ရေဖြူမြို့

ရေဖြူမြို့သည် မြန်မာနိုင်ငံ အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင် ရေဖြူမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်၏။ ထားဝယ်မြို့၏ အထက် ၁ဝ မိုင်ခန့်အကွာ ထားဝယ်မြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ရေဖြူမြို့နယ်မှာ ထားဝယ်ခရိုင်၏ မြောက်ဘက်အကျဆုံး မြို့နယ်ဖြစ်၍ ၁၅၈၂ စတုရန်း မိုင် ကျယ်ဝန်းသည်။ သူကြီးပိုင်နယ်ပေါင်း ၃၅ ခု ပါဝင်သည်။ ရေဖြူသည် ၁၉၀၁ ခုက လူဦးရေ ၂၆၉ ဦးသာ ရှိသော ရွာကြီးတရွာ ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄,၇၄၄ ယောက်[1] ရှိသည်။ ရေဖြူမြို့အနီး နဘူးလယ်ရွာတွင် ဗုဒ္ဓခြေတော်ရာ တဆူ ရှိသည်။ ဖူးသင့်လှသည်။ [2]

ရေဖြူမြို့
မြန်မာနိုင်ငံရှိ မြို့များ
ရေဖြူမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 14°15′N 98°12′E
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုငထားဝယ်ခရိုင်
မြို့နယ်ရေဖြူမြို့နယ်
လူဦးရေ (၂၀၁၄)၄,၇၄၄[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ရေဖြူမြို့နယ်သည် ထားဝယ်မြို့၏ ကျောထောက်နောက်ခံနယ် တစ်နယ်ဖြစ်၍ ဆန်စပါး၊ ကျွန်းသစ်နှင့် သတ္တုများ ထွက်သည်။ နယ်အတွင်း၌ အဓိကအလုပ်အကိုင်မှာ ဆန်စပါး စိုက်ပျိုးခြင်း ဖြစ်သည်။ ရေဖြူနယ် ကံဘောက်သတ္တုတွင်းက အဖြိုက်နက် သတ္တု အဓိက ထုတ်လုပ်ပြီး၊ ခဲမဖြူနှင့် ရောနှော ထွက်သည်။

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၇၄။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.