ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်သည် အင်္ဂလိပ် ကြေးစားဘောလုံး ကလပ်အသင်းများ၏ ​အမြင့်ုံး လိဂ်တစ်ခု ဖြစ်သည်။ ၎င်းသည်လည်း ယူကေ၏ အဓိကကျသော ဘောလုံးပြိုင်ပွဲ တစ်ရပ်ဖြစ်ပြီး ကလပ်အသင်း ၂၀ ပါဝင်ယှဉ်ပြိုင်သည်။ ရာသီပွဲများတွင် စုစုပေါင်း ၃၈ ပွဲ ကန်ပြီး ဩဂုတ်လမှ နောက်တစ်နှစ် မေလအထိ ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲ အများစုကို စနေနှင့် တနင်္ဂနွေနေ့များတွင် ကန်လေ့ရှိပြီး ရံဖန်ရံခါ ကြားနေ့ ညနေပိုင်းတွင်လည်း ကျင်းပတတ်သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပရီးမီးယားရှစ်ပ်ဟု လူသိများပြီး လက်ရှိတွင် ဘာကလေစ်ဘဏ်မှ စပွန်ဆာပြုလုပ်သောကြောင့် ဘာကလေစ် ပရီးမီးယားလိဂ်ဟု ခေါ်သည်။ ၂၀၁၉-၂၀၂၀ ရာသီ၏ လက်ရှိ ချန်ပီယံမှာ လီဗာပူးအသင်း ဖြစ်သည်။

ပရီးမီးယားလိဂ်
နိုင်ငံများအင်္ဂလန်
စတင်သည့်ခုနှစ်ဖေဖော်ဝါရီ ၂၀၊ ၁၉၉၂
အဆင့်1
ဒေသတွင်းဖလားအက်ဖ်အေဖလား
လိဂ်ချန်ပီယံ ဖလားပရီမီးယားလိဂ် ချန်ပီယံ
လက်ရှိချန်ပီယံဆုလီဗာပူး
ချန်ပီယံအများဆုံးမန်ချက်စတာ ယူနိုက်တက်
(၁၃ ကြိမ်)
တီဗွီ ပါတနာSky Sports, ESPN
အင်တာနက်စာမျက်နှာpremierleague.com
လက်ရှိရာသီ၂၀၁၉-၂၀ ပရီးမီးယားလိဂ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.