တူဗားလူနိုင်ငံ

တူဗားလူနိုင်ငံကို ယခင်က အဲလိုက်စ်ကျွန်းများ ဟု သိရှိ ခေါ်ဆိုခဲ့ကြပြီး ပစိဖိတ်သမုဒ္ဒရာ အတွင်းတွင် ရှိသော ပိုလီနီးရှန်း ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် နှင့် ဩစတြေးလျနိုင်ငံ ကြားတွင် ရှိသည်။ ၎င်းနှင့် အနီးဆုံးသော နိုင်ငံများမှာ ကီရီဘတ်စ်နိုင်ငံနအူရူးနိုင်ငံဆမိုးအားနိုင်ငံ နှင့် ဖီဂျီနိုင်ငံ တို့ ဖြစ်ကြသည်။ တူဗားလူနိုင်ငံတွင် သန္တာကျွန်း ၄ ကျွန်း နှင့် အတိုးလ် (atolls) ကျွန်း ၅ ခု ပါဝင်သည်။ လူဦးရေ ၁၀,၇၄၂ မျှသာ ရှိသဖြင့် ကမ္ဘာပေါ်တွင် တတိယမြောက် လူဦးရေ အနည်းဆုံးနိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၁၀ စတုရန်းမိုင် (၂၆ စတုရန်း ကီလီုမီတာ) မျှသာလျှင် ရှိသည်။ တူဗားလူသည် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အသေးဆုံးနိုင်ငံ ဖြစ်ပြီး ဗာတီကန်စီးတီးထက် ၀.၄၄ စတုရန်း ကီလိုမီတာ (၀.၁၇ စတုရန်းမိုင်) ၊ မိုနာကိုနိုင်ငံထက် ၁.၉၅ စတုရန်းမီတာ ကီလိုမီတာ (၀.၇၅ စတုရန်းမိုင်)၊ နအူးရူနိုင်ငံ ထက် ၂၁ စတုရန်းမိုင် ကီလိုမီတာ (၈.၁ စတုရန်းမိုင်) မျှသာ ပို၍ ကြီးသည်။

တူဗားလူနိုင်ငံ
Tuvalu
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: Tuvalu for the Almighty
နိုင်ငံတော် သီချင်း: Tuvalu for the Almighty
မြို့တော်ဖူနာဖူတီမြို့
ရုံးသုံး ဘာသာစကားများတူဗားလူအင်္ဂလိပ်
အမျိုးအစားပါလီမန် ဒီမိုကရေစီနှင့် စည်းမျဉ်းခံ ဘုရင်စနစ်
အစိုးရ
 ဘုရင်မ
အဲလိဇဘက် ၂
 ဘုရင်ခံချုပ်
Iakoba Italeli
 ဝန်ကြီးချုပ်
Willy Telavi
တည်ထောင်
 လွတ်လပ်ရေး ကြေငြာခြင်း
(ယူကေမှ)
အောက်တိုဘာ ၁၊ ၁၉၇၈
ဧရိယာ
 စုစုပေါင်း
၁၀ စတုရန်းမိုင်(၂၆km²) (အဆင့်: ၂၂၆)
 ရေထု (%)
မပြောပလောက်
လူဦးရေ
 ခန့်မှန်း
၁၀,၅၄၄[1] (အဆင့် - ၂၂၄)
 သိပ်သည်းမှု
၄၇၅.၈၈/km² (၁၁၄၂/sq mi) (အဆင့် - ၂၂)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၃၆ သန်း (အဆင့် - ၂၂၄)
 Per capita
US $၃,၄၀၀ (အဆင့် - ၁၆၄)
ငွေကြေးတူဗာလူဒေါ်လာ
ဩစတြေးလျ ဒေါ်လာ
အချိန်ဇုန်+၁၂
တယ်လီဖုန်းကုဒ်+၆၈၈
Internet TLD.tv

ကိုးကား

  1. The World Factbook (CIA) 1 Sept. 2011 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.