ကွမ်းသီးကျွန်း

ကွမ်းသီးကျွန်း (အင်္ဂလိပ်: Kabosa Island[1]) သည် မြိတ်ကျွန်းစုတွင် ပါဝင်သော ကျွန်းတစ်ခုဖြစ်ကာ ၇ ကီလိုမီတာခန့် ရှည်လျားသည်။ လေးထောင့်ဆန်ဆန် ပုံသဏ္ဌာန်ရှိကာ တနင်္သာရီကျွန်း၏ မြောက်ဖက် ၁၅ ကီလိုမီတာခန့်အကွာ မြိတ်ကျွန်းစု၏ အနောက်မြောက်ဖက်စွန်းတွင် တည်ရှိသည်။ သစ်ပင်များနှင့် တောင်ကုန်းထူထပ်သော ကျွန်းဖြစ်သည်။ အမြင့်ဆုံးနေရာမှာ ၃၉၆ မီတာမြင့်သည်။

ကွမ်းသီးကျွန်း
ကွမ်းသီးကျွန်း၏ တည်နေရာ

ကိုးကား

  1. Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.