ရခိုင်ရိုးမ ဆင်ဘေးမဲ့တော

အဆိုပါ ဆင်ဘေးမဲ့တောသည် ရခိုင်ရိုးမ၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ အဓိကကာကွယ်ထားသောသော အာရှဆင်များမှာ ၁၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ကျန်ရှိနေသော ဆင်ရိုင်းအရေအတွက်အားဖြင့် အများဆုံးဖြစ်သည်။ ထိုပြင် အာရကန်တောလိပ်(Heosemys depressa)တို့ကိုလည်း ထိန်းသိမ်းထားသည်။

တည်နေရာ

မြောက်လတ္တီတွဒ်၁၈°၀၀'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၄၅'၊ ရခိုင်ပြည်နယ်သံတွဲမြို့ နှင့် ဂွမြို့နယ်များအတွင်တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နှင့်ထိစပ်နေသောမြေနေရာတွင် တည်ရှိပြီး ၁၇၅၅.၇၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ တည်ထောင်ခဲ့သည် ခုနှစ် ၂၀၀၂ ခုနှစ်(မူကွဲ - ၁၉၉၇ ခုနှစ်)ဖြစ်သည်။

သဘာဝအရင်းအမြစ်များ

ဘေးမဲ့တောတစ်ခုလုံးကို အမြဲစိမ်းတောများ၊ bamboo brakesရွက်ကြွေတောများ ဖုံးလွှမ်းထားသည်။ အာရှဆင်အင်းကျား(Clouded Leopard)၊ ကျားသစ် (Leopard)၊ ပြောင်(Gaur)၊ ကုန်းဖျံ( Common Otter)၊ မျောက်လွဲကျော်မျက်ခုံးဖြူ(Hoolock gibbon)၊ ဆတ်(Sambar Deer)၊ ဒရယ်(Hog Deer)၊ ချေ(ဂျီ) ( Barking Deer)၊ ပသျှူးဝက်ဝံ(နေဝက်ဝံ)(Malaysian Sun Bear)၊ ဟိမဝန္တာ ဝက်ဝံ (လဝက်ဝံ(သို့)ဝက်ဝံရင်ခေါင်းဖြူ) (Himalayan Black Bear) စသည့် နို့တိုက်သတ္တဝါမျိုးစိတ် (၉)ခုရှိသည် ဟုမှတ်တမ်းတင်ထားသည်။ လွန်ခဲ့သော နှစ် ၃၀ ခန့်က ကျားများကို တွေ့ရှိခဲ့ရသော်လည်း ယခုအခါတွင် မျိုးတုန်း ပျောက်ကွယ်သွားပြီ ဖြစ်ပါသည်။ အများအပြားတွေရလေ့ရှိသော အာရကန်တောလိပ်များမှာလည်း ပျက်သုန်းလာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်(၁၉၀၈ ခုနှစ်တွင် တွေ့မြင်ခဲ့ရပြီး ပျက်သုဉ်းသွားပြီဟု ဆိုရာမှ ၁၉၉၄ ခုနှစ်တွင် ပြန်လည်တွေ့ရှိခဲ့ရ)။ ငှက်မျိုးစိတ် (၁၂၃)မျိုးကို တွေ့ရှိရသည်။ ထိုအထဲတွင် Bamboo Woodpecker (Gecinulus viridis)၊ Great Hornbill (Buceros bicornis) ၊ Red-headed Trogon (Harpactes erythrocephalus)၊ Green-billed Malkoha (Phaenicophaeus tristis)၊ Vernal Hanging Parrot (Loriculus vernalis)၊ နှင့် Green Lora တို့ပါဝင်သည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

ဘေးမဲ့တော၏တောင်ဘက်ပိုင်းသည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ထိစပ်နေသောအပိုင်းဖြစ်ပြီး ပြောင်များနှင့် ခေျ(ဂျီ)များသည် အသားစားရန်အလို့ငှာ သတ်ဖြတ်ခြင်းခံနေရသည်။ ဆင်များကို ကုန်သွယ်မှုအတွက် ခိုင်းစေခြင်းခံနေရပြီး ပသျှူးဝက်ဝံများသည် ထိုင်းနိုင်ငံသို့ ဝက်ဝံခြေ(ဝံခြေ) များရောင်းချရန် သတ်ဖြတ်ခြင်းခံရသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

ဒေသခံလူမျိုးများသည် ဆန်ဝယ်ရန်နှင့် ကျောင်းစရိတ်များ ပေးခေျရန်အတွက် အမဲလိုက်ရခြင်းဖြစ်သည် ဟုဆိုသဖြင့် ပထမအကြိမ် သဘောတူညီချက်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ချုပ်ဆိုခဲ့ပြီး ထိုချုပ်ဆိုခဲ့သော သဘောတူညီချက်အရ ဆန်များဖြည့်တင်းပေးခြင်း၊ ဆရာ(၂)ယောက်အတွက် လစာများထောက်ပံခြင်း၊ စိုက်ခင်းများသစ်တောများ ထောက်ပံခြင်းများပြုလုပ်ခဲ့သည်။ ဒုတိယသဘောတူညီချက်ကို ၂၀၀၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သည်။

ကိုးကား

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. Report: Myanmar Protected Area (2011)
  3. Indo-Myanmar Conservation Archived 17 February 2015 at the Wayback Machine.
  4. Mekong Protected Areas and Climate Change Implications for Livelihoods and Development(Case study:Rakhine Yoma Elephant Range)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.