ဆိုမာလီယာနိုင်ငံ

ဆိုမာလီယာနိုင်ငံကို တရားဝင်အခေါ်အားဖြင့် ဆိုမာလီယာသမ္မတနိုင်ငံဟု ခေါ်ဆိုပြီး ယခင် ကွန်မြူနစ်များအုပ်ချုပ်စဉ်က ဆိုမာလီ ဒီမိုကရက်တစ် သမ္မတနိုင်ငံဟု ခေါ်ဆိုခဲ့ကြသည်။ အာဖရိကဦးချိုတွင် တည်ရှိသော နိုင်ငံ ဖြစ်သည်။ ၁၉၉၁ ခုနှစ် ပြည်တွင်းစစ် စတင် ဖြစ်ပွားကတည်းက နိုင်ငံ၏ နေရာ အတော်များများတွင် ဗဟိုအစိုးရ၏ ထိန်းချုပ်မှု မရှိပေ။ နိုင်ငံတကာမှ အသိအမှတ်ပြုထားသော ကြားဖြတ် ဖက်ဒရယ်အစိုးရမှ နိုင်ငံ၏ အစိတ်အပိုင်း သေးသေးကလေးကိုသာ အုပ်ချုပ်နိုင်သည်။ ဆိုမာလီယာနိုင်ငံအား မဖြစ်မြောက်သော နိုင်ငံတစ်နိုင်ငံ အဖြစ် အမျိုးအစားခွဲခြား သတ်မှတ်ကြပြီး ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနှင့် အကြမ်းတမ်းဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ဆိုမာလီယာ သမ္မတနိုင်ငံ
Somali Republic
Jamhuuriyadda Soomaaliya
جمهورية الصومال
အလံတော် အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: Somalia, Wake Up
မြို့တော်
နှင့် အကြီးဆုံးမြို့
မိုဂါဒစ်ရှူးမြို့
ရုံးသုံး ဘာသာစကားများဆိုမာလီအာရပ်
အမျိုးအစားညွန့်ပေါင်းအစိုးရ
အစိုးရ
 သမ္မတ
Mohamed Abdullahi Mohamed
 ဝန်ကြီးချုပ်
အက်ဒီဝလီ မိုဟာမက် အလီ
တည်ထောင်
 လွတ်လပ်ရေး ရခြင်းနှင့် ပြည်ထောင်စု တည်ထောင်ခြင်း
ဇူလိုင် ၁၊ ၁၉၆၀
ဧရိယာ
 စုစုပေါင်း
၆၃၇,၆၅၇ km2 (၂၄၆,၂၀၀ စတုရန်းမိုင်) (အဆင့်: ၄၃)
လူဦးရေ
 ခန့်မှန်း
၉,၃၅၉,၀၀၀ (၂၀၁၀)[1] (အဆင့် - ၈၉)
 သိပ်သည်းမှု
၁၄/km² (၃၆/sq mi) (အဆင့် - ၂၀၉)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၅.၈၉၆ ဘီလီယံ (အဆင့် - ၁၅၈)
 Per capita
US $၆၀၀ (အဆင့် - ၂၂၂)
ငွေကြေးဆိုမာလီ ရှီလင်
တယ်လီဖုန်းကုဒ်+၂၅၂
Internet TLD.so

ဆိုမာလီယာနိုင်ငံသည် အာဖရိက၏ အရှေ့ဘက်ဆုံး အပိုင်းတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် ဂျီဘူတီနိုင်ငံ၊ အနောက်တောင်ဘက်တွင် ကင်ညာနိုင်ငံ၊ မြောက်ဘက်တွင် ယီမင်နိုင်ငံ နှင့် အေဒင်ပင်လယ်ကွေ့ ၊ အရှေ့ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ တို့ ရှိကြသည်။ ဆိုမာလီယာနိုင်ငံသည် အာဖရိကတိုက်တွင် ကမ်းရိုးတန်း အရှည်လျားဆုံးသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ မြေပြင်အနေအထားမှာ ကုန်းမြေမြင့်များ၊ လွင်ပြင်များနှင့် ကုန်းမြင့်များ ပါဝင်သည်။ တစ်နှစ်ပတ်လုံး ပူပြင်းပြီး အချိန်မှန်တိုက်ခိုက်သော မုတ်သုံလေနှင့် ပုံမှန်မရှိသော မိုးရွာသွန်းမှုတို့ ရှိသည်။


ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.