ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အင်္ဂလိပ်: All Burma Federation of Student Unions; အတိုကောက် ABFSU) သည် မြန်မာနိုင်ငံရှိ ကျောင်းသားအဖွဲ့အစည်းများအားလုံးအတွက် အဖွဲ့ချုပ်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျောင်းသားများအခွင့်အရေးအတွက် လှုပ်ရှားနေသော အဖွဲ့အစည်း ဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
အင်္ဂလိပ် အမည်All Buram Federation of Student Unions (A.B.F.S.U)
ဥက္ကဋ္ဌသန့်ညီညီဝင်း
အထွေထွေ အတွင်းရေးမှူးမျိုးထက်ဇော်
တည်ထောင်သူအောင်ဆန်း
တည်ထောင်ခြင်းမေလ ၁၉၃၆ (မေလ ၁၉၃၆)
သတင်းစာအိုးဝေမဂ္ဂဇင်း မျိုးညွှန့် မဂ္ဂဇင်း
Student wingသံမဏိတပ်ဖွဲ့
နိုင်ငံရေး သဘောတရားလက်ဝဲဘက်ဝါဒနှင့်နီးစပ်မှုရှိသော်လည်း လက်ယာဝါဒလည်းရှိသည်/
အရောင်အနီ နှင့် အဝါ
ထင်ရှားမှုခေတ်အဆက်ဆက်လွတ်လပ်ရေးကြိုးပမ်းမှု၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး
ဝက်ဘ်ဆိုဒ်
abfsu.org
ပါတီအလံ

ဗကသများအဖွဲ့ချုပ်၏ မူဝါဒ (၆)ချက်

ဗကသများအဖွဲ့ချုပ် ၏ မူဝါဒ (၆)ချက်ကို ၁၉၆၀ခုနှစ် ဆဋ္ဌမအကြိမ်မြောက် ညီလာခံ(ကွန်ဂရက်) မှ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယနေ့အထိ ဆက်လက်အတည်ပြုထားဆဲဖြစ်သည်။

(၁) အမျိုးသားရေး (၂) ဒီမိုကရေစီရေး(ဝါ)စစ်အာဏာရှင်စနစ်ဆန့်ကျင် ရေး (၃) ဒီမိုကရေစီပညာရေး (၄) ငြိမ်းချမ်းရေး (၅) ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး (၆) နိုင်ငံတကာကျောင်းသားညီညွတ်ရေး

ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

၁၉၃၆ ခုနှစ်မှာဖြစ်ပွားခဲ့သော ဒုတိယတက္ကသိုလ် ကျောင်းသားသပိတ်ကြီးအပြီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ တကသ သည်ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖြစ်သာ ဖြစ်နေသည့်အတွက် တနိုင်ငံလုံး၏ ကျောင်းသားအဖွဲ့အစည်းကြီးတခု ဖြစ်ပေါ်တည်ရှိလာရေးလိုအပ်ချက်အရ “ဗကသ" ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ၁၉၃၆ ခု-မေလ ရန်ကုန်တွင်ကျင်းပတဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာကျောင်းသားများကွန်ဖရင့် ဆုံးဖြတ်ချက်အရ "ဗကသ" ကို ဖွဲ့စည်း တည်ထောင်လိုက်ခြင်း ဖြစ်သည်။

၁၉၃၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကြီးမှူးကျင်းပသော စကားရည်လုပွဲတွင် ၁၉၃၅ - ၁၉၃၆ တကသဥက္ကဋ္ဌလည်းဖြစ်၊ သဘာပတိလည်းဖြစ်သူ ဦးနုက ထိုစဉ်က ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး Mr. D.J. Sloss သည် ကျောင်းသားများ၏ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်နေကြောင်း ကျောင်းသားများ ကျွန်စိတ်မွေးမြူမှုနှင့် ကြောက်စိတ်များကို ပယ်ဖျောက်ပစ်သင့်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။ ၁၉၃၅-၃၆ တကသ ဒုတိယ ဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ်ပြီး ဦးအောင်ဆန်းမှာ အိုးဝေမဂ္ဂဇင်း အယ်ဒီတာဖြစ်သည်။

တကသ ဥက္ကဋ္ဌ ဦးနု၏ တက္ကသိုလ်အာဏာပိုင်များအပေါ် ဝေဖန်ပြောဆိုမှုများကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုအကြား မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာခဲ့သည်။ ထိုစဉ်အတွင်း ၁၉၃၆ ခုနှစ် ဇန်နဝါရီလထုတ် အိုးဝေမဂ္ဂဇင်း အတွဲ (၅)၊ အမှတ် (၁) တွင် ယမမင်း (Yamamin) ကလောင်အမည်ဖြင့် ရေးသားထားသော ငရဲခွေးကြီး လွတ်နေသည် (Hell Hound at Large) အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဆောင်းပါးတစ်ပုဒ်နှင့် စပ်လျဉ်း၍ တက္ကသိုလ်အာဏာပိုင်တို့က ၎င်းတို့အား ပုတ်ခတ်ရေးသားထားသောဆောင်းပါးဖြစ်သည်ဟုဆိုကာ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဆန်းကို ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်။ ဦးအောင်ဆန်းက ဆောင်းပါးရှင်ကျောင်းသား၏အမည်မှာ ဦးညိုမြ (ဝါ) ဦးသိန်းတင် (တကသ ပြန်ကြားရေးတာဝန်ခံ) ဟု သိသော်လည်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ဦးအောင်ဆန်းအား တက္ကသိုလ်မှ ထုတ်ပယ်ရန် အာဏာပိုင်များက စီစဉ်ခဲ့ကြသည်။ ထိုအတောအတွင်း ဦးနုကို ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး Mr. Sloss က ကျောင်းမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။ ဦးနုကျောင်းထုတ်ခံရခြင်းနှင့်စပ်လျဉ်း၍ ကျောင်းအုပ်ကြီး Mr. Sloss အား ဦးကျော်ငြိမ်းက သွားရောက်တွေ့ဆုံစေ့စပ်ခဲ့သည်။ ဦးနုအား ကျောင်းထုတ်ခဲ့သည့်အတွက် တကသ အမှုဆောင်အစည်းအဝေးမှ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တက္ကသိုလ်ကျောင်းသားထုအတွင်း မကျေမနပ်ဖြစ်ကာ ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် တက္ကသိုလ်ကျောင်းသားသပိတ်ကို ကျောင်းသားကျောင်းသူ ၇၀ဝ ကျော်ဖြင့် စတင်လိုက်ကြသည်။ သပိတ်မှောက်ကောင်စီဝင် ၃၁ ဦးရှိခဲ့ရာ ဦးနု (နိုင်ငံတော်ဝန်ကြီးချုပ်၊ ဖဆပလအဖွဲ့ချုပ် Anti-Fascist People's Freedom League ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌ)၊ ဦးရာရှစ်၊ ဦးအုန်း၊ ဦးသီဟန်၊ ဦးကျော်ငြိမ်း (နိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ တရားရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဖဆပလဌာနချုပ် (တည်မြဲ) ဒုတိယ ဥက္ကဋ္ဌ)၊ ဦးထွန်းတင်၊ ဦးထွန်းအုံ၊ ဦးလှဖေ (ဗိုလ်လက်ျာ)၊ ဦးဘဆက်၊ သရဲဗအေး၊ ဦးညိုထွန်း၊ ဦးညိုမြ၊ ဦးစိုးမောင်၊ ဒေါ်အမာ (လူထုဒေါ်အမာ)၊ ဒေါ်အုန်း (အမ်အေဒေါ်အုန်း)၊ ဒေါ်မမကြီး၊ ဒေါ်ခင်မြ၊ ဦးလှမောင် (ရမည်းသင်း)၊ တီကေဘွန်း၊ ဦးညွန့်၊ ဦးသန်းတင်၊ ဦးလှခင်မောင်၊ ဦးထွန်းဖေ၊ ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) စသော ကျောင်းသားများ ဦးဆောင်ခဲ့ကြသည်။ တက္ကသိုလ်ကျောင်းသားများ၏သပိတ်အရေး တင်းမာလျက်ရှိနေစဉ်အတွင်း ၁၉၃၆ ခုနှစ်၊ မေလ ၈ ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအစည်းအဝေးကိုခေါ်ယူကာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ကို အောင်မြင်စွာဖွဲ့စည်းခဲ့ပါသည်။

စတင်တည်ထောင်ခဲ့သည့် ၁၉၃၆-၃၇ ခုနှစ်မှသည် ၁၉၄၉-၅၀ ခုနှစ် အထိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ABSU (All Burma Students Union) ဟူ၍ အမည်နာမတွင်ခဲ့သော်လည်း ၁၉၅၁-၅၂ ခုနှစ်မှစပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ABFSU (All Burma Federation of Student Unions) ဟူ၍ အမည်နာမပြောင်းလဲခေါ်တွင်ခဲ့သည်။ ၁၉၅၁-၅၂ ကျောင်းသားလောကတွင် အဓိက အုပ်စု ၂ စုမှာ "သန့်ရှင်း" နှင့် "တိုးတက်" တို့ ဖြစ်သည်။

လှုပ်ရှားမှုများ

ဗိုလ်အောင်ကျော် နှင့် အာဇာနည် ၁၇ ဦး ကျဆုံးခြင်း

၁၃၀၀ ပြည့် အရေးတော်ပုံကြီးအတွင်း ဗကသ၊ တကသ ဦးစီးတဲ့ ကျောင်းသား သပိတ်ကြီးဟာ အလုပ်သမား သပိတ်ကြီးနဲ့ ဟန်ချက်ညီညီ ပေါင်းစပ်ပြီး နယ်ချဲ့သမားကို ပြတ်ပြတ်သားသား တိုက်ပွဲ ဆင်ခဲ့ပါတယ်။ အရေးတော်ပုံကြီး အတွင်း ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် သွေးမြေကျခဲ့ရသလို မန္တလေးမှာ အာဇာနည် (၁၇) ဦးကျဆုံးရတဲ့အထဲ ကျောင်းသားတွေပါဝင်ခဲ့ပါတယ်။

သံမဏိတပ်

နယ်ချဲ့ ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ၁၉၄၆-၁၉၄၇ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်များအား ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အအုံရှေ့ မြက်ခင်းပြင်တွင် အတူတကွ တွေ့မြင်ရသော သမိုင်းဝင် ဓာတ်ပုံ ဖြစ်သည်။

၁၉၃၈ ဗကသ ရဲ့ ဦးဆောင်မှုအောက်မှာ ဗမာပြည် အနယ်နယ်အရပ်ရပ်ကျောင်းများမှာ ကျောင်းသား သံမဏိတပ်များ ပေါ်ပေါက်ခဲ့ပါတယ်။ နောင်ပေါ်ပေါက်လာမယ့် ဗမာ့လွတ်လပ်ရေးတပ်မတော်ဗမာ့ကာကွယ်ရေးတပ်မတော် တွေမှာ ကျောင်းသား သံမဏိ တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြပါတယ်။ ဗကသ က ဦးဆောင်ပြီး တနိုင်ငံလုံးရဲ့ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး နဲ့ ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြတဲ့ ဗကသ ခေါင်းဆောင်တွေကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုဗဟိန်းဦးဗဆွေဦးနုမြို့မ-ဦးသန်းကြွယ်သူရိယ ဦး သန်းမောင်ဒေါက်တာသန်းထွန်းအာဏာရှင် လှရွှေလင်းယုန်နီလင်းယုန်မောင်မောင် ၊ ဦးရန်ဝေး ၊ ဒေါက်တာ မောင်မောင်ကျော် ၊ ဦးစိန်လှ စတဲ့ သူတွေ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် မှာ ဗကသ ခေါင်းဆောင် မြို့မ-ကိုသန်းကြွယ် က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်(အိုင်စီအက်စ်)၊ သခင်ဝတင် နဲ့ အခြားတိုင်းရင်းသား ခေါင်းဆောင် တို့နှင့် အတူ ပင်လုံညီလာခံ မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂရဲ့ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့တယ်။

လွတ်လပ်ရေး ရပြီးခေတ်

လွတ်လပ်ရေးကြေငြာပြီး ခေတ်မှာလည်း ဗကသ ကြီးဟာ တကသ ကြီးနဲ့အတူ ဂုဏ်ပြောင်တဲ့ ကျောင်းသားထု တိုက်ပွဲကြီးပေါင်း များစွာကို ဆင်နွှဲခဲ့ပါတယ်။ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ပြီး ပြည်သူလူထု ရဲ့ အကျိုးစီးပွား ဘက်က စဉ်ဆက်မပြတ်ရပ်တည်ခဲ့တဲ့အတွက် အုပ်စိုးသူ အစိုးရအဆက်ဆက်ရဲ့ မုန်းတီးဖိနှိပ်မှု ကိုလည်း ခံခဲ့ရပါတယ်။ ကိုကိုးကျွန်းအထိ အပို့ခံခဲ့ရတဲ့ကျောင်းသားခေါင်းဆောင်တွေ ပေါ်ပေါက်ခဲ့ရပါတယ်။ မရေတွက်နိုင်လောက်အောင် အဖမ်းအဆီးခံခဲ့ကြရပါတယ်။ တချို့ကျောင်းသားခေါင်းဆောင်၊ ဗကသ ခေါင်းဆောင်တွေ တောတွင်းရောက်ကြရပါတယ်။

လွတ်လပ်ရေး ကြေငြာပြီးခေတ် နောက်ပိုင်း ထင်ရှားခဲ့ကြတဲ့ ဗကသ ခေါင်းဆောင်တွေကတော့

  • ကိုလှဝင်း
  • ကိုဇော်ဝင်း
  • ကိုစိန်ဝင်း (သုံးခွ)
  • ကိုခင်မောင်အုန်း
  • ကိုတင်ထွန်း (ဖျာပုံ)
  • ကိုသက် (ဒေးဒရဲ)
  • ဦးတင်အေး (မြို့မ)
  • ကိုစိုးဝင်း (မန္တလေး) စတဲ့ သူတွေ ဖြစ်ပါတယ်။

အာဏာရှင်အစိုးရ များ နှင့် ဗကသ

၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရ တက်လာတာကို ဗကသ ကြီးက ဆန့်ကျင်ကန့်ကွက်ခဲ့သလို၊ ၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေးကောင်စီ အာဏာသိမ်း စစ်အစိုးရကိုလည်း ရှေ့ဆုံးတန်းကနေ ပြတ်ပြတ် သားသား ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်နေဝင်း စစ်အစိုးရက ဗကသ၊ တကသ အပေါ် မကြေနိုင် မချမ်းနိုင် မုန်းတီး ရန်ငြိုးသိုရင်း အပြတ် နှိပ်ကွပ် ပစ်နိုင်ဘို့ အကွက်ချပြင်ဆင်ခဲ့ပါတယ်။

ဆဲဗင်းဇူလိုင်

တမ်းပလိတ်:Maing ရလဒ်အဖြစ် (၇) ရက် ဇူလိုင်အရေးတော်ပုံကြီး ပေါ်ထွက်လာရပြီး ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်း ခံခဲ့ပါတယ်။ မြို့မကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဗကသ ဝင်ကျောင်းသားတွေ သွေးမြေကျကြရသလို ဗကသ ခေါင်းဆောင် တွေလည်း အဖမ်းအဆီးခံခဲ့ကြရပါတယ်။ တချို့ တောတွင်း ဆင်းသွား ရပါတော့တယ်။ ဗိုလ်ချုပ်ကြီး နေဝင်း စစ်အစိုးရ ဟာ ဗကသ၊ တကသ တို့ရဲ့ တရားဝင် တည်ရှိခွင့် အနေအထားကို လုံးဝ ဖျက်သိမ်းပစ်ခဲ့ပါတယ်။ဒိုင်းကိုယ်စီ ကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပတ်တုတ်နှင့် ရိုက်သူကရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့ပါတယ်။ ကျောင်းသားတစ်ချို့ ရင်ဘတ်သို့ထိမှန်ခဲ့၍ လဲသူလဲ ကွဲသူကွဲဖြစ်ကုန်ပါတယ်။ ကျောင်းသားများလည်း သွေးရဲရဲ သံရဲရဲဖြစ်လာပါတယ်။စစ်သားများဟာ စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတစလျှောက်ရှိ ကျောင်းသားထုထဲသို့ အလစပ် ပစ်ခတ်ကြပါတယ်။ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားတော်တော်များများ ဟာမင်သက်လျ်က် နေရာမှာပင် အသက်ပျောက်ခဲ့ရပါတယ်။ကျောင်းသား သမဂ္ဂ အဆောက်အဦး အားဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီ ခန့်မှာ ဖောက်ခွဲလိုက်ပါတယ်။ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယို မှ အသံလွှင့်သောအခါ'ဗိုလ်ချုပ်နေဝင်းက "ဓားကို ဓားခြင်း လှံကိုလှံခြင်းရင်ဆိုင်ရန်သာရှိတော့ကြောင်း" ထပ်မံ စိန်ခေါ်ခဲ့ပါတယ်။ [1][2] ဗိုလ်ချုပ်နေဝင်း ဦးစီးတဲ့ တော်လှန်ရေး ကောင်စီ စစ်အစိုးရ လက်ထက် အတွင်း ကိုကိုးကျွန်း အထိ ပို့ပြီး နှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေထဲမှာ အနယ်နယ် အရပ်ရပ်က ဗကသ ဝင် ကျောင်းသား တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ အမြောက်အများ ပါဝင် ခဲ့ပါတယ်။

ရှစ်လေးလုံး အတွင်း ဗကသ

၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး) အရေးတော်ပုံမှာ ရန်ကုန်မြို့တွင် ကျောင်းသားများက ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဦးတင်မောင်ဝင်း(ခရမ်း မြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြုပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) ၊ ဆေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌဟောင်း ဒေါက်တာ သန်းငြိမ်း(ကျောက်တန်း မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဥက္ကဋ္ဌ) ၊ ဦးတင်အေး (မြို့မ) နှင့် ဦးရဲထွန်း စသော ကျောင်းသားဟောင်းကြီးများ ၊ မင်းကိုနိုင်ကိုကိုကြီးမိုးသီးဇွန် စသော ဗကသ ကျောင်းသားခေါင်းဆောင်များ ဦးဆောင် ပါဝင်ခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ကာလအတွင်း ၁၉၈၈၊ ဩဂုတ်လ-၂၈ ရက်နေ့မှာ ကျောင်းသား သမဂ္ဂကြီး တည်ရှိခဲ့ဖူးရာ ရန်ကုန်တက္ကသိုလ် မြက်ခင်းပြင် ကွက်လပ်နေရာမှာ “ဗကသ" (ယာယီ) ကို ဂုဏ်ပြောင်ပြောင် ပြန်လည် ဖွဲ့စည်းခဲ့ကြပါတယ်။ အရေးတော်ပုံကြီး အတွင်း ကျောင်းသားထု ထောင်ပေါင်း များစွာရဲ့ ရှေ့မှောက်မှာ တရားဝင် ပြန်လည်ဖွဲ့စည်းခဲ့ကြတဲ့ ဗကသ (ယာယီ) ရဲ့ ဥက္ကဋ္ဌ အဖြစ်ကတော့ “မင်းကိုနိုင်" ဖြစ်ပြီး၊ အထွေထွေ အတွင်းရေးမှူး အဖြစ် “မိုးသီးဇွန်" ဖြစ်ခဲ့ပါတယ်။ ဒု-ဥက္ကဋ္ဌ တွေကတော့ ကိုကိုကြီးနဲ့ အောင်ဒင် တို့ဖြစ်ကြပါတယ်။ ကျောင်းသား ကန့်ကွက်ဆန္ဒပြပွဲများမှာတစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့ပါတယ်။ သိန်းပေါင်းများစွာသော သံဃာတော်များ၊ ကလေးငယ်များ၊ တက္ကသိုလ်ကျောင်းသားများ၊ အိမ်ရှင်မများနှင့် ဆရာဝန်များမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ ဦးနေဝင်း (ဗိုလ်ချုပ်နေဝင်း)က "နောင်ကို လူစုလူဝေး နဲ့ ဆူဆူပူပူ လုပ်လို့ ရှိရင် တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ခြောက်တာမပါဘူး” “တပ်ကိုသုံးလို့ ရှိရင်တော့ ဆူတဲ့သူတွေ မသက်သာဘူး ဆိုတာ မှတ်ပေတော့"ဟု မြန်မာ့အသံ ရေဒီယို နှင့် တယ်လီဗေးရှင်း မှ အသံထုတ်လွှင့် ညွှန်ကြားခဲ့ရာ ၎င်းသည် စစ်တပ်ကို ဆန္ဒပြသူလူထုထဲသို့ တည့်တည့်ပစ်ရန် အမိန့်ပေးညွှန်ကြားသည့် အဓိပ္ပါယ်ပင် ဖြစ်ပါတယ်။[3][1][4]စစ်တပ်မှလည်း မြန်မာနိုင်ငံတဝှမ်းလုံးရှိ မြို့များမှာ ဆန္ဒပြသူများကို အတားအဆီးမဲ့စွာ ပစ်ခတ်ခဲ့ပါတယ်။ အရေးအခင်းသည်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့' က သွေးချောင်းစီးစေခဲ့သော စစ်တပ်မှ အာဏာသိမ်းယူမှုအပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ဤအရေးအခင်းအတွင်း စစ်တပ်ကြောင့် စက်တင်ဘာလကုန်မှာ ဆန္ဒပြသူ ၃,၀၀၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ဦးရေ အတိအကျကိုမူ ယခုအချိန်အထိ မသိရပါ။


တရားဝင် ရပ်တည်ဖွဲ့စည်းခွင့် မရသေးတဲ့ "ဗကသ" အဖွဲ့ကြီးဟာ ယခုအချိန်ထိ မြေအောက်တပိုင်း အဖွဲ့အစည်း အဖြစ် လက်ဆင့် ကမ်းသယ်ဆောင်ကြရင်း ဆက်လက်ရှင်သန်တည်ရှိနေခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပအထိ ရောက်ရှိ သွားကြရတဲ့ ကျောင်းသားတွေရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် ပြည်ပအထိ “ဗကသ" အဖွဲ့ချုပ် ဆိုတဲ့ သမိုင်းဝင် အမည်နာမဟာ ဆက်လက်ရှင်သန်တည်ရှိနေနိုင်ခဲ့ပါတယ်။

အဖွဲ့ချုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖြစ် ထင်ရှားခဲ့တဲ့အဖွဲ့အစည်းကြီးကို ၁၉၅၁ နောက်ပိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ၁၉၃၆ ခုနှစ်ကတည်းက စတင် ပေါ်ထွန်းခဲ့တဲ့ ဗကသ အဖွဲ့ချုပ်ကြီးဟာ ဗမာပြည်နိုင်ငံရေး လှုပ်ရှားသမိုင်းမှာ အစဉ်တစိုက် အရေးပါခဲ့တဲ့ အဖွဲ့အစည်း ကြီး ဖြစ်သလို လက်ဆင့်ကမ်း သယ်ဆောင်လှုပ်ရှား ခဲ့ကြခြင်းအားဖြင့် အဆက်မပြတ် ဆက်လက် ရှင်သန် နေရင်း ထူးခြားစွာ ရပ်တည် တည်ရှိနေနိုင်ခဲ့တဲ့ သံမဏိအရှည်ဆုံး အဖွဲ့အစည်းကြီးတခု ဖြစ်သည်။

လက်ပံတန်းအကြမ်းဖက်မှု

စတုတ္ထ ကျောင်းသားသပိတ်ကို ၂၀၁၄ခုနှစ်တွင်စတင်သပိတ်မှောက်ခဲ့ပြီး ၂၀၁၅ ဇန်နဝါရီလ တွင် ဒီမိုကရေပညာရေးသပိတ်စစ်ကြောင်း မန္တလေး-ရန်ကုန် ခရီးရှည်ချီတက်ပွဲ ကာ လက်ပံတန်းသို့ ဖေဖေါ်ဝါရီလယ်ပိုင်းလောက်ရောက်ရှိပြီး မတ်လ ၁ရက်နေ့၌ လက်ပံတန်းမှရန်ကုန်သို့ ဆက်လက်ချီတက်နေစဉ် အစိုးရဘက်မှ လုံခြုံရေး အင်အား အလွန်အကျွံသုံးကာ မတ်လ၁၀ နေ့တွင် သပိတ်ကိုဖြိုခွဲ၍ ကျောင်းသားအချို့ဖမ်းဆီးခံခဲ့ရသည်။

ဗကသ ဥက္ကဋ္ဌများ

ဗကသ ဥက္ကဋ္ဌစာရင်း (၁၉၃၆-၁၉၅၉)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ဌာနချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။

တာဝန်ထမ်းဆောင်နှစ်အမည်မှတ်ချက်
၁၉၃၆-၃၇ဦးရာရှစ်၁၉၃၆-၃၇ တကသ ဥက္ကဋ္ဌ၊ စက်မှုလက်မှု သတ္တုတွင်းနှင့် အလုပ်သမားဝန်ကြီး၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ထိုနှစ်က ဗကသ ဒုတိယ ဥက္ကဋ္ဌမှာ
ဦးအောင်ဆန်းဖြစ်သည်။ ဦးကျော်ငြိမ်း (နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်) သည် အမှုဆောင်ဖြစ်သည်။
၁၉၃၇-၃၉ဦးအောင်ဆန်း၁၉၃၈-၃၉ တကသ ဥက္ကဋ္ဌ၊ အမျိုးသား ခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး၊ ဖဆပလအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌ၊
ထိုနှစ်က ဗကသ ဒုတိယ ဥက္ကဋ္ဌမှာ ဒေါက်တာ လှရွှေ (အာဏာရှင် လှရွှေ) ဖြစ်သည်။ ဦးလှရွှေသည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ (သခင်လှဖေ)
ညီအရင်းဖြစ်သည်။ ထိုနှစ်က ဗကသ အထွေထွေအတွင်းရေးမှူးမှာ ဦးဗဆွေ (နိုင်ငံတော်ဝန်ကြီးချုပ်) ဖြစ်သည်။
၁၉၃၉-၄၀ဦးဗဟိန်း၁၉၃၈-၃၉ တကသ ဥက္ကဋ္ဌ၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွင် ကွန်မြူနစ် ပါတီဝင်၊ ဖဆပလအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်၊
၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ၁၃၀ဝ ပြည့်အရေးတော်ပုံနှင့်
၁၉၃၈ ကျောင်းသားသပိတ်ကာလတွင် (ကိုဗဟိန်း-ကိုဗဆွေ) ပူးတွဲထင်ရှားခဲ့သော ကျောင်းသားခေါင်းဆောင်ဖြစ်သည်။ ထိုနှစ်က
ဗကသ အထွေထွေအတွင်းရေးမှူးမှာ ဦးဗဆွေ (နိုင်ငံတော်ဝန်ကြီးချုပ်) ဖြစ်သည်။
၁၉၄၀-၄၁ဦးလှမောင်၁၉၄၁-၄၂ တကသ ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
၁၉၄၅-၄၆ဦးသန်း၁၉၄၅-၄၆ တကသ ဥက္ကဋ္ဌ
၁၉၄၆-၄၇ဒေါက်တာသန်းထွန်းရကသ ဥက္ကဋ္ဌ၊ သမိုင်းပါမောက္ခ၊ သမိုင်းပညာရှင်၊ ဗကသ ဥက္ကဋ္ဌနေရာအတွက် ဒေါက်တာသန်းထွန်းနှင့် ဦးသန်းတို့သည် မဲအရေအတွက်
တူနေချိန်တွင် ၁၉၄၆-၄၇ တကသ ဒုတိယ ဥက္ကဋ္ဌ (ဗကသ ညီလာခံ သဘာပတိ) ၁၉၄၆-၄၈ ဗကသ ဒုတိယဥက္ကဋ္ဌ နှင့် ရကသ ဥက္ကဋ္ဌဟောင်းဖြစ်သူ
မြို့မ-ဦးသန်းကြွယ်၏ casting vote ၁ မဲ ဖြင့် ဒေါက်တာသန်းထွန်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။[5]
၁၉၄၇သူရိယဦးသန်းမောင်မန္တလေးသူရိယသတင်းစာအယ်ဒီတာချုပ်၊ ၁၉၄၆-၄၇ တကသ ဥက္ကဋ္ဌ၊ ထိုနှစ်က ဗကသ နှင့် တကသ ဒုတိယ ဥက္ကဋ္ဌမှာ မြို့မ-ဦးသန်းကြွယ် ဖြစ်သည်။
၁၉၄၇-၄၈ဦးထွန်းညွန့်
၁၉၄၈မြို့မ-ဦးသန်းကြွယ်
(ပင်လုံစာချုပ်)
၁၉၄၆-၄၇ တကသ ဒုတိယ ဥက္ကဋ္ဌ၊ ၁၉၄၆-၄၈ ဗကသ ဒုတိယ ဥက္ကဋ္ဌ၊ ၁၉၄၆-၄၈ ရကသ ဥက္ကဋ္ဌ၊ မြို့မကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ၊
နိုင်ငံတော်စီးပွားကုန်သွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဖဆပလအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်
၁၉၄၈-၄၉ဦးသန်းတကသ ဥက္ကဋ္ဌ၊ ၁၉၄၅-၄၆ တကသ ဥက္ကဋ္ဌ ဦးသန်းနှင့် တစ်ဦးတည်းပင်ဖြစ်သည်။
၁၉၄၉-၅၀ဦးတင်ရွှေ
၁၉၅၀-၅၁ဦးအောင်သန်း
၁၉၅၁-၅၂ဦးစိန်ဘန်းတကသ ဥက္ကဋ္ဌ၊ နိုင်ငံတော်စိုက်ပျိုးရေးဘဏ် (ရုံးချုပ်) မန်နေဂျာ (၁၉၅၁-၅၂ ခုနှစ်တွင် ဗကသအမှုဆောင်အဖွဲ့ (၂) ဖွဲ့ ဖြစ်သွားသည်။)၊
ဗကသ (သန့်ရှင်း) ဥက္ကဋ္ဌ
၁၉၅၁-၅၂ဦးလှဝင်းအဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး
၁၉၅၂-၅၃ဦးဝင်းဖေဗကသ (သန့်ရှင်း) ဥက္ကဋ္ဌ၊ ၁၉၅၂-၅၃ ခုနှစ်တွင် ဗကသအမှုဆောင်အဖွဲ့ (၃) ဖွဲ့ ဖြစ်သွားသည်။
၁၉၅၂-၅၃ဦးကိုကိုကြီးတကသ ဥက္ကဋ္ဌ၊ ဗကသ (ကိုကိုကြီး-ကိုကိုလေးအဖွဲ့) ဥက္ကဋ္ဌ
၁၉၅၂-၅၃ဦးသိန်းအောင်
၁၉၅၃-၅၄ဦးခင်ကျော်
၁၉၅၄-၅၅ဦးကြည်ညွန့်ဗကသ (ဒီအက်စ်အို) ဥက္ကဋ္ဌ
၁၉၅၄-၅၆ဦးခင်မောင်အုန်းတကသ ဥက္ကဋ္ဌ
၁၉၅၅-၅၆ဦးခင်မောင်နွယ်ဗကသ (ဒီအက်စ်အို - Democratic Students Organization) ဥက္ကဋ္ဌ
၁၉၅၆-၆၀ဦးဇော်ဝင်း
၁၉၅၈-၅၉ဦးဘိုးသာဘေးဗိုလ်ချုပ်ကြီးနေဝင်းအိမ်စောင့်အစိုးရလက်ထက်တွင် ဖမ်းဆီးခြင်းခံရသည်။

[6]

မှတ်ချက် - ၁၉၆၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ ဗကသများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌမှာ ဦးခင်မောင်အုန်းဖြစ်ပြီး ဦးခင်မောင်အုန်းကို ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေးကောင်စီ အာဏာသိမ်းကြေငြာချက်ကြောင့် ဥက္ကဋ္ဌနေရာမှ ဖယ်ရှားကာ ဒုတိယဥက္ကဋ္ဌ ဦးသက်မှာ ဥက္ကဋ္ဌဖြစ်လာသည်။

၁၉၈၈ကာလ မှ ယနေ့ခေတ်

  • ( ၁၉၈၈ ) ကိုမင်းကိုနိုင် ရန်ကုန်တက္ကသိုလ် တကသ ရင်ပြင်နီတွင် ကျင်းပသော ဗကသ တရားဝင် ဖြစ်မြောက်ရေးညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ထိုနှစ် ဗကသ အထွေထွေအတွင်းရေးမှူးမှာ ကိုမိုးသီးဇွန် ဖြစ်သည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ကျောင်းသားတပ်မတော် ABSDF တည်ထောင်သူ တဦး ဖြစ်ပြီး ၈၈၈၈ လူထုဒီမိုကရေစီအရေးတော်ပုံကာလတွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ဖြစ်သည်။ ကိုသန့်ဇင် အထက်ဗမာပြည် ဗကသ ဥက္ကဋ္ဌ ၁၉၈၉ ဗကသ အထက်ဗမာပြည် ညီလာခံတွင် ရွေးချယ်တင်မြှောက်ခံရသည်။ " ၁၉၈၈ ရန်ကုန်တက္ကသိုလ် တကသ ရင်ပြင်နီ နှင့် ၁၉၈၉ ဗကသ အထက်ဗမာပြည် နှစ်ခုလုံးကို ဗကသများအဖွဲ့ချုပ်၏ သတ္တမအကြိမ်မြောက် ညီလာခံအဖြစ် သတ်မှတ်သည်။ "
  • ( ၂၀၀၇ ) ကိုကျော်ကိုကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင် တဦး ဖြစ်ပြီး ဗကသ ပြန်လည် ပေါ်ပေါက်ရေးတွင် ထင်ရှားစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
  • ( ၂၀၁၂ - ၁၆ ) ကိုကျော်ကိုကို ကျောင်းသားခေါင်းဆောင်များ ထောင်မှ ပြန်လည်လွတ်မြောက်ပြီးနောက် ဗကသများအဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက် ဗကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ကျောင်းသားသမဂ္ဂများ ပြန်လည် ပေါ်ပေါက်လာရေးတွင် အားထုတ် ကြိုးပမ်းခဲ့သော ထင်ရှားသော ဗကသခေါင်းဆောင်များ ဖြစ်သည်။
  • ( ၂၀၁၆ - ၁၉ ) အတွင်းရေးမှူးအဖွဲ့၊ ဗဟိုလုပ်ငန်းကော်မတီ (၁) ကိုရဲရင့်ပိုင်မှူး (၂) ကိုအောင်ထက်အောင် (၃) ကိုမင်းထက်စိုး (၄) ကိုမျိုးကို (၅) ကိုသန့်ညီညီဝင်း (၆) ကိုကောင်းထက်ကျော် (၇) မရွှေရည်စိုးလင်း ၂၀၁၆ ကျောင်းသားထု ညီလာခံအကြိုအစည်းအဝေး ( ဘားအံ ) တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ဗကသ ခေါင်းဆောင်မှုအစုအဖွဲ့ ဖြစ်သည်။
  • ( ၂၀၁၉ - ယနေ့အထိ ) ကိုသန့်ညီညီဝင်း အခက်အခဲ အတိုက်အခိုက်များကြားမှ မြင်းခြံမြို့ ဂျုပ္ပင်ရွာဦးကျောင်းတွင် ခေါ်ယူကျင်းပခဲ့သော ဗကသများအဖွဲ့ချုပ် ၈ ကြိမ်မြောက် ညီလာခံတွင် ရွေးချယ်တင်မြှောက်ခံရသည်။ ယနေ့အထိ ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်ကျော်ဖြတ်နေရင်း ညီလာခံမှ ရွေးကောက်တင်မြှောက်သော ဗဟိုအမှုဆောင်အဖွဲ့မှ ဗကသတာဝန်များကို ဆက်လက် ထမ်းဆောင်လျက်ရှိသည်။

အခြားကြည့်ရန်

ကိုးကား

  1. http://my.efactory.pl/%E1%80%86%E1%80%B2%E1%80%97%E1%80%84%E1%80%BA%E1%80%B8%E1%80%82%E1%80%BB%E1%80%B0%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA_%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8_%E1%80%A1%E1%80%9B%E1%80%B1%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%AF%E1%80%B6%5Bလင့်ခ်သေ%5D
  2. http://burmese.assknetwork.org/knowledge-centre/letter/245-2011-07-08-00-48-28.html%5Bလင့်ခ်သေ%5D
  3. http://burmese.assknetwork.org/component/content/frontpage/frontpage.html?start=160%5Bလင့်ခ်သေ%5D
  4. Dictator Ne Win threatening speech to the people in 1988.mpeg - YouTube
  5. ဒေါက်တာသန်းထွန်း (မေ ၂၀ဝ၁)။ ငါပြောသမျှငါ့အကြောင်း (ပထမအကြိမ် ed.)။ ဦးကျော်ဆန်း (ရဲအောင်စာပေတိုက်)။ p. စာမျက်နှာ ၁၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  6. တင်နိုင်တိုး (စက်တင်ဘာ ၂၀၁၂)။ မြန်မာနိုင်ငံကျောင်းသားသမဂ္ဂများသမိုင်း (၁၉၃၀ - ၁၉၆၂) (ပထမအကြိမ် ed.)။ တကောင်းစာအုပ်တိုက်။ p. စာမျက်နှာ ၉၉-၁၁၁။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.