှိသည်။

ကိုးကား

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. Report: Myanmar Protected Area (2011)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.