ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၉၈ ခုနှစ် အဆိုပြုဘေးမဲ့တောအဖြစ် တင်သွင်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ပတ်ဝန်းကျင်၌ သစ်ပင်ပန်းမန်းနှင် တောရိုင်းတိရစ္ဆာန်များကို စောင့်ရှောက်ရန် ရည်ရွယ်၍ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့သည်။

တည်နေရာ

မြောက်လတ္တီတွဒ်၁၇°၂၈'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၀၅'၊ ကျိုက်ထိုမြို့နယ်၊ မွန်ပြည်နယ် တွင်တည်ရှိသည်။ ၁၅၆.၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ

သစ်တောအမျိုးအစားများမှာ အမြဲစိမ်းတောရွက်ကြွေတာ(အပေါ်ပိုင်းစိုစွတ်) အမျိုးအစားများဖြစ်ပြီး တကမ္ဘာလုံး ခြိမ်းခြောက်ခံရသောမျိုးစိတ်များ ဖြစ်ကြသော ကျားသစ်ဆီးရိုးတောဆိတ် (Serow) ၊ တောင်ဆိတ်နီ(Red Goral) နှင့် ကျား များကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ထားသည်။ ကျားသစ်များကို ပြောက်ကျားပြောက်ကျား တွေ့ရှိရတက်ပြီး အကောင်အရေအတွက်ကို အတိအကျ မှတ်တမ်းတင်ထားခြင်းမရှိပေ။

ခြိမ်းခြောက်နေသောအန္တရာယ်များ

အဓိက ခြိမ်းခြောက်နေသာအန္တရာယ်မှာ လူနေအိမ်ရာများအတွက် ဝါးခုတ်ခြင်းများ၊ စားသောက်၊ရောင်းချရန်အလိုငှာ ချေ၊ (ဂျီ) နှင့် တောဝက်တို့ကို သတ်ဖြတ်ခြင်း တို့ဖြစ်သည်။ နွေရာသီတွင် တောမီးများ လောင်တက်ခြင်းက လည်း နောက်ထပ်ထိုးနှက်နေသည့် အန္တရာယ်ဖြစ်သည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

သုတေသနလုပ်ငန်းများ

ရန်ကုန်တက္ကသိုလ်မှ သစ်ခွနှင့် ဒရင်ကောတ်ပင်များအကြောင်း(၂၀၀၅) နှင့် ဝါးတောတွင် ကျင်လည်ကျတ်စားသောကြွက်များ(ဝါးပိုးကြွက်)(bamboo rats) (၂၀၀၈)၊ ငှက်များကိုစာရင်းကောတ်ယူခြင်း(၂၀၀၈)ကို မြန်မာငှက်ဝါသနာရှင်အသင်း(Myanmar Birds and Nature Society) နှင့် ကုန်းနေရေနေသတ္တဝါများကို စာရင်းကောတ်ယူခြင်း(၂၀၀၈)ကို ကယ်လီဖိုနီးယားသိပ္ပံအကယ်ဒမီမှ လုပ်ဆောင်ခဲ့သည်။

ခရီးသွားလာရေးလုပ်ငန်းများ

ကျိုတ်ထီးရိုးစေတီတော်မြတ်ကြီးသည် Golden Rock Pagoda ဟုတ် ကမ္ဘာမှာ နာမည်ကျော်ကြားသည် ဖြစ်ရာ နိုင်ငံခြားသားနှင့် ဒေသတွင်းဘုရားဖူး ခရီးသွားဧည့်သည်များ လာရောက်လှည့်ပတ်လေ့ရှိကြသည်။ အထူးသဖြင့် ဘုရားပွဲတော်တွင် ခရီးသွားအများအပြားလာရောက်လေ့ရှိသည်။ စေတီတော်မြတ်ကြီး၏ အနီးအနားတွင် ဟိုတယ်၊ စားသောက်ဆိုင်များ ပေါများလာခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းတို့ကြောင့် လွယ်ကူစွာ သွားရောက်နိုင်မည်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး

  • ရန်ကုန်-ကျိုက်ထီးရိုး ကားဖြင့်(၁၂၀)မိုင်

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

  • ဘူမိရုပ်သွင်အရ ထူးခြားအံ့ဩဖွယ်ဖြစ်သော သဘာဝ ကျောက်တုံး ကြီးပေါ်တွင် တည်ရှိနေသည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် မြတ်ကို ဖူးမြော်နိုင်ခြင်း၊
  • ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားအထိ တောတွင်းလျှောက်လမ်း အတိုင်း လမ်းလျှောက် သွားနိုင်ပြီး ထူးခြားလှပသော သစ်ခွမျိုး များကို သဘာဝအတိုင်း တွေ့မြင်လေ့လာနိုင်ခြင်း၊
  • ငှက်များကို ကြည့်ရှုလေ့လာနိုင်ခြင်း၊ ရှုခင်းသာများမှ မြေပြန့် ဒေသရှိ ရှုခင်းများကို ကြည့်ရှုနိုင်ခြင်း၊
  • အပန်းဖြေစခန်းများတွင် အေးချမ်းစွာအပန်းဖြေအနားယူ နိုင်ခြင်း၊
  • ကင်မွန်းစခန်းမှ ရသေ့တောင်အထိ (၇) မိုင်ခရီးကားလမ်း အတိုင်း လမ်းလျှောက်ပြီး၊ လမ်းတစ်လျှောက် ရေတံခွန်များကို ကြည့်ရှု လေ့လာနိုင်ခြင်း၊
  • ရသေ့တောင်ပေါ်တွင် အပန်းဖြေ အနားယူနိုင်ခြင်း၊
  • ရှုခင်းသာများမှ သဘာဝရှုခင်းများကို လေ့လာနိုင်ခြင်း။
  • သန့်စင်ကြည်လင်သောရေတံခွန်များတွင်ရေချိုးသန့်စင်နိုင်ခြင်း။

ကိုးကား

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
  3. Report: Myanmar Protected Area (2011)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.