မိုးမိတ်ထိပ်ခေါင်တင်
မိုးမိတ်ထိပ်ခေါင်တင်သည် မင်းတုန်းမင်းနှင့် စားပွဲတောင်တိုက်စားမိဖုရားတို့၏ တတိယသမီးတော် ဖြစ်သည်။ အကြီးဆုံးအမတော်နှင့် အငယ်ဆုံးမောင်တော်တို့မှာ ငယ်စဉ်ကပင် လွန်သွားခဲ့ပြီး အမတော် ပင်းထိပ်ခေါင်တင်သာ ကျန်ရှိသည်။ မိုးမိတ်ထိပ်ခေါင်တင် ငယ်ရွယ်စဉ်ကပင် မယ်တော် စားပွဲတောင်တိုက်စားမိဖုရားသည် ၁၂၁၉ခုနှစ် (၁၈၅၇ခုနှစ်) တန်ဆောင်မုန်းလဆန်း ၁ရက် နေ့တွင် ကံကုန်တော်မူခဲ့သည်။ မယ်တော် ကံကုန်သည့်လတွင်ပင် မိုးမိတ်ထိပ်ခေါင်တင်အား တောင်တွင်းချောင်မြို့ကို စားကျေးပေးတော်မူသည်။ နောက်မှ တောင်တွင်းချောင်မြို့နှင့်လဲ၍ မိုးမိတ်မြို့ကို စားကျေးပေးတော်မူသည်။ ပင်းထိပ်ခေါင်တင် နှင့် မိုးမိတ်ထိပ်ခေါင်တင် ငယ်ရွယ်စဉ်ကပင် မယ်တော်ကံကုန်တော်မူခဲ့သောကြောင့် စကြာဒေဝီ မိဖုရားခေါင်ကြီးက နန်းထက်တွင် ကြည့်ရှုစောင့်ရှောက်ထားသည်။ [1]
ကိုးကား
- မောင်သန်းဆွေ(ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.