ဆည်တို

ဆည်တိုကျေးရွာ သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်မလှိုင်မြို့နယ် တွင် တည်ရှိသည်။ ဆည်တိုကျေးရွာအုပ်စု ဆည်တိုရွာတွင် ကျေးရွာပေါင်း(၈) ရွာပါဝင်ပြီး ယင်းတို့မှာ ရွှေပြည် (ခြောက်ပေါက်ကြီး)၊ နေပြည် (ခြောက်ခွဲ)၊ ရွာမ၊ ကသစ်ပင်၊ ရွှေဆည် (ဆည်ကွဲ)၊ ငွေဆည် (သဲကန်)၊ ညောင်းကုန်း၊ ရွာသစ်တို့ဖြစ်သည်။ ဆည်တိုသည် နှစ်ပေါင်း(၉၅၀)ကျော်ကပင် ရွာတည်ခဲ့ပြီး မလှိုင်မြို့နယ်၏အရှေ့ဘက်နှင့်တောင်ဘက်တွင် မိတ္ထီလာမြို့နယ်၊အနောက်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်၊မြောက်ဘက်တွင် တောင်သာမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။ ဆည်တိုသည် ရှေးယခင်က နာမည်မှာ ဆီပိုဖြစ်ပြီး ခေတ်အလိုက်ပြောင်းလဲလာ၍ ဆီပိုမှ ဆည်တိုဟု ခေါ်ဆိုခဲ့ကြသည်။ စစ်သူကြီး ရွှေဒါးဗိုလ် အပိုင်းရနယ်မြေတစ်ခုဖြစ်ပြီး အနော်ရထာမင်းကြီးတည်ထားခဲ့သည့် ရွှေဘုန်းသာစေတီ တည်ရှိသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်းကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်အမိန့်ကြော်ငြာစာအမှတ်(အထ(၂))ဖြင့် ကျေးရွာအုပ်စု/ရွာအဖြစ်သတ်မှတ်ခဲ့သည်။

ဆည်တို
ဆည်တို
ဆည်တို တည်နေရာ
ကိုဩဒိနိတ်: 20°56′46.2″N 95°35′54″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မိတ္ထီလာ
မြို့နယ်မလှိုင်
ကျေးရွာအုပ်စုဆည်တို
စာတိုက်သင်္ကေတ05201
အစိုးရ
  ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ဝင်း[15/20]
လူဦးရေ (၂၀၁၄)
  ကိုးကွယ်ရာဘာသာဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဒေသထွက်ကုန်

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထန်းလျက်၊ ဝါ တို့ အများအပြား ထွက်ရှိသော ဒေသဖြစ်သည်။

ဆည်တိုဒေသရှိအစိုးရဌာနများ

တိုက်နယ်ဆေးရုံ(၁၉၆၃)ခုနှစ်တွင်တည်ဆောက်၊ အ.ထ.က ကျောင်း၊ မူလတန်းကျောင်း(၃)ကျောင်း၊ အလယ်တန်း(၂)ကျောင်း၊ ရဲစခန်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၊ သမဝါယမရုံး၊ ဝါအဝယ်ဒိုင်၊ စိုက်ပျိုးရေးရုံး၊ သစ်တောရုံးတို့ရှိသည်။ ဘုန်းတော်ကြီးကျောင်း (၈) ကျောင်းရှိသည်။ စည်ပင်မှ ဖွင့်လှစ်ပေးထားသော (၅)ရက်တစ်ပတ် ဈေးတစ်ခုရှိသည်။ ကုတင်(၁၆)ဆံ့ တိုက်နယ်ဆေးရုံအသစ်ကြီးကို ၂၀၁၅ ခုနှစ်တွင် ထပ်မံဆောက်လုပ်ပြီးစီးခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် အရည်အသွေးမပြည့်မှီသောကြောင့် စစ်ဆေးကာ ပြန်လည် မွန်းမံရန် ပြင်ဆင်ခဲ့သည်။ လူမှုကူညီရေးအသင်းအဖြစ် စိတ္တသုခ အသင်း ဖွဲ့စည်းထားသည်။ ၂၀၁၇ ခုနှစ်၊ တွင် ကျေးရွာ မီးသတ်ကားတစ်စီးနှင့် ယာယီ မီးသတ်ရုံး ရရှိခဲ့သည်။[1]

ကိုးကား

  1. အထွေထွေအုပ်ချုပ်ရေးရုံမှတ်တမ်းနှင့် ဆည်တိုသမိုင်းစာအုပ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.