ကွန်ဂိုသမ္မတနိုင်ငံ
ကွန်ဂိုသမ္မတနိုင်ငံကို ကွန်ဂို(ဘရာဇာဗီးလ်) (Congo-Brazzaville) ဟုလည်းကောင်း၊ လစ်တဲလ်ကွန်ဂို ဟုလည်းကောင်း၊ ကွန်ဂိုနိုင်ငံ ဟုလည်းကောင်း ခေါ်ဆိုကြပြီး အာဖရိကအလယ်ပိုင်းရှိ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်သည်။ ဂါဘွန်နိုင်ငံ၊ ကင်မရွန်းနိုင်ငံ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အင်ဂိုလာနိုင်ငံ၏ ကဗင်ဒါပြည်နယ်၊ ဂီနီပင်လယ်ကွေ့ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိနေသည်။
ကွန်ဂို သမ္မတနိုင်ငံ Republic of the Congo République du Congo (ပြင်သစ်) | |||||
---|---|---|---|---|---|
| |||||
ဆောင်ပုဒ်: "Unity, Work, Progress" | |||||
နိုင်ငံတော် သီချင်း: "The Congolese" | |||||
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘရာဇာဗီးလ်မြို့ | ||||
ရုံးသုံး ဘာသာစကားများ | ပြင်သစ်ဘာသာ၊ Kituba၊ Lingala | ||||
အမျိုးအစား | သမ္မတ အစိုးရ | ||||
အစိုးရ | |||||
• သမ္မတ | Denis Sassou Nguesso | ||||
တည်ထောင် | |||||
• လွတ်လပ်ရေး (ဘယ်လ်ဂျီယမ်မှ) | ဩဂုတ် ၁၅၊ ၁၉၆၀ | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၁၃၂,၀၄၇ စတုရန်းမိုင် (၃၄၂,၀၀၀ km 2) (အဆင့်: ၆၄) | ||||
• ရေထု (%) | ၃.၃ | ||||
လူဦးရေ | |||||
• ခန့်မှန်း | ၃,၆၈၆,၀၀၀[1] (အဆင့် - ၁၂၈) | ||||
• သိပ်သည်းမှု | ၁၀.၈ /km 2 (၂၇.၉ / စတုရန်းမိုင်) (အဆင့် - ၂၀၄) | ||||
GDP (PPP) | ခန့်မှန်း | ||||
• စုစုပေါင်း | ၁၇.၁၀၈ ဘီလီယံ[2] | ||||
• Per capita | ၄,၄၂၆ [2] | ||||
HDI | ၀.၄၈၉[3] နိမ့် · ၁၂၆ | ||||
ငွေကြေး | အလယ်အာဖရိက ဖရန့် | ||||
အချိန်ဇုန် | +၁ | ||||
တယ်လီဖုန်းကုဒ် | +၂၄၂ | ||||
Internet TLD | .cg |
ကွန်ဂိုမြစ်ဝကျွန်းပေါ်ဒေသနှင့် ကုန်ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်ကြသော ဘန်တူလူမျိုးစုများက အများစုဖြစ်သည်။ ယခင်က ပြင်သစ်ကိုလိုနီဖြစ်ခဲ့သည်။ [4] ၁၉၆၀တွင် လွတ်လပ်ရေးလာပြီးနောက် ကွန်ဂိုသမ္မတနိုင်ငံဖြစ်လာသည်။ ယင်းနောက် ၁၉၇၀မှ ၁၉၉၁အထိ မာ့ခ်စ်-လီနင်ဝါဒီ တစ်ပါတီစနစ်ဖြင့် ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာသည်။ ၁၉၉၂မှစပြီး ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်ပွဲများကျင်းပခဲ့သည်။ ၁၉၉၇တွင် ပြည်တွင်းစစ် ဖြစ်ပွားပြီး ဒီမိုကရေစီအစိုးရအဖွဲ့မှာ အာဏာသိမ်းခြင်းခံရသေးသည်။
ကိုးကား
- Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12.
- Republic of the Congo။ International Monetary Fund။ 2011-04-21 တွင် ပြန်စစ်ပြီး။
- | Human Development Reports
- CIA – The World Factbook – Congo, Republic of the။ Cia.gov။ 2008-12-26 တွင် ပြန်စစ်ပြီး။