ပါရာဂွေးနိုင်ငံ

ပါရာဂွေးနိုင်ငံ၏ တရားဝင်အမည်မှာ ပါရာဂွေးသမ္မတနိုင်ငံ ဖြစ်ပြီး တောင်အမေရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် အာဂျင်တီးနားနိုင်ငံ ၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် ဘရာဇီးနိုင်ငံ ၊အနောက်မြောက်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံ တို့က ဝန်းရံထားသည်။ ပါရာဂွေးနိုင်ငံသည် ပါရာဂွေးမြစ်၏ မြစ်ကမ်းနှစ်ဖက်စလုံးတွင် တည်ရှိပြီး ထိုမြစ်မှာ နိုင်ငံ၏ အလယ်ပိုင်းတွင် မြောက်မှတောင်သို့ ဖြတ်သန်း စီးဆင်းလျှက် ရှိသည်။ တောင်အမေရိက၏ အလယ်ပိုင်းတွင် ရှိသောကြောင့် တခါတရံတွင် အမေရိက ၏ နှလုံးသားဟု တင်စားခေါ်ဝေါ်ကြသည်။

ပါရာဂွေး သမ္မတနိုင်ငံ
República del Perú  (စပိန်)
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: ငြိမ်းချမ်းရေးနှင့် တရားမျှတရေး
နိုင်ငံတော် သီချင်း: "Paraguayans, Republic or Death"
မြို့တော်
နှင့် အကြီးဆုံးမြို့
အာဆွန်စီယွန်မြို့
ရုံးသုံး ဘာသာစကားများစပိန်ဂွါရာနီ
လူမျိုးစုParaguayan
အမျိုးအစားစည်းမျဉ်းခံ သမ္မတနိုင်ငံ
အစိုးရ
 သမ္မတ
ဖာနန်ဒို လူဂို
 ဝန်ကြီးချုပ်
ဖက်ဒရီကို ဖရန်ကို
တည်ထောင်
 လွတ်လပ်ရေး (စပိန်မှ)
မေလ ၁၁ရက်၊ ၁၈၁၁
ဧရိယာ
 စုစုပေါင်း
၄၀၆,၇၅၂ km2 (496,225 mi2) (အဆင့်: ၅၉)
 ရေထု (%)
၂.၃
လူဦးရေ
 ခန့်မှန်း
၆,၄၆၀,၀၀၀ (၂၀၀၉)[1] (အဆင့် - ၁၀၃)
 သိပ်သည်းမှု
၁၄.၂/km2 (၃၉/mi2) (အဆင့် - ၂၀၄)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
$၃၃.၃၀၆ ဘီလီယံ [2]
 Per capita
$၅,၂၀၂[2]
HDI ၀.၆၄၀[3]
အလယ် · ၉၆
ငွေကြေးဂွာရာနီ
အချိန်ဇုန်PET (UTC-5)
တယ်လီဖုန်းကုဒ်+၅၉၅
Internet TLD.py

၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၆.၃ သန်းခန့် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ အဆွန်စီယုန်းမြို့ ဖြစ်သည်။ ရုံးသုံးဘာသာစကားများမှာ စပိန်ဘာသာ နှင့် ဂွာရာနီ ဘာသာစကားတို့ ဖြစ်ကြပြီး တစ်နိုင်ငံလုံးတွင် ထိုဘာသာနှစ်မျိုးစလုံးကို ကျယ်ပြန့်စွာ သုံးစွဲကြသည်။ လူဦးရေ အများစုမှာ ဥရောပနှင့် တိုင်းရင်းသား သွေးနှောသူများ ဖြစ်ကြသည်။

၁၆ ရာစု ဥရောပသားတို့ မရောက်မီကတည်းကပင် ဂွာရာနီတို့သည် ပါရာဂွေးတွင် နေထိုင်လျှက် ရှိကြပြီး နောက်တွင် ပါရာဂွေးသည် စပိန် ကိုလိုနီအင်ပိုင်ယာ၏ တစိတ်တဒေသ ဖြစ်လာသည်။ ပါရာဂွေးသည် ၁၈၁၁ ခုနှစ်တွင် စပိန်မှ လွတ်လပ်ရေး ရခဲ့သည်။

ပါရာဂွေး၏ မြို့တော် အဆွန်စီယုန်းမြို့

ကိုးကား

  1. Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12.
  2. Paraguay International Monetary Fund။ 2011-04-21 တွင် ပြန်စစ်ပြီး။
  3. Human Development Report 2010 United Nations (2010)။ 5 November 2010 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.