မြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများ

ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးအတွက် မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝနယ်မြေများအား သတ်မှတ်တည်ထောင်လျက် ရှိသည်။ ပထမဦးဆုံး သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် တောင်ကြီး ငှက်ဘေးမဲ့တောအား ၁၉၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၈၀ အစောပိုင်းနှစ်များတွင် မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး သဘာဝဝန်းကျင် ထိန်းသိမ်းရေး နှင့် အမျိုးသားဥယျာဉ်များ စီမံကိန်း (Nature Conservation National Park Project - NCNPP) ကို စတင်ခဲ့ပြီး ခေတ်သစ် ထိန်းသိမ်းကာကွယ်ရေးအား စတင်ခဲ့သည်။ NCNPP အတွင်း သစ်တောဦးစီးဌာနအောက်တွင် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနအား ဖွဲ့စည်းပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု နှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းခြင်းကို တာဝန်ယူ ဆောင်ရွက်စေခဲ့သည်။

မြန်မာ့သစ်တောမူဝါဒ (၁၉၉၅) တွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား နိုင်ငံဧရိယာ၏ ၅% ဖြစ်စေရန် သတ်မှတ်ထားသည်။ ၂၀၀၀ ပြည့်နှစ်တွင် ရေးဆွဲခဲ့သော အမျိုးသားသစ်တောကဏ္ဍ နှစ်(၃၀) ပင်မ စီမံကိန်း (၂၀၀၁-၀၂ - ၂၀၃၀-၃၁) တွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား နိုင်ငံဧရိယာ၏ ၁၀% ဖြစ်စေရန် တိုးချဲ့သတ်မှတ်ခဲ့သည်။ လက်ရှိတွင် နိုင်ငံဧရိယာ၏ ၅.၇၅% ရှိပြီး မြောက်မြားလှသော ဂေဟစနစ်များကို ကိုယ်စားပြုသည့် သဘာဝထိန်းသိမ်းရေး နယ်မြေ (၃၉) ခုအား တည်ထောင်ပြီးဖြစ်ကာ မြန်မာ့သစ်တောမူဝါဒပါ ရည်မှန်းချက်အား ပြည့်မီပြီးဖြစ်သည်။

၁၉၉၆ ခုနှစ်အထိ သဘာဝထိန်းသိမ်းရေးနယ်မြေများမှာ နိုင်ငံဧရိယာ၏ ၁% အောက်တွင် သာရှိပြီး အရွယ်အစားအားဖြင့် ၀.၄၇ မှ ၂၁၅၀ စတုရန်းကီလိုမီတာ ရှိသည်။ ၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် သဘာဝထိန်းသိမ်းရေးနယ်မြေများအား မျိုးစိတ်ကိုသာ ထိန်းသိမ်း ကာကွယ်ခြင်းထက် ဂေဟစနစ်များကိုပါ ထိန်းသိမ်းခြင်းအတွက် တည်ထောင်လာပြီး အရွယ်အစား ကြီးမားသော သဘာဝထိန်းသိမ်းရေးနယ်မြေများ ပါဝင်လာသည်။ မြန်မာနိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများသည် မြောက်ဘက်ပိုင်း အယ်လပိုင်းသစ်တော များမှ တောင်ဘက်ပိုင်း ဒီရေတော နှင့် အပူပိုင်းမိုးသစ်တောများအထိ ကိုယ်စားပြုသည်။ သဘာဝထိန်းသိမ်းရေးနယ်မြေ (၃၉) ခုအနက် (၇) ခုမှာ အာဆီယံ အမွေအနှစ်ဥယျာဉ် စာရင်းတွင် ပါဝင်ပြီး နိုင်ငံအလိုက် အရေအတွက်အားဖြင့် အများဆုံးဖြစ်သည်။ အာဆီယံ အမွေအနှစ်ဥယျာဉ်များအဖြစ် သတ်မှတ်ခံထားရသော သဘာဝထိန်းသိမ်းရေး နယ်မြေများ မှာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနတ်မတောင် အမျိုးသားဥယျာဉ်မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော နှင့် လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်တို့ ဖြစ်သည်။

မိုးယွန်းကြီးအင်း ဘေးမဲ့တောအား ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ငှက်မျိုးစိတ်များ ကျက်စားနေမူကြောင့် Ramsar Site အဖြစ် ၂၀၀၅ ခုနှစ်မှစ၍ သတ်မှတ်ထားသည်။ နိုင်ငံဧရိယာ၏ ၁.၀၉% ရှိသော နေရာ (၇) ခုအား သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ထောင်ရန် အဆိုပြုကြေငြာချက် ထုတ်ပြန်ထားပြီး အတည်ပြုဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထိုကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၅) ခု၊ နိုင်ငံဧရိယာ၏ ၆.၈၄% ရှိလာမည်ဖြစ်ပြီး အမျိုးသားသစ်တောကဏ္ဍ နှစ် (၃၀) ပင်မစီမံကိန်းပါ ရည်မှန်း ချက်ပြည့်မီရန် နောက်ထပ် ၃.၁၆% ကျန်ရှိမည်ဖြစ်သည်။ ကချင်ပြည်နယ်တွင် အီမောဘွန်း အမျိုးသားဥယျာဉ်အားလည်း သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် တည်ထောင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ [1]

တည်ထောင်ပြီးသဘာဝထိန်းသိမ်းရေးနယ်မြေများ

စဉ်အမည်တည်ထောင်သည့်ခုနှစ်ဧရိယာ
(စတုရန်းကီလိုမီတာ)
တည်နေရာ
တောင်ကြီး ငှက်ဘေးမဲ့တော၁၉၂၀၁၆.၀၆ရှမ်းပြည်နယ်
ပိတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၂၇/၂၀၀၆၁၂၂.၀၇ကချင်ပြည်နယ်
ရွှေဥဒေါင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၂၇၅၈.၀၄မန္တလေးတိုင်းဒေသကြီး
ရွှေဥဒေါင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၁၉၂၇၁၁၇.၉၇ရှမ်းပြည်နယ်
ပြင်ဦးလွင် ငှက်ဘေးမဲ့တော၁၉၂၇၁၂၇.၂၅မန္တလေးတိုင်းဒေသကြီး
မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၂၇၄၉.၁၈တနင်္သာရီတိုင်းဒေသကြီး
ကဟီးလူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၂၈၁၆၀.၅၅ကရင်ပြည်နယ်
မူလာရစ် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၃၅၁၃၈.၅၄ကရင်ပြည်နယ်
ဝက်သည်းကန် ငှက်ဘေးမဲ့တော၁၉၃၉၄.၄၀မကွေးတိုင်းဒေသကြီး
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၄၀၄၆၄.၂၈မကွေးတိုင်းဒေသကြီး
၁၀ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၄၁၂၆၉.၃၆စစ်ကိုင်းတိုင်းဒေသကြီး
၁၁ကေလာသ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၄၂/ ၂၀၀၂၂၃.၉၃မွန်ပြည်နယ်
၁၂သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၇၀၀.၈၈ဧရာဝတီတိုင်းဒေသကြီး
၁၃မင်းဝံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၇၁၂၀၅.၈၈စစ်ကိုင်းတိုင်းဒေသကြီး
၁၄ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၇၄၂၁၅၀.၇၃စစ်ကိုင်းတိုင်းဒေသကြီး
၁၅အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၈၅/ ၂၀၀၁၆၄၀.၉၁ရှမ်းပြည်နယ်
၁၆မိုးယွန်းကြီးအင်း ဘေးမဲ့တော၁၉၈၈၁၀၃.၆ပဲခူးတိုင်းဒေသကြီး
၁၇လှော်ကားသဘာဝဥယျာဉ်၁၉၈၉၆. ၂၄ရန်ကုန်တိုင်းဒေသကြီး
၁၈အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၁၉၈၉၁၄၀၂.၄၉စစ်ကိုင်းတိုင်းဒေသကြီး
၁၉ပုပ္ပါးတောင် အမျိုးသားဥယျာဉ်၁၉၈၉၁၂၈.၅၄မန္တလေးတိုင်းဒေသကြီး
၂၀မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၉၃၁၃၆.၇၀ဧရာဝတီတိုင်းဒေသကြီး
၂၁လောကနန္ဒာ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၁၉၉၅၀.၄၇မန္တလေးတိုင်းဒေသကြီး
၂၂လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်၁၉၉၆၂၀၄.၈၄တနင်္သာရီတိုင်းဒေသကြီး
၂၃လွိုင်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေ၁၉၉၆၄၂.၈၄ရှမ်းပြည်နယ်
၂၄ပါစာ သဘာဝထိန်းသိမ်းရေးနယ်မြေ၁၉၉၆၇၇.၀၃ရှမ်းပြည်နယ်
၂၅ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၁၉၉၈၃၈၁၂.၄၆ကချင်ပြည်နယ်
၂၆ကျိုက်ထီးရိုး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၁၁၅၆. ၂၃မွန်ပြည်နယ်
၂၇မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၁၂၂.၆၁မန္တလေးတိုင်းဒေသကြီး
၂၈ရခိုင်ရိုးမ ဆင်ဘေးမဲ့တော၂၀၀၂၁၇၅၅.၇၀ရခိုင်ပြည်နယ်
၂၉ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၂၃၃၃.၈၀ရှမ်းပြည်နယ်
၃၀ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၃၂၇၀၃.၉၅ကချင်ပြည်နယ်
၃၁အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၃၈၁၄.၉၉ကချင်ပြည်နယ်
၃၂ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၄၆၃၇၁.၃၇ကချင်ပြည်နယ်
၃၃ဘွမ်ဖာဘွမ် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၄၁၈၅၄.၄၃ကချင်ပြည်နယ်
၃၄တနင်္သာရီ သဘာဝထိန်းသိမ်းရေးနယ်မြေ၂၀၀၅၁၆၉၉.၉၉တနင်္သာရီတိုင်းဒေသကြီး
၃၅နတ်မတောင် အမျိုးသားဥယျာဉ်၂၀၁၀၇၁၃.၅၄ချင်းပြည်နယ်
၃၆ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော (တိုးချဲ့)၂၀၁၀၄၃၃၃.၀၅ကချင်ပြည်နယ်
ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော (တိုးချဲ့)၂၀၁၀၆၆၆၉. ၂၂စစ်ကိုင်းတိုင်းဒေသကြီး

[2]

အဆိုပြုသဘာဝထိန်းသိမ်းရေးနယ်မြေများ

စဉ်အမည်တည်ထောင်သည့်ခုနှစ်ဧရိယာ
(စတုရန်းကီလိုမီတာ)
တည်နေရာ
ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၁၁၃၂.၆၅ချင်းပြည်နယ်
မဟာမြိုင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၂၁၁၈၀.၃၉စစ်ကိုင်းတိုင်းဒေသကြီး
တနင်္သာရီ အမျိုးသားဥယျာဉ်၂၀၀၂၂၅၈၉.၉၉တနင်္သာရီတိုင်းဒေသကြီး
လေညာ အမျိုးသားဥယျာဉ်၂၀၀၂၁၇၆၆.၃၇တနင်္သာရီတိုင်းဒေသကြီး
လေညာအမျိုးသားဥယျာဉ်(တိုးချဲ့)၂၀၀၄၁၃၉၈.၅၉တနင်္သာရီတိုင်းဒေသကြီး
ရှင်ပင်ကြက်သောက် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၂၀၀၆၇၁.၉၀ပဲခူးတိုင်းဒေသကြီး
ဗောဓိတစ်ထောင် သဘာဝထိန်းသိမ်းရေးနယ်မြေ၂၀၀၈၇၂.၅၂စစ်ကိုင်းတိုင်းဒေသကြီး
မြောက်ဇာမရီ ဆင်ထိန်းသိမ်းရေး သဘာဝနယ်မြေ၂၀၁၂၉၈၃.၂၁၃ပဲခူးတိုင်းဒေသကြီး

[2]

မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ

ဇီဝမျိုးစုံမျိုးကွဲ ဆိုသည်မှာ ကုန်းမြေ၊ လေထု၊ ပင်လယ် နှင့် အခြားသော ရေပြင်ဆိုင်ရာ ဂေဟစနစ်များအပါအဝင် အရင်းအမြစ်များအားလုံးရှိ သက်ရှိသတ္တဝါများ ကွဲပြားခြားနား စွာ တည်ရှိမှု နှင့် ၎င်းတို့ပါဝင်သည့် ဂေဟစနစ်အမျိုးမျိုး ကွဲပြားတည်ရှိမှုပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ကွဲပြားခြားနားသော ဒေသကြီး (၃) ခု ဖြစ်သည့် မြောက်ဘက်တွင် ဟိမဝန္တာဒေသ၊ အရှေ့ဘက်တွင် အင်ဒိုချိုင်းနားဒေသ နှင့် တောင်ဘက် တွင် မလေး ကျွန်းဆွယ်ဒေသတို့အကြားတည်ရှိပါသည်။ ၎င်းကဲ့သို့ ဒေသကြီး (၃)ခု နှင့် ဆက်စပ်တည်ရှိသည့်အပြင် နိုင်ငံတွင်းရှိ ကွဲပြားခြားနားသော မိုးရေချိန်၊ မြေမျက်နှာ သွင်ပြင်အနေအထား နှင့် ပေါများသော မြစ်ချောင်းများသည် မြန်မာနိုင်ငံတွင် အမျိုးအစား စုံလင်လှသော သဘာဝသစ်တောများကို ဖြစ်ပေါ်တည်ရှိစေသည်။

ထို့ကြောင့် မြန်မာနိုင်ငံအား အာရှ နှင့် ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သတ်မှတ်ထားပြီး သဘာဝတောအမျိုးအစား အများအပြားအား အောက်ပါအတိုင်း တွေ့ရှိရပါသည်။

အမျိုးအစားစုံလင်လှသော မြန်မာ့သစ်တောများတွင် ကျားဆင်ကျားသစ်ပြောင်စိုင် အပါအဝင် နို့တိုက်သတ္တဝါ (၂၅၂) မျိုး၊ မိကျောင်းစပါးကြီးမြွေ အပါအဝင် တွားသွားသတ္တဝါ (၂၉၃)မျိုး၊ ငှက်မျိုးစိတ် (၁၀၅၆) မျိုး၊ ကုန်းနေရေနေသတ္တဝါ (၁၃၉) မျိုး၊ ရေချို နှင့် ရေငံငါးမျိုးစိတ် (၇၇၅)မျိုး နှင့် ဝါး၊ ကြိမ်၊ သစ်ခွ နှင့် ဆေးဘက်ဝင်အပင် အပါအဝင် မျိုးစိတ်ပေါင်း (၁၁၈၂၀) ကျော်တို့အား မှတ်တမ်းတင်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ဒေသရင်းမျိုးစိတ် (Endemic Species) များကို ပိုင်ဆိုင် လျက်ရှိပြီး ၎င်းဒေသရင်းမျိုးစိတ်များတွင် နို့တိုက်သတ္တဝါ (၁) မျိုး၊ တွားသွားသတ္တဝါ (၂၂) မျိုး၊ ကုန်းနေရေနေမျိုးစိတ် (၆) မျိုး၊ ငှက်မျိုးစိတ် (၆) မျိုး နှင့် အပင် မျိုးစိတ် (၈) မျိုး တို့ပါဝင်သည်။ [3]

အဓိကအရေးပါသော ဇီဝမျိုးစုံမျိုးကွဲ တည်ရှိနယ်မြေများ

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်တွင် သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံမေးမြန်းခြင်း၊ ကျွမ်းကျင်သူပညာရှင်များ၏ အကြံဉာဏ်များကို တောင်းခံခြင်း နှင့် ပုံနှိပ်ထုတ်ဝေထားသည့် ဆောင်းပါးစာတမ်းများအား သုံးသပ်ခြင်းတို့ဖြင့် ဇီဝမျိုးစုံမျိုးကွဲ တည်ရှိနယ်မြေများ ဆန်းစစ်ဖော်ထုတ်ခြင်းကို ၂၀၀၂-၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံတွင် Key biodiversity areas - KBA ၇၆ ခုရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မှ ၂၀၁၁ ခုနှစ်တွင် သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံမေးမြန်း၍ KBA များအား လေ့လာဆန်းစစ်ခဲ့ရာ နောက်ထပ် KBA ၇၄ ခု ဆန်းစစ်ဖော်ထုတ်နိုင်ခဲ့ပြီး အပြီးသတ်တွင် မြန်မာနိုင်ငံတွင် ၁၃၂ ခုရှိကြောင်း ဖော်ထုတ်သတ်မှတ်နိုင်ခဲ့သည်။ KBA ၁၃၂ ခုအနက် ၃၅ ခုမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တည်ထောင်ထားရှိပြီး ၆ ခုမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တည်ထောင်ရန် အဆိုပြုထားသည်။ [4]

ထိန်းသိမ်းရေး ဆက်စပ်ဧရိယာများ

ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်ထိန်းသိမ်းကာကွယ်ရန်အတွက် ဆက်စပ်နေသော နယ်မြေ ဧရိယာများပါဝင်သည့် ထိန်းသိမ်းရေးဆက်စပ်ဧရိယာ(Conservation corridors)များ လိုအပ်သည်။ ၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုအရ Corridor ၁၅ ခုရှိပြီး သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ လေ့လာသုံးသပ်မှုအရ မြန်မာနိုင်ငံတွင် Corridor ၁၄ ခုရှိကြောင်း ပြင်ဆင်သတ်မှတ်နိုင်ခဲ့သည်။[4]

စဉ်အမည်အမျိုးအစားဧရိယာ
(စတုရန်းကီလိုမီတာ)
ချင်းတောင်တန်း ထိန်းသိမ်းရေး ဆက်စပ်ဧရိယာကုန်းတွင်းပိုင်း၃၆,၂၇၂
ပဲခူးရိုးမ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာကုန်းတွင်းပိုင်း၁၆,၁၄၃
အနောက်ရှမ်းရိုးမ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာကုန်းတွင်းပိုင်း၂၇,၇၄၂
အထက်ချင်းတွင်း ရေဝေရေလဲ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာကုန်းတွင်းပိုင်း၅၀,၁၅၆
အောက်ချင်းတွင်း ရေဝေရေလဲ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာကုန်းတွင်းပိုင်း၄၀,၀၈၇
တနင်္သာရီဒေသ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာကုန်းတွင်းပိုင်း၄၂,၈၈၀
ရခိုင်ရိုးမ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာကုန်းတွင်းပိုင်း၄၇,၉၁၄
အထက်ဧရာဝတီ ရေဝေရေလဲ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာကုန်းတွင်းပိုင်း၁၀၁,၃၉၄
သံလွင်မြစ် ထိန်းသိမ်းရေး ဆက်စပ်ဧရိယာမြစ်၇,၆၉၂
၁၀ချင်းတွင်းမြစ် ထိန်းသိမ်းရေး ဆက်စပ်ဧရိယာမြစ်၅,၂၉၉
၁၁ဧရာဝတီမြစ် ထိန်းသိမ်းရေး ဆက်စပ်ဧရိယာမြစ်၁၉,၇၉၈
၁၂စစ်တောင်းမြစ် ထိန်းသိမ်းရေး ဆက်စပ်ဧရိယာမြစ်၃,၀၄၈
၁၃တနင်္သာရီ အဏ္ဏဝါ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာအဏ္ဏဝါ၅၈,၆၀၆
၁၄ရခိုင် အဏ္ဏဝါ ထိန်းသိမ်းရေး ဆက်စပ်ဧရိယာအဏ္ဏဝါ၄၀,၆၉၈

[5]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. သဘာဝနယ်မြေများ သစ်တောဦးစီးဌာန 11 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝမှု သစ်တောဦးစီးဌာန 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ သစ်တောဦးစီးဌာန 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  4. အဓိကအရေးပါသော ဇီဝမျိုးစုံမျိုးကွဲ တည်ရှိနယ်မြေများ သစ်တောဦးစီးဌာန 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  5. ထိန်းသိမ်းရေး ဆက်စပ်ဧရိယာ Conservation Corridor Myanmar Biodiversity။ ၄ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.