ဖိုးကျားဆင်စခန်း

ဖိုးကျားဆင်စခန်း သည် ပဲခူးတိုင်းဒေသကြီးရေတာရှည်မြို့နယ်အတွင်းတွင် တည်ရှိပြီး ဧက ၂၀ ကျယ်ဝန်းကာ ၂၀၁၂ တွင် စတင်တည်ထောင်သည်။ ရန်ကုန်မှ ၂၁၅ မိုင် ကွာဝေးပြီး ဆင်စခန်းဝန်းကျင်၌ သဘာဝကျွန်းတောများနှင့် သစ်မာမျိုးစိတ် အမျိုးမျိုးကိုလည်း လေ့လာနိုင်သည်။[1]

ဖိုးကျားဆင်စခန်းမှ ဆင်တစ်ကောင်


ဖိုးကျားဆင်စခန်းအား ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ Asia Green Co: သို့ ငှားရမ်းခဲ့ရာမှ ၁.၇.၂၀၁၄ တွင်ရပ်နားခဲ့ပြီး ယခုအခါ မြန်မာ့သစ်လုပ်ငန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူ(မြောက်)သစ်ထုတ်ရေးဒေသမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်မြို့မှ နေပြည်တော်သို့သွားသည့် အမြန် လမ်းမကြီး ၏ မိုင်တိုင်အမှတ်(၁၇၄)၊ သာဂရမြို့ လမ်းခွဲမှအမြန်လမ်း၏ လက်ဝဲဘက်သို့ ချိုးကွေ့၍ (၆)မိုင်ခန့်တွင်ရှိပါသည်။ သာဂရမြို့ မှ ကိုးပင်အထိ သွားသည့် ပဲခူးရိုးမဖြတ်လမ်းကြားတွင် ရှိပါသည်။ အဆိုပါလမ်းအား ၂၇-၃-၂၀၀၁ တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၀-၄-၂၀၀၁ တွင် လမ်းကြမ်းဖောက်လုပ် ပြီးစီးခဲ့ပါသည်။ စစ်ကြိုခေတ် ( ၁ လက်မ- ၁မိုင် )စကေး ပြ ကွန်တိုမြေပုံတွင် ဖိုးကျား သစ်တော ဗိုလ်တဲ (POKYAR FR.H)ဟု ရည်ညှန်းဖော်ပြထား၍ ၁၉၈၉ ခုနှစ်တွင် ဤဧရိယာတစ်ဝိုက် တွင် ကျွန်းစိုက်ခင်းများ တည်ထောင်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် သစ်လုပ်ငန်းစီမံကိန်း (၂)ကမ္ဘာ့ (ဘဏ်) စီမံကိန်းကာလအတွင်း သာဂရမှ ဖိုးကျားအထိ ရာသီမရွေးသွားလာနိုင်သော ကျောက်ကြမ်းလမ်းကို စတင်ဖောက်လုပ်ခဲ့ပါသည်။ သိုင်းချောင်းသည် စခန်း အင်္ဂလိပ်အက္ခရာ S ပုံသဏ္ဌာန်အတိုင်း ကွေးပတ်၍ အနောက်မြောက်မှ အရှေ့တောင်ဖက်သို့ စီးဆင်းပါသည်။ ဖိုးကျားစခန်းတွင် လာရောက်လည်ပတ်သူ များအား ဖျော်ဖြေရန် ဆင်(၇)ကောင်ထားရှိပြီး၊ ဆင်များရေချိုးခြင်း၊ ဆင် ‘က’ နှင့် သစ်ဆွဲကရိယာများ တပ်ဆင်ခင်းအား လော့လာခြင်း၊ ဆင်စီး၍တောတွင်း လှည့်လည်ခြင်း၊ သရုပ်ပြဆင်(၇)ကောင်၏ ဘောလုံးကန်ခြင်းအပါအဝင် အလှပြ ကကွက်များဖြင့် ဖော်ပြခြင်းများကိုလည်း လေ့လာကြည့်ရှုနိုင်မည် ဖြစ်ပါသည်။[2]

ကိုးကား

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၈၉။
  2. https://bagoregion.gov.mm/ဆင်စခန်းများခရီးသွားလမ/
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.