မဏိရတနာဆံတော်ရှင်စေတီတော်

မဏိရတနာ ဇီးဖြူကုန်း ဆံတော်ရှင် စေတီတော်မြတ် သည် ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ခလယ် နှင့် တံခွန်တိုင်စပ်ကြား ဇီးဖြူကုန်းမည်ခေါ် ကုန်းထက်ပေါ်တွင် တည်ရှိပါသည်။[1]

မဏိရတနာဆံတော်ရှင်စေတီတော်
မြန်မာနိုင်ငံတွင်း တည်နေရာ
အချက်အလက်များ
ကိုဩဒိနိတ်16°04′29.2″N 97°54′00.1″E
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ

သမိုင်းကြောင်း

မွန်ဘာသာဖြင့် ကျာ်ဂလွီ ဟုခေါ်ပြီး ဒေသခံများလည်း ကၠံင်တံင်တြိ (ကလွန် တူတလွီ့) ဟုလည်း ခေါ်ကြသည်။ ထို့ပြင် တောင်ကုန်း မို့မို့၌ ပေါက်ရောက်လျက်ရှိသော ဇီးဖြူသီးပင်များကို အစွဲပြု၍ ကရင်ဘာသာဖြင့် ခေါဟ်လံင်လာအွာ ကၠံင် (ခွတ်လွန်လာဝှါ ကလွန်) ခေါ်ကြပါသည်။ ( ခေါဟ်လံင်လာအွာ = ဇီးဖြူကုန်း ၊ ကၠံင် = စေတီ)

မဟာ သက္ကရာဇ် (၁၁၁) ခုနှစ် ဂေါတမ မြတ်စွာဘုရားသခင် ဝါတော် (၈)ဝါတွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ကြွလာစဉ် စန္ဒအမည်ရသော ရသေ့ဖြူမှ ဆံတော် ငါးဆူကို တောင်းခံရရှိတော်မူသည်။ ထို ဆံတော် ငါးဆူ အနက်မှ တစ်ဆူကို ဇီးဖြူကုန်း စေတီ၌ ဌာပနာ ထည့်သွင်းကာ တည်ထားကိုးကွယ်ထားသည်။

ကိုးကား

  1. မာန်နာဲသော(ဝင်းရော်) ၏ စာမူများမှ ကောက်နူတ် မှီငြမ်းထားပါသည်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.