ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် (Khakaborazi National Park) သည် ကချင်ပြည်နယ်နောင်မွန်းမြို့နယ်တွင် တည်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ အကျယ်အဝန်းမှာ ၁၄၇၂ စတုရန်းမိုင် (၃၈၁၀ စတုရန်းကီလိုမီတာ) ရှိသည်။

တည်နေရာ

မြောက်လတ္တီတွဒ်၂၈°၀၄'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၅၀'၊ နောင်မွန်းမြို့နယ် ကချင်ပြည်နယ်တွင်တည်ရှိသည်။

သဘာဝအရင်းအမြစ်များ

အမြဲစိမ်းတော၊ ထင်းရှူးတော၊ ရွက်ကြွေတော(အပေါ်ပိုင်းစိုစွတ်) စသည့်တို့သည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၏ သစ်တောအမျိုးအစားများဖြစ်သည်။ ကတိုးချေ ၊ ရှားပါးပန်ဒါနီများ၊ သားမင်းတောင်ဆိတ်နီ (Red goral) များကိုတွေ့ရှိရသည်။ ပန်ဒါနီများသည် ရှာပါးသတ္တဝါများဖြစ်ပြီး ကမ္ဘာပေါ်တွင် ယခုအခါ ၁၀,၀၀၀ အောက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။

ခရီးသွားလာရေးလုပ်ငန်းများ

လမ်းပန်းဆက်သွယ်ရေး

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

  • ရေခဲဖုံးတောင်များပေါ်သို့ တက်ရောက်နိုင်ခြင်း၊
  • ဧရာဝတီမြစ်ဖျားခံရာဒေသပတ်ဝန်းကျင် အခြေအနေများ လေ့လာ နိုင်ခြင်း၊
  • သာယာလှပသောသဘာဝရေမြေ တောတောင်ရှုခင်းများ ခံစား ကြည့်ရှုနိုင်ခြင်း၊
  • အပင်နှင့် တိရစ္ဆာန်မျိုးစိတ်သစ်များ လေ့လာရှာဖွေ ဖော်ထုတ် နိုင်ခြင်း၊
  • ဒေသခံ ရဝမ်လီဆူး၊ မြန်မာ-တိဘက်လူမျိုး များ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် လူနေမှုစနစ်များကို လေ့လာနိုင်ခြင်း၊
  • ရှားပါးတိရစ္ဆာန်ဖြစ်သည့် သားမင်းကတိုးချေရေခဲတောင်ဆိတ်ဂျီနက်ဖက်ဂျီ တို့အပြင် လိပ်ပြာနှင့် အင်းဆက်ပိုးများအား လေ့လာ နိုင်ခြင်း။

[1]

ကိုးကား

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. Report: Myanmar Protected Area (2011)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.