ကလိန်အောင်မြို့

ကလိန်အောင်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။

ကလိန်အောင်မြို့
မြန်မာနိုင်ငံရှိ မြို့များ
ကလိန်အောင်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 14°37′28″N 98°08′38″E
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီး
ခရိုင်ထားဝယ်ခရိုင်
မြို့နယ်ရေဖြူမြို့နယ်
လူဦးရေ (၂၀၁၄)၂၁,၈၆၅[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ကလိန်အောင်သည် ထားဝယ်မြစ်၏ အရှေ့ဘက်ကမ်းနံဘေးတွင် တည်၏။ ကလိန်အောင်အနီးတွင် ရှေးခေတ် အောင်သာဝတီမြို့ဟောင်း တည်ရှိသည်။ အနောက်မြောက်ဘက် ကုန်းမြင့်ထက်တွင် ဘုရားငါးဆူ တည်ရှိသည်။ ကလိန်အောင်မှ နက္ခတ်ခွင်ပါ ရှေးဟောင်း ကျောက်ချပ်ကြီး တချပ် တူးဖော်ရရှိ ခဲ့ဖူးသဖြင့် ရှေးဟောင်းသုတေသီများအတွက် လေ့လာစူးစမ်းရန် အခွင့်ကောင်း ဖြစ်သည်။[2]

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၇၄။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.