လီဗာပူးလ် ဘောလုံးအသင်း

လီဗာပူးလ်ကလပ်သည် အင်္ဂလိပ် ပရီးမီးယားလိဂ် အတန်းတွင်ကစားနေသော ဘောလုံးကလပ် အသင်းတစ်သင်းဖြစ်ပြီး အင်္ဂလိပ် ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးအသင်းလည်းဖြစ်သည်။ အမြင့်အတန်းဟူ၍ သတ်မှတ်ထားသော အဆင့်တွင် ဆုဖလား ၁၈ ကြိမ်ရထားပြီး အက်ဖ်အေ(FA) ဖလားအား ၇ ကြိမ်ရထားသော အသင်းလည်းဖြစ်သည်။ ချန်ပီယံလိဂ် ဖလားအား ၆ကြိမ်ရရှိထားပြီး ယင်းသည် အင်္ဂလိပ်စံချိန်တင်ရရှိမှုလည်းဖြစ်သည်။ လိဂ်ဖလားအားလည်း ၈ ကြိမ်ရရှိထားသည်။

အသင်းအမည်Liverpool Football Club
အခြားအမည်ကြိုးကြာနီများ
တည်ထောင်နှစ်၁၈၉၂ မတ်လ ၁၅ ရက်
(by John Houlding)
အိမ်ကွင်းAnfield
(လူဝင်ဆံ့မှု: 54,074[1])
ပိုင်ရှင်Fenway Sports Group
ဥက္ကဋ္ဌTom Werner
မန်နေဂျာJurgen Klopp
ကစားသည့်လိဂ်ပရီးမီးယားလိဂ်
၂၀၂၀ပရီးမီးယားလိဂ်၊ချန်ပီယံ
ဝက်ဘ်ဆိုဒ်Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
တတိယ အရောင်
လက်ရှိ ရာသီ

ကလပ်အသင်းအား ၁၈၉၂ တွင်စတင်တည်ထောင်ခဲ့ပြီး ဘေရှန်ကလေ(Bill Shankly) မန်နေဂျာ မဖြစ်မှီအထိ အောင်မြင်မူ့ အနည်းအကျဉ်းသာ ရရှိခဲ့သည်။ ရှန်ကလေလက်ထက်တွင် လိဂ်ချန်ပီယံရှစ် ခေါင်းစဉ်အောက်တွင် သုံးကြိမ်ဖလားရယူနိုင်ခဲ့ပြီး အက်ဖ်အေဖလားအား နှစ်ကြိမ်ရယူနိုင်ခဲ့သည်။ ကလပ်သမိုင်း၌ ပထမဆုံးသော ဥရောပဖလားကိုလည်း ရှန်ကလေလက်ထက် တွင် စတင်ဆွတ်ခူးနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်းသုံးဆယ်အတွင်း ဥရောပနှင့်အင်္ဂလိပ်ဘောလုံး လောကတွင် အအောင် မြင်ဆုံးအသင်းအဖြစ်ရပ်တည်နိုင်ခဲ့သည်။ ၁၉၇၇ မှ ၁၉၈၄ အတွင်း ဥရောပပြိုင်ပွဲများတွင် စုစုပေါင်း ဖလားလေးလုံးဆွတ်ခူးနိုင်ခဲ့သည်။ ၉ဝနှစ်များအတွင်းတွင် ကလပ်သည်ဖလားလက်မဲ့ဖြစ်ကာ အောင်မြင်မူ့များ မရရှိခဲ့သော်လည်း ၂၀၀၁ တွင်ဖလားများနှင့် ၂၀၀၅ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားအား အီတလီ စီးရီးအေ မှ အေစီ မီလန် ကလပ် အားအံ့အားသင့်ဖွယ်အနိုင်ယူပြီး ရယူနိုင်ခဲ့သည်။

ကလပ်အသင်း၏ မူရင်းအရောင်မှာ အနီနှင့်အဖြူ ဖြစ်သော်လည်း ၁၉၆၀ မှစတင်ကာ ဝတ်စုံတစ်ခုလုံးအား အနီရောင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဒုတိယဦးစားပေးအရောင်အဖြစ် အနက်၊အဝါ နှင့် အဖြူတို့အားလည်း ရာသီအလိုက် အသုံးပြုသည်။

ကလပ်အသင်း၏ တံဆိပ်တွင် ပါရှိသော liverbird ကို အချို့(အထူးသဖြင့် မြန်မာနိုင်ငံတွင်)က ကြိုးကြာနီ ဟု မှားယွင်းစွာ ထင်မှတ်ကြသည်။ Liverbird သည် လင်းယုန် နှင့် တင်ကျီးငှက် ၂မျိုးကို စိတ်ကူးနှင့်ပေါင်းစပ်ပြီး ရေးဆွဲထားသော ဒဏ္ဍာရီ ဆန်ဆန် ငှက် သာ ဖြစ် သည်။ တံဆိပ်တွင်ဆောင်ပုဒ်တစ်ခုလည်း ပါဝင်ပြီး ထိုစာတန်းမှာ You will never walk alone ဟူ၍ဖြစ်သည်။

ကလပ်ပိုင်အားကစားကွင်းမှာ အန်းဖီး(Anfield) ကစားကွင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ကစားကွင်းအသစ်ဖြစ်သော စတန်လေပတ်ခ် (Stanley Park) သို့ပြောင်းရွှေ့ရန် အစီအစဉ်များလည်းရှိသည်။

လီဗာပူးလ်အသင်းတွင် များပြားသော ပရိတ်သတ်အဖွဲ့များလည်းရှိပြီး သမိုင်းကြောင်းရှည်လျားသော အဓိကပြိုင်ဘက်များလည်း ရှိသည်။ လီဗာပူးမြို့ တစ်မြို့တည်း အခြေစိုက်ကလပ်ဖြစ်သော အဲဗာတန် ကလပ် မှာအဓိကပြိုင်ဘက်ဖြစ်၍ ၎င်းတို့နှစ်သင်း တွေ့ဆုံသော ပြိုင်ပွဲများကို မာဆေးဆိုဒ် ဒါဘီ ဟုလည်းခေါ်သည်။ အောင်မြင်မှုရသော ဖလားအကြိမ်အရေအတွက် ပိုများသည့် မန်ချက်စတာယူနိုက်တက် အသင်းနှင့်လည်း ပြိုင်ဆိုင်မှုရှိသည်။

လီဗာပူးလ်အသင်းသည် ဖေဖေါ်ဝါရီ ၂၆ရက်နေ့၊ ၂၀၁၂ခုနှစ်တွင် ကာဒစ်ဖ် အသင်းနှင့် ကာလင်းဖလားဖိုင်နယ်ကစားရာ ၂-၂ သရေကျပြီး ပင်နယ်တီတွင် ၃-၂ဖြင့်နိုင်ကာ ခြောက်နှစ်ဆက် ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့သည်။

non-FIFA nationality.

No. Position Player 3 Brazil MF Fabinho 4 Netherlands DF Virgil van Dijk (third-captain)[125] 5 Netherlands MF Georginio Wijnaldum (fourth-captain)[125] 6 Croatia DF Dejan Lovren 7 England MF James Milner (vice-captain)[126] 8 Guinea MF Naby Keïta 9 Brazil FW Roberto Firmino 10 Senegal FW Sadio Mané 11 Egypt FW Mohamed Salah 12 England DF Joe Gomez 13 Brazil GK Alisson 14 England MF Jordan Henderson (captain)[127] 15 England FW Daniel Sturridge 18 Spain DF Alberto Moreno No. Position Player 20 England MF Adam Lallana 21 England MF Alex Oxlade-Chamberlain 22 Belgium GK Simon Mignolet 23 Switzerland MF Xherdan Shaqiri 24 England FW Rhian Brewster 26 Scotland DF Andrew Robertson 27 Belgium FW Divock Origi 32 Cameroon DF Joël Matip 47 England DF Nathaniel Phillips 48 England MF Curtis Jones 58 Wales FW Ben Woodburn 62 Republic of Ireland GK Caoimhin Kelleher 64 Portugal MF Rafael Camacho 66 England DF Trent Alexander-Arnold

လီဗာပူးလ်အသင်း၏အောင်မြင်မှုများ

  • အမှတ်ပေးချန်ပီယံ − (၁၉) ကြိမ် (၁၉၀၀-၀၁၊ ၁၉၀၅-၀၆၊ ၁၉၂၁-၂၂၊ ၁၉၂၂-၂၃၊ ၁၉၄၆-၄၇၊ ၁၉၆၃-၆၄၊ ၁၉၆၅-၆၆၊ ၁၉၇၂-၇၃၊ ၁၉၇၅-၇၆၊ ၁၉၇၆-၇၇၊ ၁၉၇၈-၇၉၊ ၁၉၇၉-၈၀၊ ၁၉၈၁-၈၂၊ ၁၉၈၂-၈၃၊ ၁၉၈၃-၈၄၊ ၁၉၈၅-၈၆၊ ၁၉၈၇-၈၈၊ ၁၉၈၉-၉၀ ၂၀၁၉-၂၀)
  • အက်ဖ်အေ ဖလားချန်ပီယံ − (၇) ကြိမ် (၁၉၆၅၊ ၁၉၇၄၊ ၁၉၈၆၊ ၁၉၈၉၊ ၁၉၉၂၊ ၂၀၀၁၊ ၂၀၀၆)
  • ကားလင်းဖလား − (၈) ကြိမ် (၁၉၈၁၊ ၁၉၈၂၊ ၁၉၈၃၊ ၁၉၈၄၊ ၁၉၉၅၊ ၂၀၀၁၊ ၂၀၀၃၊ ၂၀၁၂)
  • ကွန်မြူနတီဒိုင်းချန်ပီယံ − (၁၄) ကြိမ် (၁၉၆၄၊ ၁၉၆၅၊ ၁၉၆၆၊ ၁၉၇၄၊ ၁၉၇၆၊ ၁၉၇၇၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၈၂၊ ၁၉၈၈၊ ၁၉၈၉၊ ၁၉၉၀၊ ၂၀၀၁၊ ၂၀၀၆)
  • ချန်ပီယံလိဂ်ဖလား − (၆) ကြိမ် − (၁၉၇၇၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၄၊ ၂၀၀၅၊ ၂၀၁၉)
  • ယူရိုပါလိဂ် − (၃) ကြိမ် (၁၉၇၃၊ ၁၉၇၆၊ ၂၀၀၁)
  • ဥရောပစူပါဖလား − (၄) ကြိမ် (၁၉၇၇၊ ၂၀၀၁၊ ၂၀၀၅-၂၀၁၉) *ကလပ်ကမ္ဘာဖလား -(၁)ကြိမ်

မတော်တဆမှုများ

လီပါပူးပရိတ်သတ်တွေဟာ သေဆုံးမှု ၂ ခုထဲမှာ ပါဝင်ခဲ့ပြီး ပထမအဖြစ်အပျက်ကတော့ ဂျူဗင်တပ် အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ၁၉၈၅ မှာ အုတ်တံတိုင်းပြိုကျမှုကြောင့် ဂျူဗင်တပ် ပရိတ်သတ် ၃၉ ယောက်သေဆုံးခဲ့ပါတယ်။ ဒုတိယ အဖြစ်အပျက်ကတော့ ၁၉၈၉ မှာဖြစ်ပြီး လီပါပူး ပရိတ်သတ် ၉၆ ယောက်ဟာ လူအုံကြွမှုဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။ ထပ်မံဖြည့်စွက်ပေးကြပါ။

ကိုးကား

  1. Liverpool Football Club Premier League။ 23 August 2011 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.