တောကြောင်

တော‌ကြောင်ကို ဇီဝ‌ဗေဒအလိုအရ ‘ဖဲလစ်‌ကေးအပ်’ဟု ‌ခေါ် သည်။ ‌ကိုယ်အရွယ်အစား အလယ်အလတ်ရှိသော ကြောင်တစ်မျိုး ဖြစ်သည်။အရှေ့အလယ်ပိုင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်ပြည်တောင်ပိုင်း တို့တွင် တွေ့ရသည်။ စိမ့်တောများတွင် ကျက်စားသည်။

တောကြောင်
သဘာဝထိန်း​သိမ်းခြင်းအခြေအနေ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက တိရစ္ဆာန်
မျိုးပေါင်းစု Chordata
မျိုးပေါင်း နို့တိုက်သတ္တဝါ
မျိုးစဉ် Carnivora
မျိုးရင်း ကြောင်မျိုးရင်း
မျိုးစု Felis
မျိုးစိတ် F. chaus
ဒွိနာမ
Felis chaus
အမည်ကွဲ
Schreber, 1777
ကမ္ဘာပေါ်ရှိ တောကြောင်များ ကျက်စားရာ နေရာပြ မြေပုံ

သားမွေးမှာ သဲရောင်၊ နီညိုရောင် (သို့မဟုတ်) မီးခိုးရောင် တပြင်တည်းရှိပြီး အ စက်အပြောက် မရှိပေ။ မိတ်လိုက်ရာသီနှင့် ရင်သွေးကိုစောင့်ရှောက်နေသော မိခင်တောကြောင်မများမှလွဲလျှင် များသောအားဖြင့် တစ်ကောင်တည်း နေတတ် ကြသည်။[1]

သွင်ပြင်လက္ခဏာ

ခေါင်းနှင့်ကိုယ်သည် အရှည် ၂ ‌ပေ‌ကျော်ခန့်ရှိ၍ အမြီး သည် တစ်‌ပေခန့်ရှည်သည်။ ကိုယ်အ‌လေးချိန်မှာ ၁၀ ‌ပေါင်နှင့် ‌ပေါင် ၂၀ ကြားတွင်ရှိတတ်သည်။ ‌တော‌ကြောင်သည် ‌ခြေတံ ရှည်၏။ သို့‌သော် အမြီးတိုသည်။ အစိမ်း‌ရောင်သန်း‌သော မျက်စိများသည် ကြမ်းကြုတ်‌သော အမူအရာကို ‌ဖော်ပြလျက်ရှိ ‌လေသည်။ အ‌မွှေးသည် မွဲပြာ‌ရောင်မှ အဝါနှင့်မွဲပြာ‌ရောင် ‌ရော ထား‌သောအ‌ရောင်ထိ အ‌ရောင်အမျိုးမျိုးရှိနိုင်သည်။ အမြီးတွင် အမည်း‌ရောင်ကွင်းများရှိ၍ အမြီးဖျားသည်မည်း၏။ ‌ခြေဖျားများ သည် အဝါနု‌ရောင်ဖြစ်၍ ‌ခြေဖဝါးများသည် အမည်းသို့မဟုတ် အညိုပုပ်‌ရောင်ဖြစ်သည်။ နားရွက်များသည် နီ၍ အဖျားရှိ အ‌မွှေးက‌လေးများသည် မည်း၏။ ကိုယ်၏‌အောက်ပိုင်းမှာ အ‌ရောင်ပို၍ ‌ဖျော့သည်။ ထိုပြင် ကိုယ်၏‌အောက်ပိုင်းနှင့် ခါးပိုင်း၏နံ‌ဘေးတွင်လည်း အစင်းများရှိသည်။

တွေ့ရှိရာဒေသနှင့် ပျံ့နှံ့ကျက်စားပုံ

တောကြောင်သည် အရှေ့တိုင်းနိုင်ငံများတွင် တွေ့ရသော ကြောင်ရိုင်းတစ်မျိုး ဖြစ်သည်။ အရှေ့အလယ်ပိုင်း၊ အိန္ဒိယတိုက်ငယ်၊ အာရှအလယ်ပိုင်းအရှေ့တောင်အာရှသီရိလင်္ကာနှင့် တရုတ်ပြည်တောင်ပိုင်းတို့တွင် တွေ့ရသည်။‌ ‌တော‌ကြောင်နှင့် မျိုးချင်းတူ ‌သော်လည်း ကိုယ်‌နေ အချိုးအစားနှင့် အ‌မွှေးအ‌ရောင်ချင်း မတူ သော အခြား‌တော‌ ကြောင်မျိုးများလည်း ရှိ‌သေးသည်။

ကျက်စားပုံအလေ့အထ

‌တော‌ကြောင်သည် ‌ခြောက်‌သွေ့‌သောအရပ်များတွင် ‌နေထိုင် ‌လေ့ရှိသည်။ အများအားဖြင့် မြက်‌တော၊ ချုံ‌တောနှင့် ကိုင်းထူ ထပ်‌သော မြစ်ကမ်းပါးများတွင် ‌နေ‌လေ့ရှိသည်။ နံနက်နှင့် ည‌နေခင်းတွင် အစာရှာ ထွက်‌လေ့ရှိသည်။ ကွင်းထဲ၌ ‌တော ‌ကြောင် သွားလာ‌ရွေ့ရှားပုံသည် ကျားသစ်သွားလာပုံနှင့်တူ၏။ နို့တိုက်သတ္တဝါက‌လေးများနှင့် ငှက်များကို အစာအဖြစ် ဖမ်း ယူစား‌သောက်သည်။ မြို့ရွာအနီးသို့ ‌ရောက်ရှိလာ‌သောအခါ အိမ်၌‌မွေးမြူထား‌သော ကြက်၊ ဘဲတို့ကို ဖမ်းယူစား‌လေ့ရှိသည်။

အလွန်လျှင် မြန်သန်စွမ်းလှသဖြင့် သူ့ထက်ကြီးမား‌သော သားကောင်များကိုပင် ဖမ်းယူနိုင်‌လေသည်။ ‌တော‌ကြောင်‌ပေါက် ပွားပုံနှင့်စပ်ဆိုင်‌သော အ‌လေ့အကျင့်ကိုမူ အတိအကျမသိရပေ။ သို့သော် တစ်နှစ်လျှင် နှစ်ကြိမ်သား‌ပေါက်သည်ဟုဆို သည်။ ‌တောကြောင်က‌လေးများကို အိမ်‌ကြောင်များကဲ့သို့ ယဉ်ပါး‌အောင် ‌မွေးမြူနိုင်သည်။ အချို့အရပ်များတွင် ‌တော‌ ကြောင်ကို ဟင်းလျာအတွက် ဖမ်းဆီး‌လေ့ရှိကြသည်။ [2]

ကိုးကား

  1. Gray, T.N.E.; Timmins, R.J.; Jathana, D.; Duckworth, J.W.; Baral, H.; Mukherjee, S. (2016). "Felis chaus". IUCN Red List of Threatened Species. Version 2017-3. International Union for Conservation of Nature.
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.