မန်ချက်စတာ စီးတီး

မန်ချက်စတာစီးတီး
အသင်းအမည်Manchester City Football Club
အခြားအမည်The Citizens, The Blues, City
တည်ထောင်နှစ်၁၈၈၀
as St Mark's (West Gorton)
အိမ်ကွင်းCity of Manchester Stadium
(လူဝင်ဆံ့မှု: 47,726[1])
ပိုင်ရှင်Sheikh Mansour bin Zayed Al Nahyan
ဥက္ကဋ္ဌKhaldoon Al Mubarak
မန်နေဂျာရော်ဘတ်တို မန်စီနီ
ကစားသည့်လိဂ်ပရီးမီးယားလိဂ်
၂၀⁠၁၁–၁၂ပရီးမီးယားလိဂ်၊ ချန်ပီယံ
ဝက်ဘ်ဆိုဒ်Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
တတိယ အရောင်
လက်ရှိ ရာသီ

သမိုင်းကြောင်း

မန်ချက်စတာ စီးတီး ဘောလုံးကလပ်သည် အင်္ဂလိပ် ပရီးမီးယားလိဂ်တွင် ကစားသော ဘောလုံးကလပ် တစ်ခုဖြစ်ပြီး မန်ချက်စတာမြို့ ကစားကွင်းတွင် အခြေစိုက်သော အသင်းဖြစ်သည်။ ၁၈၈၀ ခုနှစ်တွင် စိန့်မတ်ခ် (ဝက်စ် ဂေါ်တွန်) (St. Mark's (West Gorton)) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် အာ့ဒ်ဝစ်ခ် အသင်း (Ardwick Association) အမည် ဖြစ်လာကာ ၁၈၉၄ ခုနှစ်တွင်မှ လက်ရှိ အမည်သို့ ပြောင်းလဲခဲ့သည်။

ကလပ်၏ အအောင်မြင်ဆုံး အချိန်ကာလများမှာ ၁၉၆၀ ခုနှစ်များ နှောင်းပိုင်း နှင့် ၁၉၇၀ နှစ်များ အစောပိုင်းတို့ ဖြစ်ပြီး ထိုအချိန်များတွင် သူတို့သည် လိဂ် ချန်ပီယံရှစ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကို ရရှိခဲ့သည်။ ထိုအချိန်က အသင်းအုပ်ချုပ်သူများမှာ ဂျိုးမာဆာနှင့် မယ်လ်ကွန် အယ်လစ်ဆန် တို့ဖြစ်ပြီး နာမည်ကျော် ကစားသမားများမှာ ကောလင်းဘဲလ်၊ မိုက်ခ် ဆမ်းမားဘီး နှင့် ဖရန်စစ် လီး တို့ ဖြစ်ကြသည်။

၁၉၇၆ ခုနှစ် လိဂ်ဖလား ရရှိပြီးသည့် နောက်ပိုင်းတွင် ကလပ် အနေနှင့် နာမည်ကျော် ဖလား တစ်ခုမှ မရရှိတော့ပေ။ ၁၈၈၀ ခုနှစ် ကလပ် စတင်တည်ထောင်သည့် အချိန်မှစ၍ ဖလားမရသည့် နှစ် အကြာရှည်ဆုံး ကာလပင် ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များတွင် ၃ နှစ်အတွင်း နှစ်ကြိမ်မျှ အောက်တန်း ဆင်းရပြီး ၁၉၉၈-၉၉ ခုနှစ်တွင် ၁၃၁ ခုနှစ် ကလပ် သမိုင်းကာလ အတွင်း ပထမဆုံး နှင့် တစ်ကြိမ်တည်းသော အကြိမ်အဖြစ် တတိယတန်းတွင် ကစားခဲ့ရသည်။ ထိုအချိန်မှစ၍ ကလပ်၏ ခြေစွမ်းပြန်တက်လာခဲ့ပြီး သူတို့၏ သမိုင်းကြောင်းတွင် တောက်ပခဲ့သော အချိန်ကာလများ တွင် ရှိခဲ့သော ခြေစွမ်းကဲ့သို့ ပြန်ဖြစ်လာခဲ့သည်။

၂၀၀၈ ခုနှစ် ဩဂတ်လတွင် အဘူဒါဘီယူနိုက်တက်အုပ်စုမှ ဝယ်ယူခဲ့ပြီးနောက် ကမ္ဘာအချမ်းသားဆုံးကလပ်အသင်းဖြစ်လာခဲ့သည်။ မန်ချက်စတာ စီးတီးအသင်းသည် ၂၀၁၁ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားဝင်ခွင့်ရရှိခဲ့ပြီး ရာသီကုန်တွင် အက်ဖ်အေ ဖလားကိုရယူနိုင်ခဲ့သည်။ ၂၀၁၁-၁၂ ဘောလုံးရာသီတွင် မန်ချက်စတာ စီးတီးအသင်းသည် နှစ်ပေါင်း(၄၄) နှစ်ကြာဝေးကွာနေသော ပရီးမီးယားလိဂ် ဖလားကိုရယူနိုင်ခဲ့သည်။

ပထမ အသင်းလူစာရင်း

As of 2nd September2012.[2]

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
1 GK ဂျိုးဟတ်
2 DF မီကာရစ်ချတ် (ဒုတိယအသင်းခေါင်းဆောင်)
3 DF မိုင်ကွန်
4 DF ကွန်ပနီ (အသင်းခေါင်းဆောင်)
5 DF ဇာဘလက်တာ
6 DF လက်စကော့စ်
7 MF မီလ်နာ
8 MF နာဆရီ
10 FW ဇီကို
11 MF ဆင်ကလဲယား
13 DF ကိုလာရော့
14 FW ဂျာဗီဂါဆီယာ
15 DF စတီဗင်ဆာဗစ်
16 FW အဂူရို
No.   နေရာ   ကစားသမား
17 MF ရော့ဝဲလ်
18 MF ဘယ်ရီ
21 MF ဒေးဗစ်ဆေးလ်ဗား
22 DF ကလစ်ချီ
28 DF ကလိုတိုရေး
29 GK ရစ်ချတ်
30 တမ်းပလိတ်:နိုင်ငံ စာရင်းအင်း ROM GK ပန်တီလီမွန်
42 MF ယာယာတိုရေး
43 FW နီမလီ
45 FW ဘာလိုတယ်လီ
60 FW ဂျွန်ဂူဒီတီ
62 MF ရာဇတ်
MF မိုက်ကယ်ဂျွန်ဆင်

အငှား

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
38 DF ဘိုယတာ (အက်ဖ်စီတွမ်တီး တွင် ရာသီကုန်အထိ အငှားသွားရောက်ကစား)
50 MF အီဗရာဟမ် (စတရောင်း တွင် ရာသီကုန်အထိ အငှားသွားရောက်ကစား)
No.   နေရာ   ကစားသမား
FW ဆန်တာခရုဇ် (မာလာဂါ တွင် ရာသီကုန်အထိ အငှားသွားရောက်ကစား)
DF ဝိမ်းဘရစ် (ဘရိုက်တန် တွင် ရာသီကုန်အထိ အငှားသွားရောက်ကစား)

မန်ချက်စတာ စီးတီးအသင်း၏အောင်မြင်မှုများ

  • အမှတ်ပေးချန်ပီယံ − (၃) ကြိမ် (၁၉၃၆-၃၇၊ ၁၉၆၇-၆၈၊ ၂၀၁၁-၁၂)
  • အက်ဖ်အေ ဖလားချန်ပီယံ − (၅) ကြိမ် (၁၉၀၄၊ ၁၉၃၄၊ ၁၉၅၆၊ ၁၉၆၉၊၂၀၁၁)
  • ကားလင်းဖလား − (၂) ကြိမ် (၁၉၇၀၊ ၁၉၇၆)
  • ကွန်မြူနတီဒိုင်းချန်ပီယံ − (၃) ကြိမ် (၁၉၃၇၊ ၁၉၆၈၊ ၁၉၇၂၊ ၂၀၁၂)
  • ဥရောပရှုံးထွက်ဖလား − (၁) ကြိမ် (၁၉၇၀)


ကိုးကား

  1. Stadium History Manchester City Football Club 8 February 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2009 တွင် ပြန်စစ်ပြီး။
  2. First Team Manchester City F.C။ 2nd September2012 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.