မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်များရှိ ၃၇၉.၅၉ စတုရန်းမိုင် (၉၈၃.၁ စတုရန်း ကီလိုမီတာ) အကျယ်အဝန်းရှိသော ဘေးမဲ့တော တစ်ခု ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၄၂/၂၀၁၄ ဖြင့် စတင်တည်ထောင်ခဲ့သည်။ မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ဂေဟစနစ်မှာ အထက်ရွက်ပြတ်ရောနှော တော၊ တောခြောက်အမျိုးအစား ဖြစ်သည်။ ဘေးမဲ့တောအတွင်း အဓိကကာကွယ်ထားသောတိရစ္ဆာန်များမှာ ဆင်၊ ကျားသစ်၊ အင်းကျား၊ ပြောင်၊ စိုင်၊ ဝက်ဝံ၊ တောဆိတ်တို့ ဖြစ်သည်။ [1]
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.