မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်္ဂလိပ်: Mandalay City Development Committee; အတိုကောက် MCDC) သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့၏ အုပ်ချုပ်ရေးအဖွဲ့အစည်း ဖြစ်သည်။[1] မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် မြို့တော်စီမံကိန်းများ၊ မြေနေရာ စီမံခြင်း၊ အခွန်ကောက်ခံခြင်းနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်သည်။[1] စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌသည် မြို့တော်ဝန်အဖြစ် တာဝန်ယူသကဲ့သို့ ၂၀၁၁မှ ၂၀၂၁အတွင်း အစိုးရအဖွဲ့များတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စည်ပင်သာယာရေးဝန်ကြီးအဖြစ်ပါ ဆောင်ရွက်သည်။[1][2]လက်ရှိမြို့​တော်ဝန်မှာ ဦး​ကျော်ဆန်းဖြစ်သည်။

Mandalay City Development Committee
မန္တလေးမြို့အစိုးရအဖွဲ့အစည်း
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရုံးအဆောက်အအုံ
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်ဒီဇင်ဘာ ၂၉၊ ၁၉၉၂ (၁၉၉၂-၁၂-29)
ဌာနချုပ်မန္တလေးမြို့တော်ခန်းမ၊ ၂၆ဘီလမ်းနှင့် ၂၇လမ်းကြား၊ ၇၁လမ်းနှင့် ၇၂လမ်းကြား
ဌာနအကြီးအမှူးများဦး​ကျော်ဆန်း၊ ဥက္ကဋ္ဌ

သမိုင်းကြောင်း

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို ၁၉၉၂ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ဥပဒေအမှတ် ၁၀/၉၂ဖြင့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးသန်းရွှေက လက်မှတ်ရေးထိုးထုတ်ပြန်သော မန္တလေးမြို့ စည်ပင်သာယာရေး ဥပဒေအရ စတင်ဖွဲ့စည်းခဲ့သည်။[3]ဥပဒေထုတ်ပြန်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးထွန်းကြည်မှ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ရုပ်သိမ်းပြီး ၂၀၀၂ ခုနှစ် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် အစားထိုးခဲ့သည်။[4] အဖွဲ့ဝင် ၅ ဦးမှ ၉ ဦးအထိ ပါဝင်ပြီး ဥက္ကဋ္ဌက မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌက ဒုတိယမြို့တော်ဝန်အဖြစ်လည်းကောင်း တာဝန်ယူသည်။[4]​ကော်မတီဝင်များကို ဗဟိုဦးစီးစနစ်ဖြင့် တိုက်ရိုက်ခန့်အပ်သည်။

၂၀၁၅ခုနှစ်မှစတင်ကာ မြို့​တော်စည်ပင် နယ်နိမိတ် (၆)မြို့နယ်တွင် ​ရွေး​ကောက်ပွဲများ ကျင်းပကာ ​ကော်မတီဝင်များ တင်​မြောက်ခဲ့ကြသည်။​ကော်မတီတစ်ခု၏ သက်တမ်းမှာ ၎င်းကိုခန့်အပ်သည့် ​အစိုးရ၏ သက်တမ်းအတိုင်းဖြစ်သည်။[5]

ဌာနများ

  1. စီမံရေးရာဌာန
  2. မော်တော်ယဉ်နှင့် စက်ပြင်ဌာန
  3. ဈေးနှင့် သားသတ်ရုံဌာန
  4. ဘဏ္ဍာရေးဌာန
  5. အခွန်ဌာန
  6. သန့်ရှင်းရေးဌာန
  7. ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန
  8. အဆောက်အဦနှင့် ဗဟိုစတိုဌာန
  9. လမ်းတံတားဌာန
  10. ရေနှင့်သန့်ရှင်းမှု ဌာန
  11. မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
  12. ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန
  13. စစ်ဆေးရေးဌာန
  14. စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. The State of Local Governance: Trends in Mandalay။ United Nations Development Programme။ December 2014။
  2. Si Thu Lwin။ "Mandalay Region Cabinet Approved"၊ Myanmar Times၊ 6 April 2016 6 April 2016 တွင် ပြန်စစ်ပြီး
  3. THE CITY OF MANDALAY DEVELOPMENT LAW (1992) State Law and Order Restoration Council Law (29 December 1992)။ 27 June 2015 တွင် ပြန်စစ်ပြီး။
  4. City of Mandalay Development Law (2002) State Peace and Development Council (14 November 2002)။ 27 June 2015 တွင် ပြန်စစ်ပြီး။
  5. မန္တလေးမြို့တော်စည်ပင် ဒုမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များကို တာဝန်မှ ရပ်ဆိုင် (၂၀၁၆)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.