တောင်ကြီး ငှက်ဘေးမဲ့တော

တောင်ကြီးငှက်ဘေးမဲ့တောကို ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဌာနေငှက်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခြောက်သွေ့တောင်ပေါ်တော ဂေဟစနစ်ကို လေ့လာရန် ရည်ရွယ်သည်။ တောင်ထိပ်ပေါ်၌ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး တည်ရှိရာ နှစ်စဉ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ဘုရားဖူးများ များစွာဖူးမြော် ကြည်ညိုလေ့ရှိသည်။

တည်နေရာ

မြောက်လတ္တီတွဒ်၂၀°၄၃'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၀၅'၊ ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် တည်ရှိသည်။ ၁၆.၀၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ

သစ်တောအမျိုးအစားများမှာ တောင်ပေါ်တောထင်းရှူးတော၊ စိုစွတ်တော အမျိုးအစားများဖြစ်ကြသည်။ အဓိက သစ်ပင်အမျိုးအစားများမှာ ထင်းရှူး(Pinus species)၊ချယ်ရီ(Betula alnoides)၊ ဝက်သစ်ချ(Quercus semiserrata)၊ Laukya(Schima khassina)၊ဇီးဖြူ(Emblica offinalis)တို့ဖြစ်သည်။ တောင်ကြီးငှက်ဘေးမဲ့တောအတွင်း၌ ဌာနေငှက်များစုံ ပေါကြွယ်ဝကြသော်လည်း သေချာပြုစုထားသော စာရင်းဇယားကား မရှိခေျ။

ခြိမ်းခြောက်နေသောအန္တရာယ်များ

တောမီးများ လောင်ကျွမ်းမှု၊ သစ်ခုတ်ခြင်းများ(ထင်းအဖြစ်သုံးရန်နှင့် ထင်းရှူးဆီထုတ်ရန်)၊ တောင်ကြီးမြို့၏ မြို့ပြလူနေဧရိယာတိုးချဲ့လာမှုတို့နှင့် ရင်ဆိုင်နေရသည်။

ခရီးသွားလာရေးလုပ်ငန်းများ

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်ရုံမျှသာမက ရှမ်းပြည်နယ်မြောက်ပိုင်း၏ စိုက်ပျိုးရေးထွက်ကုန်များရောင်းချရာ စီးပွားရေးမြို့တော်လည်း ဖြစ်သည်။ ထိုပြင် သင့်တင့်မျှတသောရာသီဥတုလည်းရှိသည်ဖြစ်ရာ အပန်းဖြေခရီးနှင့် ဘုရားဖူးခရီးစဉ်များစွာ လည်ပတ်လေ့ရှိသည်။ တောင်ကြီးငှက်ဘေးမဲ့တောတွင်လည်း (က)ခြောက်သွေ့တောင်ပေါ်တော ဂေဟစနစ်ကို လေ့လာနိုင်ခြင်း (ခ) ဌာနေငှက်မျိုးစိတ်များစွာကို ကြည့်ရှုလေ့လာနိုင်ခြင်း (ဂ) ရှမ်းကုန်းပြင်မြင့် ၏ သဘာဝအလှအပ ပဒေသ များကိုလည်း ခံစားနိုင်ခြင်း တို့ကို ရရှိနိုင်သည်။ ပြည်တွင်းခရီးသွားများသည် ဘုရားဖူးအဖြစ်သာ လာရောက်လေ့ရှိကြပြီး နိုင်ငံခြားသားခရီးသွားများသည် ထိုအနီအနားတွင်ရှိသော အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ နှင့် ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော များကို လေ့လာရေးအဖြစ် သွားရောက်လေ့ရှိကြသည်။

ကိုးကား

  1. ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန
  2. Report: Myanmar Protected Area (2011)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.