မှော်ယောကြီးဆင်စခန်း

မှော်ယောကြီးဆင်စခန်းအား ပဲခူး(မြောက်)သစ်ထုတ်ရေး ဒေသမှ တာဝန်ယူ ဆောင်ရွက်ရှိပြီး ၁၉၉၇-၉၈ ခုနှစ်များကပင် ဆင်စခန်းအား စတင်ထားရှိပါသည်။ မှော်ယောကြီးဆင်စခန်းသည် ကျောက်တံခါးမြို့နယ် အိုင်ဒုံကြိုးဝိုင်း အကွက် အမှတ်(၁၃)၊ မှော်ယောကြီးချောင်းနှင့် မှော်ယောလေးချောင်းကြားတွင် တည်ရှိပါ သည်။ ရန်ကုန် မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၀၅)မိုင် (၄)ဖာလုံမှ ဝင်ရောက်ရမည်ဖြစ်ပြီး ပဲခူးရိုးမမှ တောင်ခြေသို့(၁)မိုင်ခန့် ကွာဝေးပါသည်။ အမြန်လမ်း(၁၁၅)မိုင်နားနေစခန်းမှ (၁၀)မိုင်ခန့်ကွာဝေးပြီး အချိန်(၁၅)မိနစ်ခန့် သွားရပါသည်။ ရန်ကုန်/မန္တလေးလမ်းဟောင်းမှလာမည်ဆိုပါက ညောင်ပင် သာမြို့မှ အမြန်လမ်း(၁၀၇)မိုင် (under pass) အတိုင်းလာရပါမည်။ မိုးတွင်းကာလတွင် (၁၅)မိနစ်ခန့်လမ်းလျှောက်ရမည်ဖြစ်ပြီး ပွင့်လင်းရာသီတွင်ဆင်စခန်း အရောက် ကားဖြင့်သွားရောက်နိုင်ပါသည်။ ဆင်စခန်း ဧရိယာမှာ(၂.၃၈)ဧက ကျယ်ဝန်းပြီး ဆင်ကောင်ရေ(၁၆)ကောင်ရှိပါသည်။ ခရီးသွား ဧည့်သည်များအား ဆင်များ၏ သဘာဝ ဓလေ့စရိုက်များအား လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။[1]

ကိုးကား

  1. https://bagoregion.gov.mm/ဆင်စခန်းများခရီးသွားလမ/
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.