မင်းကိုနိုင်

မင်းကိုနိုင်၏ အမည်အရင်းမှာ ပေါ်ဦးထွန်းဖြစ်ပြီး ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ၁၉၈၈ ခုနှစ်ဝန်းကျင်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

မင်းကိုနိုင်
၂၀၀၇ခုနှစ်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံ
မွေးဖွားပေါ်ထွန်းဦး
(1962-10-18) ၁၈ အောက်တိုဘာ၊ ၁၉၆၂
မုဒုံမြို့မွန်ပြည်နယ်
ပညာရေးရန်ကုန်တက္ကသိုလ်၊ တတိယနှစ် သတ္တဗေဒအထူးပြု[1]
အဖွဲ့အစည်းဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
၈၈ မျိုးဆက် ကျောင်းသားများ
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
နိုင်ငံရေး လှုပ်ရှားမှုရှစ်လေးလုံး အရေးအခင်း
မိဘ(များ)ဦးသက်ညွန့်၊ ဒေါ်လှကြည်[1]
ရရှိသည့်ဆုများGwangju Prize for Human Rights (၂၀၀၉)
Civil Courage Prize (၂၀၀၅)
John Humphrey Freedom Award (၁၉၉၉)
National Order of Merit (၂၀၁၅)[2]
လက်မှတ်

သမိုင်းကြောင်း

မင်းကိုနိုင်ကို ရန်ကုန်မြို့တွင် မွေးဖွားပြီး သူသည် ဦးသက်ညွန့် နှင့် ဒေါ်လှကြည်တို့၏ တတိယမြောက်သားဖြစ်သည်။ သူ၏မိဘများမှာ မွန်ပြည်နယ်(မုဒုံမြို့) မှ ဖြစ်ပြီး မွန်နှင့်တရုတ်စပ်သော လူမျိုးများဖြစ်သည်။ သူသည် သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ သူသည် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ABFSU)၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

အစောပိုင်းကျောင်းတက်နေစဉ်နှစ်များ

မင်းကိုနိုင်သည် ၁၉၈၀ ခုနှစ်လွန်နှစ်များအတွင်း ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သတ္တဗေဒ အထူးပြုဖြင့် ပညာသင်ကြားနေခိုက်တွင် နိုင်ငံရေးကို စတင်စိတ်ဝင်စားလာခဲ့သည်။ သူသည် အနုပညာအသင်း၏ တက်ကြွသော အသင်းဝင်တစ်ယောက်ဖြစ်ပြီး စာဖတ်ခြင်း၊ ကဗျာရေးခြင်းနှင့် ကာတွန်းဆွဲခြင်း (အထူးသဖြင့် သရော်စာကာတွန်းများ) တို့တွင် မွေ့လျော်နေခဲ့သည်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ရှိခဲ့ရာ မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ချိန်မှာ ဥက္ကဋ္ဌအဖြစ် မင်းကိုနိုင်ကို ကျောင်းသားထုက ရွေးချယ်ခဲ့ကြပါသည်။

၈ လေးလုံး လူထုလှုပ်ရှားမှုတွင် ထိပ်တန်းမှ ဦးဆောင်သူတဦးအဖြစ် လုပ်ဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၌ ထိုအချိန် စစ်အစိုးရက ဖမ်းဆီး အကျဉ်းချခဲ့သည်။

ပြန်လွတ်လာ

၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ဦး လွှတ်ရာတွင် လွတ်မြောက်ခဲ့သည်။ ပြန်လွတ်လာခဲ့ပြီးနောက် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ဆက်လုပ်ခဲ့သည်။ ထိုကာလအတွင်း နောက်ကြည့်မှန် ဟူသော ဝတ္ထုရှည်တစ်ပုဒ်ကိုလည်း ရေးသားခဲ့သည်။ ၈ လေးလုံး လှုပ်ရှားမှုကို နောက်ခံထားပြီး ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော လူငယ် ကျောင်းသားတယောက်အကြောင်းကို ရေးဖွဲ့ထားသော ဝတ္ထုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ သူ့၏ ၄၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။


ရရှိခဲ့သော ဆုတံဆိပ်များ

မင်းကိုနိုင်ကို ၁၉၉၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့ ပူးတွဲပြီး ကနေဒါနိုင်ငံက John Humphrey လွတ်မြောက်ရေးဆု၊ ၂၀၀၀ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ၊ People in Need Foundation က Homo Homini ဆု၊ ၂၀၀၁ ခုနှစ်မှာ နော်ဝေးနိုင်ငံက ကျောင်းသားငြိမ်းချမ်းရေးဆု၊ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ Train Foundation က လူမှုရဲစွမ်းသတ္တိဆု၊ ၂၀၀၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံက ဂွမ်ဂျူး လူ့အခွင့်အရေးဆုတို့ကို ချီးမြှင့်ခံခဲ့ရသည်။

ကိုးကား

  1. Political Prisoner Profile - Min Ko Naing Assistance Association for Political Prisoners (Burma) (20 June 2011)။ 11 March 2012 တွင် ပြန်စစ်ပြီး။
  2. "မင်းကိုနိုင် ပြင်သစ် National Order of Merit ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ"၊ July 1, 2015။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.