စားပွဲတောင်တိုက်စားမိဖုရား

စားပွဲတောင်တိုက်စားမိဖုရားသည် မင်းတုန်းမင်း‎မိဖုရား‎တစ်ပါး ဖြစ်သည်။ စားပွဲတောင်တိုက်စားသည် မင်းတုန်းမင်းသားဘဝကတည်းက ကောက်ထားသော ကိုယ်လုပ်တော် ဖြစ်ပြီး ၁၂၁၆ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်နေ့တွင် ကျင်းပသော ဥကင်တော်ဖွင့်အခမ်းအနားတွင် သီရိမင်္ဂလာရုဇာမဟေဘွဲ့ ပေးသည်။ မိဖုရားလတ် အဆင့် ရှိသည်။ နောက်ပိုင်းတွင် မလ္လာဒေဝီဘွဲ.ပေးကာ ဒေဝီအဆင့် မိဖုရား ဖြစ်လာသည်။ သမီးတော်သုံးပါး၊ သားတော်တစ်ပါး ထွန်းကားခဲ့ရာ အကြီးဆုံးသမီးတော်နှင့် တတိယသားတော်တို့မှာ ငယ်စဉ်ကပင် လွန်သွားခဲ့ ကြသဖြင့် သမီးတော်နှစ်ပါးသာ သက်ရှိထင်ရှား ကျန်ခဲ့သည်။ ပင်းထိပ်ခေါင်တင်‎နှင့် မိုးမိတ်ထိပ်ခေါင်တင်‎တို့ ဖြစ်သည်။ စားပွဲတောင်တိုက်စားသည် သက်ဆိုးမရှည်ရှာပေ။ ၁၂၁၉ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ရက်နေ့(ခရစ်နှစ်၁၇-၁၀-၁၈၅၇) တွင်ကံကုန်တော်မူသည်။ [1]


ကိုးကား

  1. မောင်သန်းဆွေ(ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.