ဖွေးဖွေး

ဖွေးဖွေး သည် မြန်မာနိုင်ငံမှ ကြော်ငြာနှင့် ရုပ်ရှင်မင်းသမီးတလက်ဖြစ်သည်။ [1] သူသည် မြန်မာ့ရုပ်ရှင်လောက၌ လူသိများသော မင်းသမီးဖြစ်သည်။

ဖွေးဖွေး
မွေးဖွားရွှေရည်ကိုဦး
(1988-08-09) ၉ ဩဂုတ်၊ ၁၉၈၈
မိုးကုတ်မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းအ.ထ.က(၂)ကမာရွတ်
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်၊ မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၇–လက်ရှိ
မိဘ(များ)ဦးမောင်ဦး
ဒေါ်သိင်္ဂီ
ရရှိသည့်ဆုများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၂၀၁၂၊ ၂၀၁၃၊ ၂၀၁၈)

ငယ်ဘဝ

၁၉၈၈-ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ရွှေရည်ကိုဦး ဖြစ်သည်။ သူ၏အသားအရည်ကြောင့် မိဘများက သူ့အား ဖွေးဖွေး(အသားဖြူဖွေးခြင်း)ဟု အမည်ပြောင်မှည့်ခေါ်ခဲ့သည်။ သူ၏မိဘများမှာ မိုးကုတ်ကဖြစ်သောကြောင့် သူ့တွင် ရှမ်းသွေးအနည်းငယ်ပါဝင်နေသည်။ ၂၀၀၄-ခုနှစ်တွင် စိန်ဩဂတ်စတင်း အထက်တန်းကျောင်းမှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ၂၀၀၈ခုနှစ်တွင် ကိုရီးယားမေဂျာဖြင့် တက္ကသိုလ်ဘွဲ့ ရခဲ့သည်။

အနုပညာလမ်းကြောင်း

ဖွေးဖွေးသည် ငယ်စဉ်ကပင် အဆိုတော်ဖြစ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။ သူ၏ စိတ်ဝင်စားမှုကြောင့် သူသည် သူငယ်ချင်းများနှင့် စုပေါင်း၍ "Art of Depression" တီးဝိုင်းတည်ထောင်ကာ အဆိုတော်အဖြစ်ပါဝင်ခဲ့သည်။ [2] ကြီးပြင်းလာသည်နှင့်အမျှ စိတ်ဝင်စားမှုသည်လည်း မော်ဒယ်နှင့် သရုပ်ဆောင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူသည် အနုပညာ သရုပ်ဆောင်လောကသို့ မက်စ်ပြက္ခဒိန်တွင် မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ဝင်ရောက်ခဲ့သည်။ [3] နောက်ပိုင်းတွင် သူ့အား တီဗီကြော်ငြာနှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိလာခဲ့သည်။ ၂၀၀၇-ခုနှစ်မှ လက်ရှိအချိန်ထိ သူမသည် ဗီဒီယို ၃၀ကျော်နှင့် မဂ္ဂဇင်းအဖုံးကာဗာများစွာတွင် ပါဝင်ခဲ့ပြီးဖြစ်သည်။ ဗီဒီယိုနှင့် အတူ သူ၏ပထမဆုံး တကိုယ်တော် အယ်လ်ဘမ်ကို အနာဂတ်တွင် ဖြန့်ချီနိုင်ရန် ကြိုးစားနေသည်။

လူမှု ဘဝ

သရုပ်ဆောင်ခြင်း၊ သီချင်းဆိုခြင်း၊ မော်ဒယ်လုပ်ခြင်းတို့ အပြင် ဖွေးဖွေးသည် ဖက်ရှင်ဒီဇိုင်းပြုလုပ်ရာတွင်လည်း ဝါသနာပါသည်။ သူသည် မြန်မာရုပ်ရှင်မင်းသမီးနှင့် မော်ဒယ်ဖြစ်သူ ဝတ်မှုန်ရွှေရည်၏ ညီအစ်မတစ်ဝမ်းကွဲ တော်စပ်သည်။

ရုပ်ရှင်ထူးချွန်ဆု ဆန်ကာတင်နှင့် ဆွတ်ခူးရရှိမှု

ရရှိသောနှစ် ဆုအမျိုးအစား ရရှိသောဇာတ်ကား
၂၀၁၂ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု [4] လက်ပံ
၂၀၁၅ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု [5] ကျွန်မက နှင်းဆီပါမောင်
၂၀၁၈ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရွှေကြာ

Filmography

ခုနှစ်အမည်ဒါရိုက်တာတွဲဖက်သရုပ်ဆောင်
၂၀၀၉နတ်သမီးလေးများရဲ့ကိုယ်ရံတော်သိန်းဟန်ကျော်ရဲအောင်မေကဗျာပုလဲဝင်းသဇင်
၂၀၀၉အပြာရောင်မုသားမျိုးမင်းကျော်ကျော်ဗို နေဆန်းမို့မို့မြင့်အောင်
၂၀၁၀အလင်းပျို့ချိန်မျိုးမင်းရဲတိုက်မို့မို့မြင့်အောင်
၂၀၁၀မြတ်သောကျေးဇူးကြည်ဖြူသျှင်ရဲအောင်အောင်ရဲလင်းမျိုးစန္ဒီထွန်းလှအဉ္ဇလီတင့်
၂၀၁၀၂၄နာရီ တစ်ရက်နေမိုင်အောင်ရဲလင်း၊ မေကဗျာ
၂၀၁၀ကော်ဖီချစ်သူဇော်ကိုကိုနေတိုး၊ ရဲအောင်
၂၀၁၀တစ်ခါကမီးပွားမြင့်မြတ်၊ အေသင်ချိုဆွေ
၂၀၁၀ရင်ခုန်သံဝိုင်းပြေတီဦး
၂၀၁၀မောင်ရှေ့ကိုတည့်တည့်လျှောက်မယ်လေဥက္ကာဘိုမင်းမော်ကွန်း၊ ရဲအောင်၊ ဖိုးကျော်
၂၀၁၀ကန့်ကော်တစ်ပွင့်ကောက်ရထားသည်။မျိုးမင်းမင်းခန့်
၂၀၁၀အဖြူရောင်မာယာထူးသာနေတိုး (ရုပ်ရှင်သရုပ်ဆောင်)၊ ရဲအောင်၊ ဆုပန်ထွာ
၂၀၁၁သုံးရဲဇော်ရဲတိုက်၊ မိုးမိုး
၂၀၁၁ဟန်ဆောင်ကာမူပိုကျော်ဇောလင်းအောင်ရဲလင်း
၂၀၁၁အငြိတစ်ချက်မှာအသက်ပါသွားတယ်မျိုးမင်းခန့်စည်သူ၊ ခိုင်သင်းကြည်
၂၀၁၁ရင်တွင်းအရှုပ်တော်ပုံကျော်ဇောလင်းပြေတီဦး၊ မိုးယုစံ
၂၀၁၁ပင်လယ်မင်းသားကြည်ဖြူသျှင်အောင်ရဲလင်း
၂၀၁၁ချစ်သူအောင်ဘပါဝါရဲတိုက်
၂၀၁၁ကျွန်တော်၏ ဓာတ်တိုင်သားကြီးမင်းမော်ကွန်း၊ ပန်းဖြူ
၂၀၁၁ချွေတာရကောင်းမှန်းမသိအောင်ချစ်တဲ့ကောင်မလေးမျိုးမင်းကောင်းခန့်၊ မင်းထိန်၊ ဝါဆိုမိုးဦး၊ ဆုပြည့်
၂၀၁၁လူညိုချောရဲ့ အတ္ထုပတ္တိဝိုင်းနေမင်း၊ နေဆန်း၊ သူရလင်း၊ လင်းဇာနည်ဇော်၊ ဖူးဖူး၊ ဝါဆိုမိုးဦး၊ အင်ဂျင်း
၂၀၁၁မျက်ရည်အဘိဓာန်ဝိုင်းအောင်ရဲလင်း၊မေကဗျာ
၂၀၁၁ကံကြမ္မာကိုရောင်းစားကြသူများကိုပေါက်မြင့်မြတ်
၂၀၁၁ဆိုက်ကိုဆော့ဖ်ဝဲလ်ဝိုင်းအောင်ရဲလင်း
၂၀၁၂လက်ပံဝိုင်းပြေတီဦး
၂၀၁၄ကျွန်မကနှင်းဆီပါမောင်ဝိုင်းနေတိုး


ရုပ်ရှင်ဇာတ်ကားများ

ခုနှစ် ဇာတ်ကားအမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင်
၂၀၁၈ မုန်းစွဲ ဩရသ နေတိုးမင်းသွေး
၂၀၁၈ သတို့သမီး ဝိုင်း အလင်းရောင် ၊ မေ
၂၀၁၉ ကြာတော့သည်လည်း မောင့်စကား မီးပွား စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း
၂၀၁၉ သူစိမ်းအိမ် ထူးပိုင်ဇော်ဦး လွင်မိုးထွန်းအိန္ဒြာဗိုလ်
၂၀၁၉ ပပဝတီစီရင်ခန်း ဝိုင်း မိုးဟေကို
၂၀၁၉ လှပ်၍လွင့်သော ဝိုင်း မို့မို့မြင့်အောင်၊ ခင်ဝင့်ဝါ

ကိုးကား

  1. ,
  2. http://www.mmtimes.com/no425/t006.htm%5Bလင့်ခ်သေ%5D
  3. mymclub.net
  4. မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း
  5. မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.