ဗဟိုအာဖရိကသမ္မတနိုင်ငံ

ဗဟိုအာဖရိကသမ္မတနိုင်ငံ (Central African Republic - CAR) အာဖရိကအလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သည်။ မြောက်ဘက်တွင် ချဒ်၊ အရှေ့ဘက်တွင် ဆူဒန်၊ တောင်ဘက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ကွန်ဂိုသမ္မတနိုင်ငံ၊ အနောက်ဘက်တွင် ကင်မရွန်းနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ စုစုပေါင်း ကုန်းမြေဧီရိယာ ၂၄၀,၀၀၀ စတုရန်းမိုင် (၆၂၃,၀၀၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး ၂၀၀၈ခုနှစ် ခန့်မှန်းလူဦးရေမှာ ၄.၄သန်းဖြစ်သည်။ မြို့တော်မှာ ဘန်ဂီမြို့ (Bangui) ဖြစ်သည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံ
Central African Republic

République centrafricaine
Ködörösêse tî Bêafrîka
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "Unité, Dignité, Travail"  (French)
"Unity, Dignity, Work"
နိုင်ငံတော် သီချင်း: La Renaissance  (French)
E Zingo  (Sango)
မြို့တော်
နှင့် အကြီးဆုံးမြို့
Bangui
ရုံးသုံး ဘာသာစကားများဆန်ဂိုဘာသာပြင်သစ်ဘာသာ
လူမျိုးစုCentral African
အမျိုးအစားသမ္မတနိုင်ငံ
အစိုးရ
 သမ္မတ
François Bozizé
 ဝန်ကြီးချုပ်
Faustin-Archange Touadéra
ဥပဒေပြုလွှတ်တော်National Assembly of the Central African Republic
Independence from France
 ပြင်သစ်ထံမှ လွတ်လပ်ရေး ရရှိ
August 13, 1960
ဧရိယာ
 စုစုပေါင်း
622,984 km2(240,534 sq mi) (အဆင့်: 43)
 ရေထု (%)
0
လူဦးရေ
 2009 ခန့်မှန်း
4,422,000[1] (အဆင့် - 124)
 2003 သန်းခေါင်စာရင်း
3,895,150
 သိပ်သည်းမှု
7.1/km2 (အဆင့် - 223)
GDP (PPP)2009 ခန့်မှန်း
 စုစုပေါင်း
$3.309 billion[2]
 Per capita
$745[2]
GDP (nominal)2009 ခန့်မှန်း
 စုစုပေါင်း
$1.986 billion[2]
 Per capita
$447[2]
Gini (1993)61.3[3]
အလွန်မြင့်
HDI (2007)0.369
နိမ့် · 179th
ငွေကြေးCentral African CFA franc (XAF) (XAF)
အချိန်ဇုန်West Africa Time (UTC+1)
 နွေရာသီ (DST)
not observed (UTC+1)
ယာဉ်ကြောစနစ်right[4]
တယ်လီဖုန်းကုဒ်236
Internet TLD.cf

ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ နယ်မြေအများစုမှာ ဆူဒန်-ဂီနီဆားဗားနား (Sudano-Guinean savannas) မြက်ခင်းများ ဖြစ်သည်။ မြောက်ပိုင်းတွင် ဆာဟယ်လို-ဆူဒန်နီးယန်း (Sahelo-Sudanian) ဇုန် ဆားဗားနားမြက်ခင်းများ နှင့် တောင်ပိုင်းတွင် အီကွေတာသစ်တောများ ဖုံးလွှမ်းလျှက် ရှိသည်။ နိုင်ငံ၏ သုံးပုံနှစ်ပုံမှာ ကွန်ဂိုမြစ် (Congo River) အတွင်းသို့ စီးဝင်သော အူဘန်ဂီမြစ်ဝကျွန်းပေါ်ဒေသ(Ubangi River)တွင် တည်ရှိသည်။ ကျန်သုံးပုံတစ်ပုံမှာ နိုင်ငံမြောက်ပိုင်းရှိ ချဒ်ရေကန်ကြီး (Lake Chad) အတွင်းသို့ စီးဝင်သည့် ချာရီမြစ်ဝကျွန်းပေါ်ဒေသ (Chari River) တွင် တည်ရှိနေသည်။

တိုင်းပြည်၏ နယ်မြေအများစုမှာ အူဘန်ဂီ-ချာရီ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိနေသောကြောင့် ပြင်သစ်တို့က ယင်းဒေသကို အူဘန်ဂီ-ချာရီ ဟုခေါ်ဆိုခဲ့သည်။ ၁၉၅၈တွင် ပြင်သစ်ကိုလိုနီအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်ပိုင်းတစ်စ ရရှိသော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၀၊ ဩဂုတ်လ (၁၃)ရက်တွင် လုံးဝလွတ်လပ်ရေး ရရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်(၃)ခုကျော်ကြာမျှ ပြည်သူမှ ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်ခံရသူမဟုတ်သည့် သမ္မတများက အုပ်ချုပ်ခဲ့သည်။ စစ်အေးကာလပြီးဆုံးချိန်တွင် ယင်းစနစ် အဆုံးသတ်သွားခဲ့သည်။

ပထမဆုံး ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲများကို ကုလသမဂ္ဂ၏ အကူအညီဖြင့် ၁၉၉၃တွင် ကျင်းပခဲ့သည်။ အန်ဂ်ဖယ်လိစ်ပတ်တတ်စ် (Ange-Félix Patassé) အာဏာ ရလာခဲ့သည်။ ၂၀၀၃ခုနှစ်တွင် လူထုထောက်ခံမှုမရတော့ပဲ ပြင်သစ်ကျောထောက်နောက်ခံပြုထားသော ဗိုလ်ချုပ်ဖရန်စစ်ဘိုဇစ် (François Bozizé) က အာဏာသိမ်းခဲ့သည်။ ၂၀၀၅ခုနှစ်၊ မေလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် ဖရန်စစ်ဘိုဇစ် အနိုင်ရပြီး အာဏာရလာခဲ့သည်။ ၂၀၀၇ခုနှစ်တွင် အလုပ်သမားသပိတ်များကြောင့် ၂၀၀၈ခုနှစ်တွင် အစိုးရအဖွဲ့ ပြုတ်ကျခဲ့သည်။ ၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်ဖြစ်သု ဖော်စတင်အာချန်တိုဝါဒယ်ရာ (Faustin-Archange Touadéra) အာဏာရလာသည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံအတွင်းရှိ ရွာတစ်ရွာ

ဗဟိုအာဖရိကသမ္မတနိုင်ငံသည် အာဖရိက အဆင်းရဲဆုံး (၁၀)နိုင်ငံစာရင်း (poorest countries in the world) တွင် ပါဝင်သည်။ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index) ၀.၃၆၉ သာရှိသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂နိုင်ငံအနက် အဆင့် ၁၇၉ ဖြစ်သည်။ [5] သို့ရာတွင် ၂၀၀၁ခုနှစ်က ဂေဟဗေဒမဂ္ဂဇင်း (The Ecologist magazine) မှ သိသိသာသာဖွံ့ဖြိုးတိုးတက်မှုရှိသောနိုင်ငံအဖြစ် ခန့်မှန်းခဲ့သည်။ [6]

ကိုးကား

  1. Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12.
  2. Central African Republic International Monetary Fund။ 2010-04-21 တွင် ပြန်စစ်ပြီး။
  3. Distribution of family income – Gini index The World Factbook CIA။ 2009-09-01 တွင် ပြန်စစ်ပြီး။
  4. Which side of the road do they drive on? Brian Lucas. August 2005. Retrieved 2009-01-28.
  5. List of countries by Human Development Index
  6. HS Foreign 24.4.2001 – Did the Central African Republic surpass Finland in environmental affairs? .hs.fi။ 4 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-27 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.