မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

မောစ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ထားဝယ်ခရိုင်တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိသည်။ တောင်၊မြောက်၊ အလယ် မောစ်ကော့ကျွန်းများကို ပေါင်းစည်း၍ ဘေးမဲ့တောအဖြစ် တည်ထောင်ထားခြင်း ဖြစ်ပြီး အက်ဒမန်ပင်လယ်၏ မြောက်ဘက်တွင်တည်ရှိသည်။

တည်နေရာ

မြောက်လတ္တီတွဒ်၁၄°၀၄'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၅၀'၊ ရေဖြူမြို့နှင့် လောင်းလုံမြို့နယ်များအတွင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် တည်ရှိသည်။ ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၄၉.၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ

ကျောက်ဆောင်၊ ကျောက်တုံးများပေါများသော ကျွန်းများမှတပါး ကျန်ဒေသများကို အမြဲစိမ်းတော ၇၅ ရာခိုင်းနှုန်းဖုံးလွှမ်းထားသည်။ ကျောက်ဆောင် ကျောက်ဂူများပေါများသော ကျွန်းများတွင် ဇီဝဇိုးငှက်(Collocalia fuciphaga) အသိုက်များပြုလုပ်ကြပြီး ငှက်သိုက်များသည် စီပွားရေးဈေးကွက်အရ ဝယ်ယူလိုမှု အလွန်မြင့်မားသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

မောင်းမကန်ကျွန်း(အလယ်ကျွန်း)တွင် တပ်မတော် (ရေ)၏ ကာကွယ်မှုအောက်တွင်ရှိနေသော်လည်း ဇီဝဇိုးငှက်သိုက်များကို အလွန်အမင်း ခွာယူ(ထုတ်ယူ)မှုများ မြင့်မားနေသည်။ ထိုပြင် ရေပြင်သယံဇာတများ သုံးစွဲမှုများကလည်း မြင့်မားနေသည်။

ခရီးသွားလာရေးလုပ်ငန်းများ

ခရီးသွားများကို ကျွန်းထိ လာရောက်ခြင်းကို ကန့်သတ်ထားသည်။ အလယ်မောစ်ကော့ကျွန်း၏ ရှေ့မျက်နှာတွင်ရှိသော ကမ်းရိုးတန်းတွင် တည်ရှိသည့် မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံတွင်ရှိသော လည်ပတ်သွားလာမှုများသော ကမ်းခြေထဲမှ တစ်ခုဖြစ်ကာ ခရီးသွားများကြားတွင် ရေပန်းစားလှသည်။ ထားဝယ်မြို့တောင်ဘက် ၁၅ကီလိုမီတာအကွာတွင် တည်ရှိသည်။

ကိုးကား

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. Report: Myanmar Protected Area (2011)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.