မြိုင်ဟေဝန်ဆင်စခန်း
မြိုင်ဟေဝန်ဆင်စခန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဥက္ကံကြိုးဝိုင်းတွင် တည်ရှိ၍ ဖလုံကျေးရွာမှ ၁၂မိုင်၊ ရန်ကုန်မြို့မှ ၇၂ မိုင်ကွာဝေးသည်။ ဆင်စခန်းငယ်တစ်ခုဖြစ်ပြီး ယင်းအား ၁၉၈၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
Myaing Hay Wun Elephant Park | |
---|---|
IUCN category IV (habitat/species management area) | |
တည်နေရာ | တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ မြန်မာ။ |
ဧရိယာ | ၁၀ ဧက (၄၀,၀၀၀ စတုရန်း မီတာ) |
ဖွဲ့စည်း | ၁၉၈၆ |
ဆင်စခန်း
ဆင်စခန်း | |
---|---|
ဆင်စခန်း | |
ကိုဩဒိနိတ်: MM 17.34822°N 95.98209°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီး |
ခရိုင် | ရန်ကုန်မြောက်ပိုင်းခရိုင် |
မြို့နယ် | တိုက်ကြီးမြို့နယ် |
ကျေးရွာအုပ်စု | Sin Sa Kan[1] |
စခန်း ဧရိယာအကျယ်အဝန်း (၁၀.၀)ဧက ဖြစ်၍ ခရုချောင်းအနီးတွင် တည်ရှိသည်။ စခန်းအား ၁၉၉၂ – ၁၉၉၃ ဘဏ္ဍာနှစ်မှ စတင်၍တည်ဆောက်ခဲ့ပြီး၊ အမိမဲ့ဆင်ကလေးများ ထိန်းသိမ်းပြုစုခြင်း၊ မကျန်းမာ သောဆင်များအား ကုသခြင်း၊ တောဆင်ရိုင်း ဖမ်းဆီးလေ့ကျင့်ခြင်းနှင့်ဆင် သုတေသနလုပ်ငန်းစသည်များကို ဆောင်ရွက် လျက်ရှိပြီး သဘာဝကို အခြေခံ သောခရီးသွားလုပ်ငန်း (Ecotourism) အတွက် ရည်ရွယ်ကာ တည်ဆောက်ခြင်းဖြစ်ပါသည်။ ဆင် စခန်းသို့ရန်ကုန်မှ ဖလုံတာဆုံ ၆၀ မိုင် (ကတ္တရာလမ်း)၊ ဖလုံတာဆုံမှ မြိုင်ဟေဝန်သို့ ၁၂ မိုင် တောတွင်းလမ်းဖြစ်ပါသည်။ သာယာဝတီ သစ်ထုတ်ရေးဒေသမှသွားရောက်ပါက ဖလုံတာဆုံသို့ ကတ္တရာလမ်း ( ၁၈ ) မိုင် ရှိပါသည်။ အဆိုပါ ဆင်စခန်းအား ၁၅-၅-၂၀၁၂ နေ့တွင် Asia Green Co; မှ ဌာနသို့ပြန်လည်အပ်နှံခဲ့ပြီး ယခုအခါ ပဲခူးတိုင်းဒေသကြီး(အနောက်) သာယာဝတီ သစ်ထုတ်ရေးဒေသမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။
[2]