ဘလိဇ်နိုင်ငံ

ဘလိဇ်နိုင်ငံ (အင်္ဂလိပ်လို=Belize၊ ယခင်အခေါ်=ဘီလစ်ဇ်) သည် ယခင်က ဗြိတိသျှ ဟွန်ဒူးရပ်စ် (British Honduras) ဖြစ်ခဲ့ပြီး ယခုအခါ စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အုပ်ချုပ်သော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ ဗဟိုအမေရိက၏ မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိသည်။ လူမျိုးစုံ၊ ယဉ်ကျေးမှုပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံရှိသည်။ ဘလိဇ်ဘာသာစကား နှင့် စပိန်ဘာသာစကားတို့ကို ပြောဆိုကြသော်လည်း တရားဝင်ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကား ဖြစ်သည်။ ဗဟိုအမေရိကတွင် အင်္ဂလိပ်စာကို ရုံးသုံးအဖြစ် ပြဋ္ဌာန်းထားသော တစ်ခုတည်းသော တိုင်းပြည်ဖြစ်သည်။ မြောက်ဘက်တွင် မက္ကဆီကိုနိုင်ငံ၊ တောင်ဘက်နှင့်အနောက်ဘက်တွင် ဂွာတီမာလာနိုင်ငံ၊ အရှေ့ဘက်တွင် ကရစ်ဘီယံပင်လယ် တို့နှင့် ထိစပ်နေသည်။

ဘလိဇ်
ဘလိဇ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: I Flourish in the Shade
နိုင်ငံတော် သီချင်း: Land of the Free
မြို့တော်
နှင့် အကြီးဆုံးမြို့
ဘလိဇ်မြို့
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်
အမျိုးအစားပါလီမန်စနစ် နှင့် စည်းမျဉ်းခံ ဘုရင်စနစ်
အစိုးရ
 ဘုရင်မ
အဲလိဇဘက် ၂
 ဘုရင်ခံချုပ်
ဆာရ် ကိုဗေးလ် ရန်း
 ဝန်ကြီးချုပ်
ဒင်းန် ဘားရိုး
တည်ထောင်
 လွတ်လပ်ရေး ကြေငြာခြင်း
(ယူကေမှ)
စက်တင်ဘာ ၂၁၊ ၁၉၈၁
ဧရိယာ
 စုစုပေါင်း
၂၂,၉၆၆ km² (၈,၈၆၇ sq mi) (အဆင့်: ၁၅၀)
 ရေထု (%)
၀.၇ %
လူဦးရေ
 ခန့်မှန်း
၃၃၃,၂၀၀
 သိပ်သည်းမှု
၁၅/km² (၃၈/sq mi) (အဆင့် - ၁၉၈)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၂.၈ ဘီလီယံ
 Per capita
US $ ၈,၂၆၃
HDI၀.၆၉၄
အလယ် · ၇၈
ငွေကြေးဘလိဇ်ဒေါ်လာ
တယ်လီဖုန်းကုဒ်+၅၀၁
Internet TLD.bz

၈,၈၆၇ စတုရန်းမိုင် (၂၂၉၆၀စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး လူဦးရေ ၃၃၃,၂၀၀ ခန့်ရှိသည်။ [1] ဗဟိုအမေရိကနိုင်ငံများထဲတွင် လူနေသိပ်သည်းမှုအနည်းဆုံးတိုင်းပြည်ဖြစ်သည်။ အမေရိကတိုင်းပြည်အားလုံးထဲတွင်တွင် ဂိုင်ယားနားနိုင်ငံနှင့် ဆူရီနမ်နိုင်ငံတို့နောက်မှ တတိယမြောက် လူနေသိပ်သည်းမှု အနည်းဆုံး တိုင်းပြည်ဖြစ်သည်။ [2] လူဦးရေတိုးပွားနှုန်းမှာ ၂၀၀၈ခုနှစ်ခန့်မှန်းစာရင်းအရ ၂.၂၁% ရှိသည်။ အနောက်ကမ္ဘာခြမ်းတွင် လူဦးရေတိုးပွားနှုန်း အများဆုံးတိုင်ပြည်ဖြစ်သည်။ ကုန်းနေရေနေသတ္တဝါများပေါများခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမျိုးကွဲများ ပေါများခြင်းကြောင့် Mesoamerican Biological Corridor အဖြစ် ထင်ရှားသည်။ [3]

ဗြိတိသျှကိုလိုနီခေတ်က အမွေအနှစ်များကြောင့် ယဉ်ကျေးမှုအရလည်း ဒေသတွင်းတွင် တစ်မူထူးခြားသောတိုင်းပြည်ဖြစ်သည်။ ကရစ်ဘီယံဒေသ၏ အနောက်ပိုင်းဖြစ်သောကြောင့်လည်း ကရစ်ဘီယံဒေသတွင်းရှိ အခြားနိုင်ငံများ၏ ယဉ်ကျေးမှုများလည်း ရောယှက်နေသည်။ ယေဘုယျအားဖြင့် ဘလိဇ်သည် ကရစ်ဘီယံနှင့် လက်တင်အမေရိကယဉ်ကျေးမှုများကို ဆက်စပ်ပေါင်းကူးပေးရာ ဗဟိုအမေရိက နိုင်ငံတစ်ခုဖြစ်သည်။

ဝေါဟာရရင်းမြစ်

  1. Infolink Production Center (2007-04-01)။ Statistical Institute of Belize Statisticsbelize.org.bz။ 2010-08-29 တွင် ပြန်စစ်ပြီး။
  2. World Population Prospects: The 2008 Revision Population Database Esa.un.org (2009-03-11)။ 19 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-29 တွင် ပြန်စစ်ပြီး။
  3. http://biological-diversity.info/Downloads/Ecosystem%20Mapping.zip
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.