ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်များအတွင်းတွင် တည်ရှိသည်။
တည်နေရာ
မြောက်လတ္တီတွဒ်၂၅°၂၅'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၃၂'၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်များအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင်တည်ရှိသည်။ စတင်တည်ထောင်ခဲ့သည့်ခုနှစ်မှာ ၁၉၇၄ ခုနှစ်ဖြစ်ပြီး၊ အကျယ်အဝန်း ၂၁၅၀.၇၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
သဘာဝရင်းမြစ်များ
အမြဲစိမ်းတော နှင့် ရွက်ကြွေတာ(အပေါ်ပိုင်းစိုစွတ်) စသော သစ်တောအမျိုးအစားများ ပေါက်ရောက်ကြသည်။ တောဘဲမန်ဒါလီ(White-winged Duck)၊ အာရှဆင်၊ ကျား၊ မျောက်လွှဲကျော်မျက်ခုံးဖြူ(Western Hoolock Gibbon)၊ ရေဗလုံ(Masked Finfoot) များကျတ်စားနေထိုင်ကြသည်။ ဆူမားတြားကြံ့ နှင့် ဂျာဗားကြံ့ များသည် ၁၉၈၀ ခုနှစ် မှစ၍ မျိုးသုဉ်းသွားသည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။
ကိုးကား
- မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
- Report: Myanmar Protected Area (2011)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.