တောင်ဆူဒန်နိုင်ငံ
တောင်ဆူဒန်နိုင်ငံ၏ တရားဝင်အမည်မှာ တောင်ဆူဒန်သမ္မတနိုင်ငံ ဖြစ်ပြီး အရှေ့အာဖရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ လက်ရှိမြို့တော်မှာ ဂျူဘာမြို့ ဖြစ်ပြီး အကြီးဆုံးမြို့လည်း ဖြစ်သည်။ နောက်တွင် မြို့တော်ကို ပို၍ အလယ်ပိုင်းကျသော ရမ်စီယယ်မြို့သို့ ရွှေ့ပြောင်းလိမ့်မည် ဖြစ်သည်။ အရှေ့ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ကင်ညာနိုင်ငံ၊ တောင်ဘက်တွင် ယူဂန်းဒါးနိုင်ငံ ၊ အနောက်တောင်ဘက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ မြောက်ဘက်တွင် ဆူဒန်နိုင်ငံတို့က ဝန်းရံထားသည်။ တောင်ဆူဒန်နိုင်ငံတွင် နိုင်းမြစ်ဖြူကြောင့်ဖြစ်ပေါ်လာသော ကျယ်ပြန့်သော ရွှံ့နွံအိုင်ဒေသ ပါဝင်သည်။
တောင်ဆူဒန် သမ္မတနိုင်ငံ Republic of South Sudan | |||||
---|---|---|---|---|---|
| |||||
ဆောင်ပုဒ်: Justice, Liberty, Prosperity | |||||
နိုင်ငံတော် သီချင်း: South Sudan Oyee! | |||||
![]() | |||||
မြို့တော် | ဂျူဘာမြို့ (ရမ်ဆီယယ်မြို့သို့ ရွှေ့ပြောင်းမည်[1]) | ||||
အကြီးဆုံးမြို့ | ဂျူဘာမြို့ | ||||
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် | ||||
အမျိုးအစား | ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတ အစိုးရ | ||||
အစိုးရ | |||||
• သမ္မတ | Salva Kiir Mayardit | ||||
• ဒု-သမ္မတ | Riek Machar | ||||
တည်ထောင် | |||||
• လွတ်လပ်ရေး ရခြင်း | ဇူလိုင် ၉၊ ၂၀၁၁ | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၆၁၉,၇၄၅ km2 | ||||
လူဦးရေ | |||||
• ခန့်မှန်း | ၈,၂၆၀,၄၉၀ (အငြင်းပွားဆဲ)[2] (အဆင့် - ၉၄) | ||||
ငွေကြေး | တောင်ဆူဒန်ပေါင် | ||||
အချိန်ဇုန် | +၃ | ||||
တယ်လီဖုန်းကုဒ် | +၂၁၁[3] | ||||
Internet TLD | .ss [4] |
ကိုးကား
- South Sudan's capital to move to Ramciel။ Government of South Sudan။ 4 September 2011 တွင် ပြန်စစ်ပြီး။
- "Discontent over Sudan census"၊ News24.com၊ 21 May 2009။ 2011-07-14 တွင် ပြန်စစ်ပြီး။
- "New country, new number: Country code 211 officially assigned to South Sudan" (သတင်းထုတ်ပြန်ချက်)။ International Telecommunication Union။ 14 July 2011။ 2011-07-20 တွင် ပြန်စစ်ပြီး။
- Mbuvi၊ Dennis။ "South Sudan gets own 'ss' domain"၊ CIO East Africa၊ 10 August 2011။ 2011-08-20 တွင် ပြန်စစ်ပြီး။ Archived from the original on 30 September 2011။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.