နှင်းကျားသစ်


နှင်းကျားသစ်သည် ပင်သီရာအန်စီအား မျိုးစိတ်ဖြစ်၍ ကြောင်မျိုးရင်း ဝင်ဖြစ်ပြီး အာရှအလယ်ပိုင်းတွင် နေထိုင်လေ့ ရှိကြသည်။ နှင်းကျားသစ်ကို ကျားသစ် အဖြစ်ခေါ်ဆိုကြသော်လည်း ကျားသစ်အကောင်အသေးများနှင့် သာ ခပ်ဆင်ဆင်တူပြီး အမျိုး အနေဖြင့် နီးကပ်စွာ ဆက်နွယ်မှု မရှိကြပေ။

နှင်းကျားသစ်
သဘာဝထိန်း​သိမ်းခြင်းအခြေအနေ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက သတ္တလောက
မျိုးပေါင်းစု Chordata
မျိုးပေါင်း နို့တိုက်သတ္တဝါ
မျိုးစဉ် Carnivora
မျိုးရင်း ကြောင်မျိုးရင်း
မျိုးစု ပင်သီရာ
မျိုးစိတ် ပင်သီရာအန်စီအား
ဒွိနာမ
ပင်သီရာအန်စီအား
Linnaeus, 1758
အမည်ကွဲ
ကမ္ဘာပေါ်ရှိ နှင်းကျားသစ်များ ကျက်စားရာ နေရာပြ မြေပုံ


ပုံပန်းသဏ္ဌာန်

နှင်းကျားသစ်များသည် အရှည်အားဖြင့် ၁.၄ မီတာခန့် ရှည်လျားကြပြီး အမြီးအရှည်မှာ ၉၀ စင်တီမီတာမှ ၁၀၀ စင်တီမီတာ အထိ ရှည်လျားလေ့ ရှိကြသည်။ ၎င်းတို့သည် အလေးချိန်အားဖြင့် ၇၅ ကီလိုဂရမ် အထိ ရှိတတ်သည်။ နှင်းကျားသစ် တို့တွင် မီးခိုးရောင် နှင့် အဖြူရောင် အမွှေးများနှင့် အနက်ရောင် အစက်အပြောက်များ ရှိတတ်သည်။ ၎င်းတို့၏ အမြှီးတွင် အစင်းများ ရှိတတ်သည်။ နှင်းကျားသစ်တို့၏ အမွှေးများမှာ အအေးဒဏ်ခံနိုင်ရန် အတွက် ရှည်လျား ထူထပ်နေလေ့ ရှိသည်။ ၎င်းတို့၏ ခြေထောက်များမှာလည်း ကြီးမားပြီး အမွှေးထူကြသည်။ ထို့အတွက်ကြောင့် ၎င်းတို့ အနေနှင့် နှင်းထဲတွင် လွယ်ကူစွာ လျှောက်သွားနိုင်ကြသည်။

နှင်းကျားသစ်တို့သည် ၁၅ မီတာခန့်အထိ ဝေးလံစွာ ခုန်နိုင်ကြသည်။ ကြောင်မျိုးရင်းဝင် တိရိစ္ဆာန်များအနက် နှင်းကျားသစ် တစ်မျိုးသာလျှင် ကြောင်ကဲ့သို မအော်နိုင် မဟိန်းနိုင်ကြပေ။

နေထိုင်မှုဘဝ

နှင်းကျားသစ်တို့သည် အများအားဖြင့် ညဘက်တွင် ကျက်စားလေ့ ရှိပြီး တစ်ကောင်တည်း နေထိုင်လေ့ ရှိကြသည်။ ရက် ၁၀၀ ခန့် ကိုယ်ဝန်ဆောင်ပြီးနောက်တွင် နှင်းကျားသစ်မသည် ကလေး ၂ ကောင် ၃ကောင်ခန့်ကို မွေးလေ့ ရှိသည်။ သူတို့သည် အလွန်ကြီးမားသော ကြောင်မျိုးရင်းဝင် တိရိစ္ဆာန်များ ဖြစ်ပြီး လူတို့သည် ၎င်းတို့ကို အမွှေးအတွက် သတ်ဖြတ်လေ့ ရှိကြသည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.