သစ်ကြောင်
သစ်ကြောင်(Prionailurus bengalensis)သည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှ ၏ ကုန်းပိုင်းဒေသတွင် နေထိုင်ကျက်စားသော ကြောင်ရိုင်းအငယ်စား ဖြစ်သည်။ ၂၀၀၂ ကတည်းက ၎င်းကြောင်မျိုးသည် ကျယ်ပြန့်စွာ နေထိုင်နိုင်သောကြောင့် အိုင်ယူစီအင် စာရင်းနီတွင် စိုးရိမ်စရာ အနည်းဆုံး အဖြစ် စာရင်းသွင်း ခံရသော်လည်း၊ နေထိုင်ရာ ဘုံ ပျောက်ဆုံးခြင်း၊ အချို့ မျိုးအုပ်စုများ အမဲလိုက်ခံရခြင်းတို့ဖြင့် ခြိမ်းခြောက်ခံ နေရသည်။[1]
သစ်ကြောင် | |
သဘာဝထိန်းသိမ်းခြင်းအခြေအနေ | |
သိပ္ပံနည်းကျမျိုးခွဲခြင်း | |
လောက | တိရစ္ဆာန် |
မျိုးပေါင်းစု | Chordata |
မျိုးပေါင်း | နို့တိုက်သတ္တဝါ |
မျိုးစဉ် | Carnivora |
မျိုးရင်း | ကြောင်မျိုးရင်း |
မျိုးစု | Prionailurus |
မျိုးစိတ် | P. bengalensis |
ဒွိနာမ | |
Prionailurus bengalensis | |
အမည်ကွဲ | |
(Kerr, 1792) | |
သစ်ကြောင် တွေ့ရှိရာဒေသ |
အာရှတိုက်နှင့် ဆန်းဒါးကျွန်းများရှိ သစ်ကြောင်ကို မျိုးစိတ် တခုတည်းအဖြစ် သမိုင်းကြောင်းအရ ယူဆကြသည်။ ၂၀၁၇ တွင် ဆန်းဒါးကျွန်း၌ တွေ့ရသော သစ်ကြောင်ကို သီးခြားမျိုးစိတ် ပရိုင်ယိုနေးလရပ် ဂျာဗနစစ် (Prionailurus javanensis) အဖြစ် အသိအမှတ် ပြုလိုက်သည်။[2]
သစ်ကြောင်မျိုးစိတ်ခွဲများသည် သားမွေးအရောင်၊ အမြီးအရှည်၊ ဦးခေါင်းခွံ ပုံသဏ္ဌာန်နှင့် သွားအရွယ်အစားနှင့် ကျယ်ပြန့်စွာ ကွဲပြားသည်။[3] တရုတ်ပြည်မှ ရှေးဟောင်း သက်သေအရ သစ်ကြောင်သည် အိမ်မွေးတိရစ္ဆာန် အဖြစ် စတင် ယဉ်ပါးသော ပထမဆုံး ကြောင်မျိုးစိတ် ဖြစ်သည်ဟု ညွှန်ပြနေသည်။[4]
တွေ့ရှိရာအရပ်များ
သစ်ကြောင်သည် အာရှတိုက်ရှိကြောင်ရိုင်းအငယ်စားများအနက် တွေ့ရှိရာအရပ် အကျယ်ပြန့်ဆုံး ဖြစ်သည်။ ၎င်းတို့ကို ရုရှားအရှေ့ဖျားရှိ အမာဒေသမှသည် ကိုရီးယားကျွန်းဆွယ်၊ တရုတ်ပြည်၊ အင်ဒိုချိုင်းနား၊ အိန္ဒိယတိုက်ငယ်တို့တွင် တွေ့ရသည်။ ယင်းတို့ကို ပါကစ္စတန်မြောက်ပိုင်းအထိ တွေ့ရသည်။[5]ဂျပန်ပြည်တွင် ယင်းတို့ကို အီရီယိုမိုတေးကျွန်းနှင့် ကျူရှီးမားကျွန်းတို့တွင်သာ တွေ့ရသည်။ [6][7]
ကိုးကား
- Ross, J.; Brodie, J.; Cheyne, S.; Hearn, A.; Izawa, M.; Loken, B.; Lynam, A.; McCarthy, J.; Mukherjee, S.; Phan, C.; Rasphone, A. & Wilting, A. (2015). "Prionailurus bengalensis". IUCN Red List of Threatened Species. Version 2016.2. International Union for Conservation of Nature.

- Groves, C. P. (1997). "Leopard-cats, Prionailurus bengalensis (Carnivora: Felidae) from Indonesia and the Philippines, with the description of two new subspecies". Zeitschrift für Säugetierkunde. 62: 330–338.

- Sunquist, M.; Sunquist, F. (2002). Wild cats of the World. Chicago: University of Chicago Press. pp. 225–232. ISBN 0-226-77999-8.
- Imaizumi, Y. (1967). A new genus and species of cat from Iriomote, Ryukyu Islands. Journal of Mammalian Society Japan 3(4): 74.
- Ministry of the Environment, Tsushima Wildlife Conservation Center (2005). National Endangered Species Tsushima Leopard Cat - English Version.