တနင်္သာရီကျွန်း

တနင်္သာရီကျွန်း (အင်္ဂလိပ်: Tenasserim Island[1]) သည် မြိတ်ကျွန်းစုတွင် ပါဝင်သော ကျွန်းတစ်ခုဖြစ်သည်။ ကွမ်းသီးကျွန်း၏ တောင်ဖက် ၁၅ ကီလိုမီတာအကွာ၊ မြိတ်ကျွန်းစု၏ အနောက်မြောက်ဖက်စွန်းတွင် တည်ရှိသည်။ ၁၀ ကီလိုမီတာခန့် ရှည်လျားပြီး မညီမညာပုံသဏ္ဌာန်ရှိသည့် ကျွန်းဖြစ်သည်။ တောထူထပ်သည့်ကျွန်းတစ်ခုဖြစ်ကာ ၄၉၄ မီတာအမြင့်ရှိသော မတ်စောက်သည့် တနင်္သာရီတောင်ထွတ်သည် ကျွန်းရှိ အမြင့်ဆုံးနေရာ ဖြစ်သည်။

တနင်္သာရီကျွန်း
တနင်္သာရီကျွန်း တည်နေရာပြ မြေပုံ

ကိုးကား

  1. Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.